MyanGoal မှာ ဘာတွေ လုပ်ပေးနေလဲ ?
MyanGoal ဆိုတာ ကိုရီးယားရောက် မြန်မာကျောင်းသူ/ကျောင်းသားများအတွက် သတင်းအချက်နဲ့ ဆက်သွယ်မှုတွေမှာ အဆင်ပြေအောင် လုပ်ဆောင်ပေးမယ့် Program တစ်ခု ဖြစ်ပြီး MyanGoal – Edu က Education Agency အနေနဲ့ ဝန်ဆောင်မှုပေးမယ့် ဌာနခွဲတစ်ခု ဖြစ်ပါတယ်။
MyanGoal – Edu ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှ ကျောင်းလာတတ်မယ့် ကျောင်းသူ/ကျောင်းသားများနဲ့ လက်ရှိ ကိုရီးယားနိုင်ငံတွင်း နေထိုင်နေတဲ့ မြန်မာကျောင်းသူ/ကျောင်းသားများ အတွက် Language school နှင့် University ကျောင်းလျှောက်ပေးခြင်းများကို အဆင်ပြေ လွယ်ကူစွာ ဝန်ဆောင်မှုရရှိနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။
MyanGoal – Edu Page လေးကနေ မြန်မာ ကျောင်းသူ/ကျောင်းသားများ D4/D2 ဗီဇာ လျှောက်ထားခြင်း၊ ကိုးရီးယား ဘာသာစကား သင်ကြားချင်းအပြင် လိုအပ်တဲ့ ပညာရေးဝန်ဆောင်မှုများကို တိကျမြန်ဆန်စွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။
MyanGoal – Edu မှာ ဘယ်လို ဝန်ဆောင်မှုတွေ ရနိုင်မလဲဆိုရင် ..
ကိုရီးယားနိုင်ငံရှိ ကျောင်းတွေနဲ့ ပတ်သက်သော အချက်လက်တွေကို ဝန်ဆောင်မှု ရယူနိုင်ခြင်း။
ဘယ်ကျောင်း၊ ဘယ်မေဂျာက ကျောင်းသားနဲ့ ကိုက်ညီမှုရှိမလဲ ဆွေးနွေးပေးခြင်း။
ကျောင်းလျှောက်ဖို့ စာရွက်စာတမ်းတွေကို အစီစဉ်တကျ ဘယ်လိုပြင်ဆင်ရမလဲ? စတာတွေကို အခမဲ့ consultation ဆွေးနွေးတိုင်ပင်နိုင်ခြင်း။
Major join ချိန် scholarship များ ရယူပြီး ကျောင်းလခ သက်သာစေဖို့ TOPIK နှင့် IELTS class များ သင်ယူနိုင်မယ့် အစီစဉ်များ ပြုလုပ်ထားခြင်း။
MyanGoal Edu ဟာ မြန်မာကျောင်းသူ/ကျောင်းသားများအတွက် အဓိက ကူညီပံ့ပိုးမယ့် Platform တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသားများအတွက် ပြည်ပ ပညာရေး ဝန်ဆောင်မှုများကို ပိုမိုလွယ်ကူစွာ ရရှိနိုင်အောင် စီစဉ်ပေးမှာဖြစ်ပါတယ်။ MyanGoal Edu နဲ့အတူ ကိုရီးယားမှာ သင့်ရဲ့ ပညာရေး လိုအပ်ချက်တွေကို ပိုမိုကောင်းမွန်အောင် ဖြေရှင်းလိုက်ပါနော်။
#MyanGoal #Education #Visa #D2 #D4 #D10 #review

















Leave a Reply
You must be logged in to post a comment.