ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal – Edu ကနေပြီးတော့ ကိုရီးယားဘာသာစကားကို လေ့လာနေ တဲ့သူတွေအတွက် Advanced level အထိ လေ့လာသွားလို့ ရမယ့် website တွေကို ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။ ဒီ website တွေမှာ intermediate level သမားတွေအတွက်အပြင် beginner level ကနေ Advanced level အထိ လေ့ကျင့်လို့ရတာမလို့ ဘယ် website တွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားတယ်ဆိုရင်တော့ အဆုံးထိဖတ်ကြည့်လိုက်ပါ။
Dom & Hyo – Beginner-Intermediate
များဖြင့် ကိုရီးယား ဘာသာစကားကို beginner level ရှိတဲ့သူတွေ အတွက် ရောင်စုံရုပ်ပုံတွေနဲ့ လေ့လာချင်ရင်တော့ ဒီ website ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ ဒီ website ကလဲ ထူးထူးခြားခြား နိုင်ငံခြားသားနဲ့ ကိုရီးယား စုံတွဲတစ်တွဲက ဖန်တီးထားတာ ဖြစ်ပါတယ်။ Dom ကတေ့ ကိုရီးယားမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီး ESL ဆရာလဲ ဖြစ်ပါတယ်။ သူရဲ့ ဇနီး Hyo ကတော့ ကိုရီးယားလူမျိုး ဖြစ်ပါတယ်။ သူတို့ရဲ့ရုပ်ပြတွေက ပျော်စရာကောင်းပြီး လေ့လာရတာလဲ လွယ်ပါတယ်။ ဒီ website မှာ အင်္ဂလိပ်နဲ့ ကိုရီးယားနှစ်ဘာသာနဲ့ နေ့စဉ်ဘဝအကြောင်းတွေကို ဖော်ပြထားတဲ့ ရုပ်ပြတွေများစွာ ရှိပါ။ ကိုယ့်ရဲ့ ကိုရီးယားစာ ဖတ်နိုင်စွမ်းကို မြှင့်တင်ဖို့အတွက် ဒီနေရာမှာ လေ့ကျင့် နိုင်ပါတယ်။
Link – https://domandhyo.com/
Learn With Oliver – Beginner-Advanced
“Oliver With Learn” တွင် flashcards တွေ၊ စာသားတွေ၊ ပုံမှန်ပေးပို့ပေးမယ့် mails တွေ၊ ဂိမ်းတွေကိုလဲ တွေ့နိုင်ပါတယ်။ ကိုယ့်ရဲ့ လေ့လာမှုအား ဘယ်လောက်ရှိပြီလဲ ဆိုတာ စမ်းသပ်ဖို့ လစဉ် ပဟေဋ္ဌိတွေအပြင် writing နဲ့ listening လေ့ကျင့်ခန်းတွေလည်း ရှိပါတယ်။ အီးမေးလ်ကို အကောင့်နဲ့ ဖွင့်ထားရင်လဲ ကိုယ့်ရဲ့ inbox ထဲကို နေ့စဉ်လေ့ကျင့်ခန်းတွေ ပေးပို့ပြီး ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ Free Basic Account ဖွင့်ထားရင်တောင် တော်တော်လေး လေ့ကျင်လို့ရတာကြောင့် လေ့လာကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Link – https://www.learnwitholiver.com/
Talk to Me in Korean – Intermediate-Advanced
လူကြိုက်အများဆုံး online website တွေထဲက တစ်ခု ဖြစ်တဲ့ Talk to Me in Korean မှာ လူကြိုက်များတဲ့ program ဖြစ်တဲ့ ကိုရီးယား native speakers တွေက ပိုမိုခက်ခဲတဲ့ သဒ္ဒါတွေကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာ ရှင်းပြထားပေးတဲ့ အစီအစဥ်ဘဲ ဖြစ်ပါတယ်။ ဒီ website မှာ အဓိကအနေနဲ့ သင်ခန်းစာတွေကို podcast ကနေလေ့လာနိုင်သလို PDF ဖိုင်လဲ တွဲပါတာကြောင့် ကိုယ်နှစ်သက်သလို လေ့လာနိုင်ပါတယ် (Workbooks တွေကတော့ ဝယ်ယူရမှာဘဲ ဖြစ်ပါတယ်။)။ ဒီနေရာမှာ သတိပေးချင်တာကတော့ ဒီ website ကတော့ beginner level တွေအတွက် မဟုတ်ဘဲ အခြေခံ ကိုရီးယား Hangul နဲ့ vocabulary ကြွယ်ကြွယ်ဝဝ သိထားတဲ့ သူတွေ လေ့လာတာ အကောင်းဆုံးဖြစ်ပါ။
Link – https://talktomeinkorean.com/
How to Study Korean – Intermediate-Advanced
ဒီ website ကတော့ reading နဲ့ writing ကို ပိုမိုလေ့ကျင့်ချင်သူတွေ အတွက် အလွန်ကောင်းမွန်တဲ့ website ဖြစ်ပါတယ်။ သင်ခန်းစာတွေကိုလဲ units အဖြစ် စနစ်တကျ ဖွဲ့စည်းထားပါတယ်။ သင်ခန်းစာ တစ်ခုစီတိုင်းမှာ သဒ္ဒါတွေကို မပြောသေးခင် အရင်ဆုံး ဝေါဟာရအသစ်ကို ရှင်းပြပေးပါတယ်။ ပြီးရင် လေ့ကျင့်တဲ့အခါ အထောက်အကူဖြစ်စေဖို့ သင်ခန်းစာအလိုက် နမူနာဝါကျတွေကို ပြထားပါတယ်။ ကိုးရီးယားစာ လေ့လာတဲ့အခါ ရှင်းလင်းချက်တွေရှာဖို့ လိုအပ်လာရင် ဒီ website ဟာ အသုံးအဝင်ဆုံးဖြစ်ပါတယ်။
Link – https://www.howtostudykorean.com/
ကိုရီးယားမှာကျောင်းတက်ဖို့ စဉ်းစားနေပြီလား? ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်ပါတယ်။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻♂️
အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
📍Office (Korea): 인천광역시 부평구 광장로 16, 1층 11호
ဘူဖျောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ် 11, အင်ချွန်း။
☎️(+82) 010-9992-1478
📍 Office (Myanmar): No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar
☎️(+95) 09-440-094-094






