iOS 27 မှာ Feature အသစ်တွေထက် ဘက်ထရီသက်တမ်းကို ပိုအသားပေးလာမယ့် Apple

iOS 27 မှာ Feature အသစ်တွေထက် ဘက်ထရီသက်တမ်းကို ပိုအသားပေးလာမယ့် Apple

Apple ဟာ လာမယ့် iOS 27 မှာ iPhone အသုံးပြုသူတွေအတွက် တကယ့်လက်တွေ့အသုံးဝင်မယ့် စနစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုတွေကို အင်တိုက်အားတိုက် ပြင်ဆင်နေတယ်လို့ Bloomberg ရဲ့ ထိပ်တန်းနည်းပညာသတင်းထောက် Mark Gurman က ဒီနေ့ပဲ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီတစ်ခေါက် Update ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ iPhone တွေရဲ့ ဘက်ထရီသက်တမ်း (Battery Life) ကို ယခင်ကထက် ပိုမိုကြာရှည်ခံအောင် ဆွဲဆန့်ပေးဖို့ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ Apple အနေနဲ့ ဖုန်းတွေဟာ ဘယ်နှစ်နာရီ၊ ဘယ်နှစ်မိနစ်အထိ ပိုပြီး ဘက်ထရီခံလာမလဲဆိုတဲ့ အတိအကျပမာဏကို ချပြသွားမလား ဆိုတာကတော့ လောလောဆယ်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါကြောင့် လာမယ့်တနင်္လာနေ့မှာ ကျင်းပတော့မယ့် WWDC 2026 Keynote ပွဲစင်မြင့်ထက်မှာ Apple က ဒီအချက်ကို ဘယ်လိုမျိုး တရားဝင် ထည့်သွင်းကြေညာပြီး အသားပေးပြသသွားမလဲဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရဦးမှာပါ။

တကယ်တော့ သုံးစွဲသူတွေအတွက်တော့ လုပ်ဆောင်ချက်အသစ်တွေ အများကြီးပါလာတာထက် ဖုန်းသုံးရတာ ပိုပြီး ပေါ့ပေါ့ပါးပါးနဲ့ ချောချောမွေ့မွေ့ ရှိလာမယ့်အပြင်၊ ဘက်ထရီပါ ပိုခံလာမယ့် Update မျိုးက လက်တွေ့မှာ အထိရောက်ဆုံးပါပဲ။ အထူးသဖြင့် အရင် iOS ဗားရှင်းတွေတုန်းက ဘက်ထရီကုန်မြန်လို့ စိတ်ညစ်နေရတဲ့ iPhone သုံးစွဲသူတွေအတွက်တော့ လာမယ့် iOS 27 က တကယ့်ကို စောင့်မျှော်ရကျိုးနပ်မယ့် သတင်းကောင်းတစ်ခု ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။


Latest