Your cart is currently empty!
MyanGoal Travel

—
by
MyanGoal – Travelမှာ ဘာတွေ ဝန်ဆောင်မှုပေးနေပြီလဲ?
MyanGoal Travel ဆိုတာ တောင်ကိုရီးယားရောက် မြန်မာပြည်သူ၊ ပြည်သားများအတွက် ခရီးသွားလည်ပတ်မှုများကို အဆင်ပြေအောင် လုပ်ဆောင်ပေးမယ့် Program တစ်ခု ဖြစ်ပြီး MyanGoal – Travel က Travel Agency/ Tourist Guide အနေနဲ့ ဝန်ဆောင်မှုပေးမယ့် ဌာနခွဲတစ်ခု ဖြစ်ပါတယ်။
MyanGoal – Travel ရဲ့ အဓိကရည်ရွယ်ချက်ကတော့ တောင်ကိုရီးယားနိုင်ငံတွင်း နေထိုင်နေတဲ့ မြန်မာနိုင်ငံသားများအတွက် အားလပ်ရက်များမှာ အမိမြေကို ပြန်ချင်ရင် ဖြစ်ဖြစ်၊ လက်ရှိအခြေနေများကြောင့် မိခင်နိုင်ငံမပြန်သေးဘဲ မိသားစုနဲ့ Third Country တခုခုမှာ သွားရောက် ဆုံတွေ့ချင်ရင်ဖြစ်ဖြစ်၊ Visa လွယ်ကူတဲ့ ASEAN နိုင်ငံများကို လည်ပတ်ချင်ရင် ဖြစ်ဖြစ် လွယ်ကူလျင်မြန်စွာ ဝန်ဆောင်မှုရရှိနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။ MyanGoal – Travel Page လေးကနေ မိမိတို့နှင့် ကိုက်ညီတဲ့ Travel Package တွေကို အချိန်၊ ငွေကြေး လွယ်ကူ၊ လျင်မြန်၊ သက်သာစွာ စီစဉ်ပေးမှာ ဖြစ်ပါတယ်။
MyanGoal – Travel မှာ ဘယ်လို ဝန်ဆောင်မှုတွေ ရနိုင်မလဲဆိုရင်
နိုင်ငံတကာ လေယာဉ်လက်မှတ်
တောင်ကိုရီးယားနိုင်ငံအနှံ့ အပန်းဖြေ ခရီးစဉ်များ
Visa အမျိုးမျိုး ဝန်ဆောင်မှု
ပြည်တွင်း/ ပြည်ပ Travel & Tour
Car Rental & Transportation
Exchange ငွေလွှဲ/ ငွေလဲ များ ဝန်ဆောင်မှု ရရှိနိုင်မှာ ဖြစ်ပါတယ်။
MyanGoal ဟာ တောင်ကိုရီးယားနိုင်ငံအတွင်း နေထိုင်နေတဲ့ မြန်မာနိုင်ငံသားများအတွက် သတင်းအချက်နဲ့ ဝန်ဆောင်မှုများကို အဓိက ကူညီပံ့ပိုးမယ့် Platform တစ်ခုဖြစ်ပြီး ခရီးသွား ဝန်ဆောင်မှုများကို ပိုမိုလွယ်ကူစွာ ရရှိနိုင်အောင် စီစဉ်ပေးမှာဖြစ်ပါတယ်။ MyanGoal Travel နဲ့အတူ ကိုရီးယားမှာ သင့်ရဲ့လည်ပတ်မှုအစီအစဉ်တွေကို ပိုမိုကောင်းမွန်အောင် ဖြေရှင်းလိုက်ပါနော်။
#MyanGoal #Travel #TourPackage #Visa #TravelPlan #Guide #AirTicket #BudgetTrip #PremiumService














Leave a Reply
You must be logged in to post a comment.