တစ်ပတ်အတွင်း ဖုန်းအလုံးရေ (၁) သန်း! Xiaomi 17 Series ရဲ့ ရောင်းအား စံချိန်တင်

တစ်ပတ်အတွင်း ဖုန်းအလုံးရေ (၁) သန်း! Xiaomi 17 Series ရဲ့ ရောင်းအား စံချိန်တင်

Xiaomi ကနေ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Xiaomi 17 Series ဖုန်းတွေဟာ ရောင်းအားစံချိန်တွေကို ချိုးဖျက်သွားပြီလို့ သတင်းရရှိပါတယ်။

လွန်ခဲ့တဲ့တစ်ပတ် စက်တင်ဘာလ (၂၅) ရက်နေ့ မှာမှ တရားဝင် မိတ်ဆက်ခဲ့တဲ့ ဒီဖုန်းတွေဟာ အခုဆိုရင် အလုံးရေ (၁) သန်းနီးပါး အထိ ရောင်းချထားပြီးပြီလို့ ကုမ္ပဏီဘက်က တရားဝင် ကြေညာလိုက်ပါတယ်။

အစောပိုင်းတုန်းကတည်းက Xiaomi ဟာ ဒီ Xiaomi 17 Series ရဲ့ စတင်ရောင်းချချိန် ပထမ (၅) မိနစ်အတွင်း ရောင်းအားဟာ ဒီနှစ် တရုတ်ပြည်တွင်းမှာ မိတ်ဆက်ခဲ့တဲ့ တခြားဖုန်းတွေရဲ့ ရောင်းအားထက် ပိုကောင်းခဲ့တယ်ဆိုပြီး ဂုဏ်ယူခဲ့ဖူးပါတယ်။ တကယ်တမ်းလည်း တရုတ်ပြည်တွင်း Xiaomi Store တွေမှာ ဖုန်းဝယ်ဖို့ တန်းစီ ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

စျေးကွက်သုံးသပ်သူ Ming-Chi Kuo လို ပုဂ္ဂိုလ်မျိုးက Xiaomi 17 Series ဟာ မျှော်လင့်ထားသလောက် ရောင်းအား မကောင်းသေးဘူး၊ အထူးသဖြင့် Base Model – Xiaomi 17 ရဲ့ ရောင်းအားက နည်းနေတယ်လို့ ထင်မြင်ချက်ပေးခဲ့ဖူးပေမဲ့ Xiaomi ကတော့ ဒါကို ငြင်းဆိုခဲ့ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ အလုံးရေ (၁) သန်း ဆိုတဲ့ ကိန်းဂဏန်းကတော့ သူတို့ တကယ်ပဲ ရောင်းအားကောင်းနေကြောင်း သက်သေပြလိုက်တာပါပဲ။

ဒီ Xiaomi 17 Series ထဲမှာ ရောင်းအားအကောင်းဆုံး Model ကတော့ Xiaomi 17 Pro Max ဖြစ်ပြီး စုစုပေါင်း ရောင်းအားရဲ့ ၅၀ ရာခိုင်နှုန်းမှ ၅၅ ရာခိုင်နှုန်း ကြားကို ရယူထားတယ်လို့ သိရပါတယ်။


Latest