iPhone 17 Pro Max ကို ဝန်ထမ်းအားလုံးကို လက်ဆောင်ပေးတဲ့ တရုတ်ကုမ္ပဏီ CEO

iPhone 17 Pro Max ကို ဝန်ထမ်းအားလုံးကို လက်ဆောင်ပေးတဲ့ တရုတ်ကုမ္ပဏီ CEO

Apple ရဲ့ နောက်ဆုံးပေါ် iPhone 17 အသစ်တွေ ထွက်ရှိလာတာနဲ့အမျှ တစ်ကမ္ဘာလုံးက လူတွေ ဘယ်လိုဝယ်ယူရမလဲ စဥ်းစားနေချိန်မှာ၊ တရုတ်မီဒီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ Mediastorm ရဲ့ ဝန်ထမ်းတွေကတော့ CEO ရဲ့ ရက်ရောတဲ့ လက်ဆောင်ကြောင့် ပျော်ရွှင်နေကြပါတယ်။

Mediastorm ရဲ့ CEO ဖြစ်သူ Tim Pan ဟာ ကုမ္ပဏီဝန်ထမ်း “အားလုံးကို” အမြင့်ဆုံးမော်ဒယ်ဖြစ်တဲ့ iPhone 17 Pro Max တစ်လုံးစီ လက်ဆောင်ပေးမယ်လို့ ကြေညာခဲ့တာပါ။ ကယ်လီဖိုးနီးယားက Apple မိတ်ဆက်ပွဲကို တိုက်ရိုက်တက်ရောက်နေတဲ့ ဝန်ထမ်းတစ်ဦးက ဒီသတင်းကို ကြားပြီး “ဒီနှစ်အတွက် အကောင်းဆုံးသတင်းပဲ” လို့ လူမှုကွန်ရက်မှာ ချက်ချင်းတင်ခဲ့ပြီး သူ့သူဌေးကို “ကမ္ဘာပေါ်မှာ တကယ်ပဲ အကောင်းဆုံး” လို့ ချီးကျူးခဲ့ပါတယ်။

ဒီ gift ပေးတဲ့အစီအစဉ်ရဲ့ အထူးခြားဆုံးအချက်ကတော့ ရှိနှင့်ပြီးသား ဝန်ထမ်းအားလုံးကိုသာမကဘဲ အလုပ်သင် (Intern) တွေနဲ့ အလုပ်ဝင်တာ မကြာသေးတဲ့ ဝန်ထမ်းသစ်တွေအထိကိုပါ လက်ဆောင်ပေးခဲ့တာပါ။ ဝန်ထမ်းတိုင်းဟာ စင်ကာပူဒေါ်လာ ၁,၉၀၀ နီးပါးတန်တဲ့ iPhone 17 Pro Max တစ်လုံးစီကို ရရှိခဲ့ပြီး ပိုပြီး ရက်ရောတာကတော့ အခွန်အခအားလုံးကိုလည်း ကုမ္ပဏီကပဲ အကုန်ကျခံပေးခဲ့တာ ဖြစ်ပါတယ်။

Mediastorm ဝန်ထမ်းတွေ ဒီလိုကံထူးတာဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒါဟာ Mr. Pan လုပ်နေကျ နှစ်စဥ်အစဉ်အလာတစ်ခု ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း ဝန်ထမ်း ၁၀၀ ခန့်ကို iPhone 16 Pro နဲ့ Apple Watch Series 10 တစ်လုံးစီ လက်ဆောင်ပေးခဲ့ဖူးပါတယ်။


Latest