New York မှာ Social Media တွေအတွက် “ဆေးလိပ်ဘူးကဲ့သို့” ကျန်းမာရေးသတိပေးချက်များ စတင်တော့မည်

New York မှာ Social Media တွေအတွက် “ဆေးလိပ်ဘူးကဲ့သို့” ကျန်းမာရေးသတိပေးချက်များ စတင်တော့မည်

New York ပြည်နယ်အုပ်ချုပ်ရေးမှူး Kathy Hochul သည် လူငယ်များ၏ စိတ်ကျန်းမာရေးကို ကာကွယ်ရန်အတွက် Social Media Platform များတွင် ကျန်းမာရေးသတိပေးချက် (Warning Labels) များ မဖြစ်မနေပြသရမည့် ဥပဒေသစ်ကို ဒီဇင်ဘာလ ၂၆ ရက် (သောကြာနေ့) က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီ ဖြစ်သည်။

TikTok၊ Instagram နှင့် Facebook ကဲ့သို့သော Platform ကြီးများတွင် အကျုံးဝင်မည်ဖြစ်သည်။

အသုံးပြုသူများကို စွဲလမ်းစေသော Algorithmic Feeds များတွင် “သင့်စိတ်ကျန်းမာရေးကို ထိခိုက်နိုင်သည်” ဆိုသည့် သတိပေးချက်ကို App စဖွင့်ချိန်နှင့် အချိန်အတိုင်းအတာတစ်ခုထိ သုံးစွဲပြီးတိုင်း ပြသရမည်ဖြစ်သည်။

Aim: ဆေးလိပ်ဘူးများတွင် ပါရှိသော သတိပေးချက်များကဲ့သို့ပင် လူငယ်များအနေဖြင့် Social Media သုံးစွဲမှုကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကို သတိပြုမိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ယခုဥပဒေကို လိုက်နာရန် ပျက်ကွက်သော ကုမ္ပဏီများသည် ချိုးဖောက်မှု တစ်ကြိမ်လျှင် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅,၀၀၀ ($5,000) အထိ ပေးဆောင်ရမည်ဖြစ်သည်။ New York သည် ယခုကဲ့သို့ ပြင်းထန်သော ဥပဒေမျိုးကို California နှင့် Minnesota ပြည်နယ်များပြီးနောက် တတိယမြောက် ပြဌာန်းသည့် ပြည်နယ်ဖြစ်လာခဲ့သည်။

အုပ်ချုပ်ရေးမှူး ပြောကြားချက် Governor Kathy Hochul က “ကျွန်မတို့အနေနဲ့ လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ ဒီသတိပေးချက်တွေကတစ်ဆင့် နည်းပညာရဲ့ ဆိုးကျိုးတွေကို သတိထားမိလာစေမှာပါ” ဟု ပြောကြားခဲ့သည်။


Latest