Storage နည်းနည်းနဲ့ iPhone တစ်လုံးကို သင့်အနေနဲ့ ပိုင်ဆိုင်ထားခဲ့မယ်ဆိုရင်

Storage နည်းနည်းနဲ့ iPhone တစ်လုံးကို သင့်အနေနဲ့ ပိုင်ဆိုင်ထားခဲ့မယ်ဆိုရင် Storage မပြည့်စေပဲ အချိန်ကြာကြာ အသုံးပြုနိုင်မယ့် နည်းလမ်းလေးရှိတယ်နော်။ 

• မလိုအပ်တဲ့ Application တွေကို ဖျက်ထားပေးပါ 

မလိုအပ်ပဲ Application တွေကို ကိုယ့် iPhone ထဲမှာ ထားထားခြင်းကလည်း Storage ကို ခဏလေးအတွင်းပြည့်စေတတ်ပါတယ်။ 

ဘာကြောင့်လဲဆိုရင် Application တွေက Auto Update ဖြစ်နေတဲ့အခါမျိုးမှာ မလိုအပ်ပဲ File Size တွေကြီးပြီး MB တွေကနေ GB အဖြစ်ကို ပြောင်းလဲသွားသည်အထိ ကြီးမားလာနိုင်လို့ပါ။

• Photo တွေ Video တွေကို ဖျက်ထားခြင်း 

တစ်ခါတစ်လေ Photo တွေ တစ်ခုနဲ့ တစ်ခု ထပ်နေတာမျိုးနဲ့ ဆင်တူ Video တွေများနေတာမျိုးတွေကလည်း Storage ပြည့်စေတာကို မြန်စေတတ်ပါတယ်။ 

ဒါ့အပြင် Recent ထဲမှာ Delete လုပ်ပြီးသာ ပုံတွေကို မဖျက်မိတဲ့အခါမျိုးတွေမှာလည်း Storage မှာပြည့်နေတတ်ပါတယ်။

• iPhone Settings ထဲက Storage မှာ စီစစ်နိုင်ခြင်း

အရမ်း MB များနေတဲ့ App တွေ၊ File ထဲမှာရောက်နေတဲ့ Doucement File တွေရယ်နဲ့ Recently Deleted တွေကို တစ်ခါထဲနဲ့ ရှင်းလင်းနိုင်ဖို့အတွက် iPhone Settings ထဲက General မှာရှိတဲ့ iPhone Storage မှာ ဝင်ရောက်ပြီး ရှင်းလင်းနိုင်ပါတယ်။ 

နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ အပေါ်က အချက်တွေအတိုင်းပြုလုပ်ပြီးတဲ့အခါ Reset All Settings ကို ချလိုက်ပါ။ 

ဒါဆိုရင်တော့ Other နဲ့ တခြားမလိုအပ်တဲ့ File တွေကို အလိုအလျောက်နဲ့ ပျက်သွားမှာဖြစ်တဲ့အပြင် Storage ကိုလည်း ပိုရလာတတ်ပါတယ်။ 

Storage ပြည့်နေခဲ့မယ်ဆိုရင် အခုပြောပေးခဲ့တဲ့အချက်လေးတွေအတိုင်းဖြေရှင်းကြည့်ပါနော်။ 


Latest