Screenshot အရှည်ကြီးရိုက်နည်း

Screenshot အရှည်ကြီးကို Safari ဒါမှမဟုတ် Browser တစ်ခုမဟုတ်တစ်ခုမှာ ဝင်ပြီး ရိုက်လို့ရနိုင်ပါတယ်။

အရင်ဆုံး ကိုယ်ရိုက်ချင်တဲ့ Website တစ်ခုထဲကို သွားပြီး Screenshot ရိုက်လိုက်ပါ။ 

Screenshot ရိုက်ပြီးရင်တော့ ထောင့်မှာပေါ်လာတဲ့ ပုံလေးကို နှိပ်ပြီး Full Page ဆိုတာလေးကို ရွေးပေးပါ။ 

ပြီးရင်တော့ Done ကို နှိပ်ပြီး Photo ထဲကို Save လိုက်တာနဲ့ Screenshot အရှည်ကြီးတွေကို Save လို့ရတော့မှာဖြစ်ပါတယ်။

တော်တော်လေး အသုံးဝင်လာမယ့် Feature ဖြစ်လာမှာမို့လို့ Screenshot အရှည်ကြီး ရိုက်ချင်သူတွေအတွက် အကောင်းဆုံးပါပဲ။


Latest