ကိုရီးယားနိုင်ငံက တက္ကသိုလ်တစ်ခုခုကို ကျောင်းလျှောက်တော့မယ်ဆိုရင်

ကိုရီးယားနိုင်ငံက တက္ကသိုလ်တစ်ခုခုကို လျှောက်ဖို့ ဆုံးဖြတ်ချက်မချခင် ကိုရီးယားရှိ တက္ကသိုလ်တွေရဲ့ အကြောင်းတွေနဲ့ တက်ရောက်လို့ရမည့် ပရိုဂရမ်တွေကို သေသေချာချာ ရှာဖွေလေ့လာထားဖို့ လိုပါတယ်။ 

ကိုရီးယားနိုင်ငံက တက္ကသိုလ်အများစုဟာ နိုင်ငံတကာကျောင်းသားတွေကို လက်ခံပေမယ့် ဘာသာရပ်တွေ ကတော့ အများကြီး မရှိနိုင်တာကြောင့် ကိုယ် ဘာတက်ချင်လဲ၊ ဘယ်မေဂျာတွေရှိလဲ ဆိုတာ အရင်ဆုံး ရှာထားရပါမယ်။ နောက်ထပ် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေအနေနဲ့လဲ ကျောင်းရဲ့ တည်နေရာ၊ ကျောင်းလခနဲ့ ကျောင်းသားတွေကြား ကျောင်းရဲ့ ကောင်းမကောင်း ဂုဏ်သတင်းတို့ကို စုံစမ်းထားရပါမယ်။

နိုင်ငံတကာ ကျောင်းသားအဖြစ် ကိုရီးယားနိုင်ငံမှာ တက္ကသိုလ်တစ်ခုခုကို တက်ရောက်ဖို့ မလျှောက်ထားခင် ဘာသာရပ်ကို များသောအားဖြင့် အဓိကဘာသာစကား နှစ်မျိုးဖြစ်တဲ့ ကိုရီးယားနဲ့ အင်္ဂလိပ်ဘာသာနဲ့ သင်ကြားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုရီးယား ဘာသာစကား ကျွမ်းကျင်မှု အထောက်အထား အဖြစ် TOPIK (Test of Proficiency in Korean) စာမေးပွဲကို ဖြေဆိုထားရမှာဘဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားက တက္ကသိုလ်အများစုကတော့ ဘွဲ့ကြိုပရိုဂရမ်တွေအတွက် TOPIK Level 4 နဲ့အထက် လိုအပ်ပါတယ်။

အကယ်၍ ကိုယ်ရွေးချယ်ထားတဲ့ ပရိုဂရမ်ကို အင်္ဂလိပ်ဘာသာနဲ့ သင်ကြားမယ်ဆိုရင်လဲ နိုင်ငံတကာ အသိအမှတ်ပြု အင်္ဂလိပ်စာ အရည်အချင်းစစ် ရမှတ်တွေ လိုအပ်ပါသေးတယ်။ ဒါဆို TOPIK လိုသေးလားဆိုရင်တော့။ အဖြေက လိုပါသေးတယ်။ ဘွဲ့ရဖို့အတွက် TOPIK Level 4 နဲ့အထက် ရဖို့လိုပါသေးတယ်။

ကိုရီးယားမှာ တက္ကသိုလ်တက်ဖို့ ကိုယ်တက်ချင်တဲ့ ကျောင်းရဲ့ ဝင်ခွင့်လိုအပ်ချက်တွေ သိထားဖို့ကလဲ အရေးကြီးပါတယ်။ ကိုရီးယားတက္ကသိုလ်တွေရဲ့ ကျောင်းဝင်ခွင့် အချက်အလက်တွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ တရားဝင် website မှာ သွားရောက်ရှာဖွေနိုင်ပါတယ်။ အင်္ဂလိပ်စာနဲ့ သင်ကြားမယ်ဆိုရင်လဲ TOEFL ဒါမှမဟုတ် IELTS တို့လို အင်္ဂလိပ်စာကျွမ်းကျင်မှု စာမေးပွဲရမှတ်တွေ လိုအပ်ပါသေးတယ်။ Language program နဲ့ သွားတက်မယ်ဆိုရင်တော့ မြန်မာမှာ အနည်းဆုံး TOPIK Level 2 လောက်တော့ ဖြေထားတာ အကောင်းဆုံး ဖြစ်ပါမယ်။ 

ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။

Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️

အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်

📍Office (Korea): 인천광역시 부평구 광장로 16, 1층 11호

ဘူဖျောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ် 11, အင်ချွန်း။

 ☎️(+82) 010-9992-1478

📍 Office (Myanmar): No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar

 ☎️(+95) 09-440-094-094


Latest