ကိုရီးယားမှာကျောင်းတက်ဖို့ IELTS ဘယ်လောက်လိုအပ်လဲ?

IELTS band score လိုအပ်ချက်တွေဟာ ကိုရီးယားတက္ကသိုလ် တခုနဲ့တခု မတူညီကြဘဲ ပရိုဂရမ်တွေပေါ်လိုက်ပြီးလဲ အမှတ်တွေ ကွဲပြားနိုင်ပါသေးတယ်။ ဒီနေ့မှာတော့ ကိုရီးယားမှာ ဘွဲ့ကြို၊ ဘွဲ့လွန်တွေ တက်ရောက်ဖို့ စဥ်းစားနေတဲ့ သူတွေအတွက် IELTS အမှတ်တွေ ဘယ်လောက်လိုမလဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Band score ဘယ်လောက်လိုမလဲဆိုတာ သိချင်ရင်တော့ ဆက်ပြီး ဖတ်ကြည့်ကြည့်လိုက်ပါ။

ဘွဲ့ကြိုတန်း

အင်္ဂလိပ်စာနဲ့ သင်ကြားတဲ့ ဘွဲ့ကြိုပရိုဂရမ်တွေအတွက် ကိုရီးယားတက္ကသိုလ်တွေ များသောအားဖြင့် IELTS band score 5.5 မှ 6.5 အထိ လိုအပ်ပါတယ်။

ကိုရီးယားဘာသာနဲ့ သင်ကြားတဲ့ ပရိုဂရမ်တွေအတွက် IELTS က အရေးမကြီးပေမယ့် အထူးသဖြင့် နိုင်ငံတကာ ကျောင်းသားတွေ အတွက်ကတော့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု စာမေးပွဲရမှတ်က လိုအပ်နေပါသေးတယ်။

ဘွဲ့လွန်တန်း

မာစတာနှင့် Ph.D. ပရိုဂရမ်တွေမှာလဲ အင်္ဂလိပ်ဘာသာနဲ့ သင်ကြားတဲ့ ဘာသာရပ်တွေအတွက် ပိုမိုမြင့်မားတဲ့ IELTS အမှတ် လိုအပ်ပြီး band score 6 နဲ့ 7 ကြားရှိရမှာဘဲ ဖြစ်ပါတယ်။ စီးပွားရေး၊ အင်ဂျင်နီယာနဲ့ သိပ္ပံဘာသာရပ်တွေလို သင်ကြားတဲ့လူများတဲ့ ပရိုဂရမ်တွေမှာ IELTS band score လိုအပ်ချက် ပိုများချင်လဲ များနိုင်ပါတယ်။

ကိုရီးယားတက္ကသိုလ်တချို့ရဲ့ IELTS band score လိုအပ်ချက်များ

Seoul National University – ဘွဲ့လွန်ပရိုဂရမ်အများစုအတွက် IELTS band score 6.0 နဲ့အထက် လိုအပ်ပြီး တချို့ ပရိုဂရမ်တွေအတွက် ပိုမြင့်တဲ့ band score လိုအပ်နိုင်ပါတယ်။

Korea University – ဘွဲ့လွန်ပရိုဂရမ်အများစုအတွက် IELTS band score 6.5 လိုအပ်ပါတယ်။

Yonsei University– ဘွဲ့လွန်ပရိုဂရမ်တွေအတွက် IELTS band score 6 မှ 7 လောက်ထိ လိုအပ်ပါတယ်။

KAIST (Korea Advanced Institute of Science and Technology) – ဘွဲ့လွန်ပရိုဂရမ်အများစုအတွက် IELTS band score 6.5 နဲ့ထက် လိုအပ်ပါတယ်။

ပညာသင်ဆုတွေနဲ့ Exchange Programs များ

Global Korea Scholarship (GKS) တို့လိုမျိုး ပညာသင်ဆုတွေအတွက် များသောအားဖြင့် IELTS band score အနည်းဆုံး 5.5 မှ 6.5 လောက် လိုအပ်နိုင်ပါတယ်။

Exchange Programs တွေအတွက်လဲ တက္ကသိုလ်တခုနဲ့တခု သတ်မှတ်ထားတဲ့ စံနှုန်းတွေ မတူကျဘဲ IELTS လိုအပ်ချက်တွေလဲ ကွဲပြားမှု ရှိနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့ တချို့ပရိုဂရမ်တွေမှာတော့ IELTS band score လိုအပ်ချက် မြင့်နိုင်ပါတယ်။ ဆေးပညာ၊ ဥပဒေနဲ့ စီးပွားရေးစတဲ့ နယ်ပယ်တွေက ပရိုဂရမ်တွေဟာလဲ အင်္ဂလိပ်စာ ပိုမိုကျွမ်းကျင်ဖို့ လိုအပ်ပြီး IELTS band score ကောင်းမှ အဆင်ပြေမှာပါ။

ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။

Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️

အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်

📍Office (Korea): 인천광역시 부평구 광장로 16, 1층 11호

ဘူဖျောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ် 11, အင်ချွန်း။

 ☎️(+82) 010-9992-1478

📍 Office (Myanmar): No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar

 ☎️(+95) 09-440-094-094


Latest