ကိုရီးယားရဲ့ ယဉ်ကျေးမှုပွဲတော်တွေဟာ ရိုးရာနဲ့ ခေတ်သစ်ယဥ်ကျေးမှုတို့ကို ပေါင်းစပ်ထားတဲ့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ အရင်ရက်ကလည်း ကိုရီးယားက အမိုက်စားပွဲတော်တွေအတွက် လမ်းညွှန်ပေးခဲ့သလို ဒီနေ့မှာလည်း နောက်ထပ်ပွဲတော်တွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဒါကြောင့င့် ဒီပွဲတော်တွေကို ဆင်နွှဲပြီး ကိုရီးယားရဲ့ စည်ကားတဲ့ ယဉ်ကျေးမှုကို ခံစားလိုက်ပါ!
၆။ ဘူဆန် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် (BIFF) – အောက်တိုဘာ
**အနှစ်သာရ:** အာရှမှာ အထင်ရှားဆုံး ရုပ်ရှင်ပွဲတော်တစ်ခုဖြစ်ပြီး ကမ္ဘာ့တဝှမ်းကအပြင် ကိုရီးယားရုပ်ရှင်တွေကို ပြသပါတယ်။
**ထူးခြားချက်များ:**
– နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်တဲ့ Red carpet show
– ရုပ်ရှင်ပြသခြင်း မေးခွန်းမေးဖြေခြင်း
– တက်သစ်စ ဒါရိုက်တာတွေရဲ့ ပြပွဲများ
—
၇။ ဆိုးလ်မီးပုံးပွဲတော် (Seoul Lantern Festival) – နိုဝင်ဘာ
**အနှစ်သာရ:** Cheonggyecheon (청계천) စမ်းချောင်းတလျှောက် လှပတဲ့ မီးပုံးတွေနဲ့ အလှဆင်ထားပါတယ်။
**ထူးခြားချက်များ:**
– လှပတဲ့ မီးပုံးအပြင်အဆင်များ
– မီးပုံးလုပ်တဲ့ workshops များ
– ညဘက်လမ်းလျှောက်ခြင်း
—
၈။ Andong Mask Dance Festival (안동국제탈춤페스티벌) – စက်တင်ဘာ/အောက်တိုဘာ
**အနှစ်သာရ:** ကိုရီးယားရဲ့ ရိုးရာမျက်နှာဖုံးအကတွေကို ခံစားနိုင်တဲ့ ပွဲတော်ဖြစ်ပါတယ်။
**ထူးခြားချက်များ:**
– Talchum (탈춤) အကများ
– နိုင်ငံတကာယဉ်ကျေးမှု ဖလှယ်ပွဲများ
– ကိုယ်တိုင်မျက်နှာဖုံး ပြုလုပ်ခြင်း
—
၉။ (Jeju Fire Festival) – မတ်
**အနှစ်သာရ:** လယ်သမားတွေက ကောင်းမွန်တဲ့ ရာသီဥတုအတွက် မီးရှို့ပူဇော်တဲ့ ပွဲဖြစ်ပါ။
**ထူးခြားချက်များ:**
– မီးအလှပြပွဲများ
– ရိုးရာတူရိယာတွေ ဖျော်ဖြေခြင်း
– ရိုးရာအစားအစာများ
—
၁၀။ K-Pop ဖျော်ဖြေပွဲများ (တစ်နှစ်ပတ်လုံး)
**အနှစ်သာရ:** KCON, MAMA Awards စတဲ့ နာမည်ကြီး K-Pop ဆုပေးပွဲတွေမှာ နာမည်ကျော်အနုပညာရှင်တွေဟာ ပါဝင်ဖျော်ဖြေလေ့ရှိပါ။
**ထူးခြားချက်များ:**
– ထိပ်တန်း K-pop idols တွေရဲ့ ဖျော်ဖြေပွဲများ
– ပရိသတ်တွေနဲ့ တွေ့ဆုံပွဲများ
#korea #traditional #events #myangoal






