ကိုရီးယားယဉ်ကျေးမှုပွဲတော်များ လမ်းညွှန်

ကိုရီးယားနိုင်ငံဟာ ရိုးရာယဉ်ကျေးမှုနဲ့ ခေတ်သစ်ဖျော်ဖြေရေးတို့ကို ပေါင်းစပ်ထားတဲ့ စိတ်ဝင်စားစရာ ပွဲတော်များစွာကို ကျင်းပလေ့ရှိပါတယ်။ ရှေးဟောင်းအမွေအနှစ် ပွဲတော်တွေကနေ K-Pop ဖျော်ဖြေပွဲတွေအထိ တစ်နှစ်ပတ်လုံး စုံလင်စွာ တွေ့နိုင်ပါတယ်။ ကိုရီးယားကို ရောက်ရင်တော့ ပွဲတော်တွေကို ဆင်နွှဲဖို့လည်း မမေ့ပါနဲ့။!  

—  

## **၁။ (Seollal 설날 – Lunar New Year) – ဇန်နဝါရီ/ဖေဖော်ဝါရီ**  

**အနှစ်သာရ:** ကိုရီးယားရဲ့ အရေးအပါဆုံး ရိုးရာပွဲတော်ဖြစ်ပြီး မိသားစု‌တွေ စုဝေးပြီး ဘိုးဘွားတွေကို ကန်တော့ခြင်း၊ tteokguk 떡국 (တော့ပိုကီစွပ်ပြုတ်) စားခြင်းနဲ့ ရိုးရာကစားနည်းတွေကို ကစားလေ့ရှိကြပါတယ်။  

**ထူးခြားချက်များ:**  

– ကိုရီးယားရိုးရာဝတ်စုံ (hanbok 한복) ဝတ်ဆင်ခြင်း  

– (Sebae 세배 – နှစ်သစ်ကူး အရိုအသေပြုခြင်း)  

– ရိုးရာကစားနည်းတွေ (ဥပမာ – Yutnori 윷놀이) နဲ့ ကပြဖျော်ဖြေမှုများ

 ၂။ (Daeboreum 대보름- လပြည့်နေ့ပွဲတော်) – ဖေဖော်ဝါရီ

**အနှစ်သာရ:** လပြည့်နေ့မှာ ကောင်းမွန်တဲ့ ရာသီဥတုနဲ့ ကျန်းမာရေးရရှိစေဖို့အတွက် ရိုးရာပူဇော်ပသတာတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။  

**ထူးခြားချက်များ:**  

– Bureom 부럼 အစေ့အဆန်များ စားခြင်း  

– Daljip 달집 မကောင်းတဲ့ အရာတွေကို နှင်ထုတ်တဲ့ မီးပုံပြုလုပ်ခြင်း  

– Jwibulnori 쥐불놀이 – ကိုရီးယား မီးလှည့်ကစားနည်း)  

၃။ Jinju Lantern Festival – အောက်တိုဘာ 

**အနှစ်သာရ:** ဂျင်ဂျူတိုက်ပွဲရဲ့ သမိုင်းဝင်အချိန်ကို ဂုဏ်ပြုတဲ့ ပွဲဖြစ်ပြီး မီးပုံးတွေနဲ့ လှပတောက်ပစွာ ကျင်းပတာ ဖြစ်ပါတယ်။  

**ထူးခြားချက်များ:**  

– Namgang 남강 မြစ်တစ်လျှောက် မီးပုံးတွေ ပြသထားခြင်း  

– ဆုတောင်းစာ ရေးထားတဲ့ မီးပုံးတွေကို မြစ်ထဲမျှောခြင်း  

– ယဉ်ကျေးမှုအကအလှ ဖျော်ဖြေမှုများ  

  

၄။ Boryeong Mud Festival (보령머드축제) – ဇူလိုင်  

**အနှစ်သာရ:** ရွှံ့နဲ့ပက်သက်တဲ့ ပျော်စရာကစားနည်းများစွာ ပါဝင်ပြီး ဒီရွှံ့တွေဟာ အရေပြားအတွက် ကောင်းမွန်တယ်လို့ ယူဆကြပါ။  

**ထူးခြားချက်များ:**  

– ရွှံ့ထဲမှာ နပန်းသတ်ခြင်း၊ လျှောစီးခြင်း

– K-Pop ဖျော်ဖြေပွဲများ  

– ကမ်းခြေပါတီများ  

—  

၅။ (Chuseok 추석 – Korean Thanksgiving Day) – စက်တင်ဘာ/အောက်တိုဘာ 

**အနှစ်သာရ:** ကောက်ပဲသီးနှံတွေ ရိတ်သိမ်းပြီးချိန်မှာ မိသားစုတွေ စုဝေးပြီး ဘိုးဘွားတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကန်တော့တဲ့ ပွဲဖြစ်ပါတယ်။ 

**ထူးခြားချက်များ:**  

– (charye 차례 – ဘိုးဘွားတွေကို ဂါရဝပြုခြင်း)  

– ရိုးရာသီချင်းတွေနဲ့ ဝိုင်းဖွဲ့ကခုန်ကြတဲ့ ganggangsullae 강강술래 

– ရိုးရာကပြဖျော်ဖြေမှုများ

နောက်ရက်တွေကျရင်လည်း နောက်ထပ်ဒီလိုမျိုး အမိုက်စားပွဲတော်တွေကို ပြောပြပေးမှာမလို့ သိချင်တယ်ဆိုရင်တော့ like & follow လုပ်ထားဖို့ မမေ့ပါနဲ့။

#korea #traditional #events #myangoal


Latest