Your cart is currently empty!
✈️ တောင်ကိုရိးယားနိုင်ငံ အင်ချွန်းလေဆိပ် Terminal 2 လမ်းညွှန်လေးကို ဖော်ပြပေးလိုက်ပါတယ်။
အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2
လိပ်စာ- 인천 중구 공항로 272
272 Gonghang-ro, Jung-gu, Incheon
Terminal 2 မှာကတော့ အထပ်ငါးထပ်ရှိပါတယ်။ B1 မှာ မြေအောက်ရထားနှင့် ဘတ်စ်ကားများကဲ့သို့ public transportation တွေကို စီးနင်းလို့ရပါတယ်။ ပထမထပ်က arrival အတွက်ဖြစ်ပြီး ဒုတိယထပ်မှာလေကြောင်းလိုင်းရုံး၊ တတိယထပ်မှာ departure အထပ်ဖြစ်ပြီး စတုတ္ထထပ်မှာ food court ဘဲဖြစ်ပါတယ်။ ပဉ္စမထပ်ကတေ အများသူအတွက် ခန်းမနှင့် Incheon Airport Observatory deck(T2) ရှိပါတယ်။
Check in ✔️
အင်ချွန်းလေဆိပ် Terminal 2 တွင် ရပ်နားတဲ့ လေကြောင်းလိုင်းများမှာ Korean Air၊ Delta၊ Air France၊ KLM၊ Aeromexico၊ China Airlines၊ Xiamen Airlines၊ Aeroloft Russian Airlines နှင့် Garuda Indonesia လေကြောင်းလိုင်းတို့ ဖြစ်ပါတယ်။ Terminal 2 ကတော့ Terminal 1 လောက် လေကြောင်းလိုင်းမများပါဘူး။ တတိယထပ် departure အထပ်မှာ Check In အတွက် A မှ G အထိ ကောင်တာများရှိပါတယ်။ ကိုယ်တိုင် check-in လုပ်ချင်ရင်တော့ Area E မှာ boarding pass ကို print ထုတ်ပြီး check In လုပ်လို့ရပါတယ်။
Transportation 🚍
Airport Railroad Express ဟု လူသိများသော AREX ကိုစီးနင်းပြီး အင်ချွန်းလေဆိပ် Terminal 2 သို့သွားနိုင်ပါတယ်။ အင်ချွန်းလေဆိပ် Terminal 2 ground floor ကနေပြီးတော့ Airport Express Bus စီးပြီး Seoul ဒါမှမဟုတ် Gyeonggi-do သို့သွားနိုင်ပါသေးတယ်။ ပလပ်ဖောင်း 1-10 က Chungcheong-do၊ Gyeongsang-do၊ Gangwon-do စသည်ဖြင့် local ဘတ်စ်ကားများအတွက်ဖြစ်ပြီး ပလပ်ဖောင်း 11-35 ကတေ့ Seoul ဆိသွားတဲ့ဘတ်စ်ကားများဖြစ်ပြီး ပလက်ဖောင်း 36-45 မှာ Gyeonggi-do သို့သွားတဲ့ ဘတ်စ်ကားများဖြစ်ပါတယ်။ တတိယထပ်ရှိ departure ဧရိယာ၏ ထွက်ပေါက် 4 နှင့် 5 ရှိ Terminal 1 မှ ထွက်ခွာလာတဲ့ အခမဲ့ Terminal Shuttle Bus ကိုလဲစီးလို့ရပါသေးတယ်။
Tax Refund 💰
တတိယထပ်ရှိ D နှင့် E ကောင်တာရှေ့တွင် tax refund လုပ်လို့ရတဲ့ စက်များရှိပြီး အကူအညီလိုရင်လဲ ဝန်ထမ်းများကို သေချာမေးမြန်းပြီး refund လုပ်နိုင်ပါတယ်။ ဘာသာစကားမျိုးစုံကို အသုံးပြုလို့ရတဲ့အတွက်လဲ တော်တော်လေး အဆင်ပြေပါတယ်။
SIM Card and Wifi Rental 🛜
Wi-Fi
1F 1, Exit 6,
Near counter M on the 3F
06:00 to 22:00
KT
1F Exit 3
24 Hours
3F Central
06:00 to 22:00
SK Telecom
1F Exit 4
3F Central
06:00 to 22:00
LG U+
1F Exit 4
3F Central
06:00 to 22:00
ဒီနေ့အတွက် အင်ချွန်းလေဆိပ် Terminal 2 လမ်းညွှန်လေးကတော့ ဒီလောက်ပါဘဲ။ ဒီလိုမျိုး စိတ်၀င်စားစရာ အကြောင်းအရာလေးတွေ ဖတ်ချင်သေးရင်တော့ ကျွန်တော်တို့ MyanGoal – Education page ကို like & follow လုပ်သွားခဲ့လို့ရပါတယ်။ 여러분 လူကြီးမင်းတို့ Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်တော့ 📞 ဖုန်းနံပါတ် : 010-2497-1478 ကို ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။







Leave a Reply
You must be logged in to post a comment.