ဆိုးလ်မြို့ထဲမှာ ကျောင်းတက်ချင်လို့ Hanyang University ကိုရွေးထားကြတဲ့ သူတွေရှိကြလား?
Hanyang တက္ကသိုလ်မှာ ကျောင်းသွားတက်တဲ့အခါမှာ အောက်မှာဖော်ပြထားတဲ့ နေရာတွေထဲက ဘယ်နေရာတွေ သွားချင်ကြလဲ ? ဒါမှမဟုတ် လက်ရှိ Hanyang တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့သူတွေ ရှိရင်လဲ ဘယ်လိုနေရာတွေ အသွားများကြလဲ ဆိုတာ comment မှာ ရေးခဲ့လို့ရပါတယ်။ Hanyang တက္ကသိုလ်မှာ ကျောင်းတက်ကြမယ့်သူအချင်းချင်း မြန်မာတွေအသွားများတဲ့ နေရာတွေ သိရတော့ အခုမှစလာမယ့်သူတွေအတွက်လဲ အဆင်ပြေစေမှာပါ။
Hanyang University ကတော့ တောင်ကိုရီးယားနိုင်ငံမှာဆိုရင် အဆင့် ၆ တက္ကသိုလ်ဖြစ်ပြီး အာရှမှာ အဆင့် #75 ရှိတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ ဆိုးလ်မြို့တွင်းမှာဆိုလဲ Top 5 ကျောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Automotive Engineering နဲ့ ပတ်သက်ပြီးတော့လဲ နာမည်ကြီးပါတယ်။ တည်နေရာကတော့ 222 Wangsimni-ro, Seongdong-gu, ဆိုးလ်မြို့မှာဘဲ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့…….
နံပါတ် ၁ – ကိုရီးယားသမိုင်းကြောင်းကို လေ့လာရတာ ကြိုက်တဲ့သူတွေ၊ ကျောက်ခေတ်ကနေ ယနေ့ခေတ်အထိ ကိုရီးယားသမိုင်းဝင် ပစ္စည်းတွေကို ပြသထားတဲ့ Hanyang တက္ကသိုလ်ပြတိုက်ကိုလား ?
နံပါတ် ၂ – Seoul Forest Park လို ပျော်ပွဲစားထွက်ဖို့ ဆိုးလ်မြို့ရဲ့ အကောင်းဆုံးနေရာဖြစ်တဲ့အပြင် အထူးသဖြင့် ဆောင်းဦးရာသီမှာ ဒေသခံတွေကြား အလာများတဲ့ကို ပန်းခြံကိုလား ?
နံပါတ် ၃ – variety shows တွေ၊ K-drama တွေလဲ လာရောက်ရိုက်ကူးခဲ့ပြီး တက္ကသိုလ်ကျောင်းဝင်းကနေ နာရီဝက်လောက် လမ်းလျှောက်ရင် ရောက်တဲ့ Grandpa Factory Cafe ကိုလား ?
နံပါတ် ၄ – Kondae နဲ့လဲနီးတဲ့အပြင် ‘The Brooklyn of Seoul’ လို့လဲ နာမည်ပြောင်ပေးထားပြီး ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေပေါများတဲ့ Seongsu ကိုဘဲ သွားရောက်လည်ပတ်ချင်လား ?
ကဲ ဒါဆိုရင်တွေ ဘယ်နေရာတွေ သွားချင်လဲ ? ဘယ်နေရာတွေ အသွားများလဲဆိုတာ comment မှာ ဖြေခဲ့ကြပါဦး။
တောင်ကိုရီးယားမှာ ကျောင်းသွားတက်ချင်တယ်ဆိုလဲ ကူညီပေးဖို့ ကျွန်တော်တို့ MyanGoal – Education ရှိပါတယ်။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻♂️
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။
အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
📍Office (Korea): 인천광역시 부평구 광장로 16, 1층 11호
ဘူဖျောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ် 11, အင်ချွန်း။
☎️(+82) 010-9992-1478
📍 Office (Myanmar): No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar
☎️(+95) 09-440-094-094






