Your cart is currently empty!
🚄 🇰🇷 ကျနော်တို့ ကိုရီးယားကို စရောက်လာပြီဆိုရင်တော့ မရှိမဖြစ် သိထားသင့်ပြီး ရှိကိုရှိထားရမယ့် အရာကတော့ ဘတ်စ်ကားစီးခြင်းနဲ့ မြေအောက်ရထား စီးခြင်းဆိုင်ရာ သတိထားစရာတွေပါပဲဗျ။
💳 အရင်ဆုံးအနေနဲ့ ဒီလိုအရာကို စီးနှင်းအသုံးပြုဖို့ဆိုရင် အခကြေးငွေတော့ ပေးဆောင်ရမယ်မလား? ကိုရီးယားမှာတော့ ယာဉ်စီးခကို ငွေသားနဲ့လည်း ပေးလို့ရသလို၊ ယာဉ်စီးကဒ် (교통카드) နဲ့လည်း ရှင်းလို့ရပါတယ်။ အများစုကတော့ ကဒ်နဲ့ပဲ ရှင်းတာများပါတယ်။ အဲဒီ ယာဉ်စီးကဒ်လေးတွေကို mini mart လေးတွေ ဖြစ်တဲ့ CU, GS-25, E-mart, 7-ELEVEN စတဲ့ စတိုးဆိုင်တွေမှာ ဝယ်ယူနိုင်ပြီးတော့ စျေးနှုန်းအနေနဲ့ကတော့ 5000 won ဝန်းကျင် ကျသင့်မှာဖြစ်ပြီး အထူးအနေနဲ့ IDOL ပုံလေးတွေနဲ့ ကဒ်တွေလည်း ရှိပြီး သူတို့ကတော့ စျေးပိုပေးရနိုင်ပါတယ်။ ဒါကတော့ ကဒ်တန်ဖိုး သီးသန့်ဖြစ်ပြီး အသုံးပြုနိုင်ဖို့အတွက်တော့ ငွေဖြည့်သွင်းရမှာဖြစ်ပါတယ်။မိမိဝယ်တဲ့ ဆိုင်မှာပဲ ငွေဖြည့်ခိုင်းလည်းရပြီး ရထားဘူတာတွေမှာလည်း ကဒ်မဖြတ်ခင်နေရာတွေမှာ အလွယ်တကူ ဖြည့်နိုင်ပါတယ်။ ဘတ်စ်ကားမှတ်တိုင်မှာတော့ ငွေဖြည့်တဲ့နေရာ မရှိပါဘူး။
🚌 ယာဉ်စီးတာက ဘဏ်ကဒ်နဲ့လည်း စီးလို့ရပေမယ့် ခုမှ စရောက်သူတွေအနေနဲ့ကတော့ ဘဏ်ကဒ် မရှိသေးတာမို့ ယာဉ်စီးကဒ်လေးသာ အဆင်ပြေဆုံးပါပဲ၊ ၂ဆင့်/၃ဆင့် စီးရမယ့် ခရီးတွေဆိုလည်း ကဒ်လေးကို ပြန်ဆင်းတဲ့အခါမှာလည်း စက်မှာဖြတ်ဖို့ မမေ့ပါနဲ့နော် ဒါမှနောက်တဆင့်စီးတဲ့အခါ ပိုက်ဆံ နည်းနည်းပဲ ထပ်ဖြတ်မှာဖြစ်လို့ပါ။ ပြောင်းစီးဖို့ အချိန်အရမ်းကြာသွားရင်တော့ အစက နှုန်းအတိုင်းပဲ ဖြတ်မှာမို့ သတိလေးထားစေချင်ပါတယ်။
ဒီလိုမျိုး ကိုရီးယားနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို သိချင်သေးရင်တော့ ကျွန်တော်တို့ MyanGoal-Edu ကို like & follow လုပ်ထားလိုက်ပါ။







Leave a Reply
You must be logged in to post a comment.