MyanGoal – Telecom မှာ ဘာတွေ လုပ်ပေးနေလဲ ?
MyanGoal ဆိုတာ ကိုရီးယားရောက် မြန်မာပြည်သူ၊ ပြည်သားများအတွက် ဆက်သွယ်မှုတွေမှာ အဆင်ပြေအောင် လုပ်ဆောင်ပေးမယ့် Program တစ်ခု ဖြစ်ပြီး MyanGoal – Telecom က Telecommunication အနေနဲ့ ဝန်ဆောင်မှုပေးမယ့် ဌာနခွဲတစ်ခု ဖြစ်ပါတယ်။
MyanGoal – Telecom ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကိုရီးယားနိုင်ငံတွင် နေထိုင်နေတဲ့ မြန်မာများအတွက် လိုင်းဖုန်းဝယ်ယူမှု, ဆက်သွယ်ရေး ဝန်ဆောင်မှု, အင်တာနက်တပ်ဆင်မှုများကို လွယ်ကူစွာ ဝန်ဆောင်မှုရရှိနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။ MyanGoal – Telecom Page လေးကနေ မိမိလိုအပ်တဲ့ ဖုန်းလိုင်းဝယ်ယူခြင်းနဲ့ ဆက်စပ်ဝန်ဆောင်မှုများကို တိကျမြန်ဆန်စွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။
MyanGoal – Telecom မှာ ဘယ်လို ဝန်ဆောင်မှုတွေ ရနိုင်မလဲဆိုရင် ..
1. ကိုရီးယားနိုင်ငံမှာ ရနိုင်မယ့် ဖုန်းလိုင်း ဝယ်ယူခြင်းနဲ့ ပတ်သက်သော အချက်အလက်တွေနဲ့ ဝန်ဆောင်မှုများကို ရရှိနိုင်မယ်။
2. ဖုန်းလိုင်း အသုံးပြုရမယ့် နည်းလမ်းတွေနဲ့ အသုံးပြုရမယ့် လိုအပ်ချက်တွေကို လမ်းညွှန်ပေးခြင်း။
3. ကိုရီးယားနိုင်ငံရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုအသစ်များနဲ့ ထူးခြားတဲ့ အထူးဝန်ဆောင်မှုများအကြောင်း သတင်းအချက်အလက်များကို မေးမြန်းနိုင်ခြင်း။
4. MyanGoal ကနေ ဖုန်းလိုင်း ဝယ်ယူတဲ့သူတွေအတွက် အထူးရရှိနိုင်တဲ့ ဝန်ဆောင်မှုများနဲ့ စျေးနှုန်း သက်သက်သာသာနဲ့ ဖုန်းဝယ်လို့ရနိုင်မယ့် အစီအစဥ်များပြုလုပ်ထားခြင်း။
MyanGoal ဟာ ကိုရီးယားနိုင်ငံတွင် နေထိုင်နေတဲ့ မြန်မာပြည်သူ၊ ပြည်သားများ အတွက် အဓိက ကူညီပံ့ပိုးမယ့် Platform တစ်ခုဖြစ်ပြီး, ကိုရီးယားနိုင်ငံ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပိုမိုလွယ်ကူစွာ ရရှိနိုင်အောင် စီစဉ်ပေးမှာဖြစ်ပါတယ်။ MyanGoal Telecom နဲ့အတူ ကိုရီးယားမှာ သင့်ရဲ့ ဆက်သွယ်ရေး လိုအပ်ချက်တွေကို ပိုမိုကောင်းမွန်အောင် ဖြေရှင်းလိုက်ပါနော်။
#MyanGoal #Telcom #iPhone #Samsung #PhoneSale #Guide #review
















Leave a Reply
You must be logged in to post a comment.