Your cart is currently empty!
မြန်မာကျောင်းသားတွေ အသိများကြတဲ့ 전문대학 2-3နှစ်သင် College ဖြစ်တဲ့ Bucheon University (부천대학교) နဲ့ မိတ်ဆက်ပေးသွားပါမယ်။
2015 ကနေ 2023 အထိ 전문대 တွေထဲမှာ Korea Service Quality Index (KS-SQI) အဖြစ် ၉နှစ်ဆက်တိုက် “ပထမ”နေရာ ရရှိခဲ့သော်လည်း 일반대 ဖြစ်ခဲ့တဲ့အတွက် ဗီဇာရနိုင်ခြေ အရင်နှစ်တွေက နည်းခဲ့ပေမယ့် ယခု 2024 ခုနှစ်မှာ 인증대 အဖြစ် ပြောင်းလဲ သတ်မှတ်ခံရတဲ့အတွက် ဗီဇာ ရနှုန်း 80% ကနေ 90% ထိ တိုးလာကြောင်းကိုလည်း ကြားသိထားရပါတယ်ဗျ။
တည်နေရာအနေနဲ့က 경기도 부천시 원미구 신흥로56번길 25 မှာ တည်ရှိပြီးတော့ ရပ်ကွက်အနေနဲ့ဆို 심곡동 မှာရှိလို့ မြို့လယ်ခေါင်လို နေရာမျိုးဖြစ်ပြီး ဘူချွန်း ဘူတာကနေဆို 10မိနစ် လမ်းလျှောက်ရင်ရောက်ပြီး၊ ကားစီးမယ်ဆို 5မိနစ် ဝန်းကျင်နဲ့ ရောက်ပါတယ်။
ဆိုးလ်ဘက်သွားဦးမလား ဘူချွန်း ဘူတာကနေဆို 45~50 မိနစ်လောက်စီးရင် ရောက်ပြီး၊ မြန်မာအစားစာတွေ လွမ်းလို့ မြန်မာထမင်းဟင်းတွေ စားချင်လို့ ဘူဖြောင်းဘက်ကို သွားမလား ရထားအမြန်နဲ့ဆို (2 ဘူတာ) ပုံမှန်နဲ့ဆို (4 ဘူတာ) 10မိနစ်ခန့် စီးရင် မြန်မာတွေရဲ့ ရွှေမြို့တော်ကြီး ဘူဖြောင်း(부평)ကို ရောက်ပါပြီး ရှေ့ဆက်စီးမယ်ဆိုလည်း စက်မှုမြို့တော်ကြီး အင်ချွန်းကို ခဏလေး 20မိနစ်ဝန်းကျင်ပဲ စီးရုံပါပဲဗျ။ ပြောချင်တာက လမ်းပန်းဆက်သွယ်ရေးအနေနဲ့ အဆင်ပြေချောမွေ့ပြီး သွားရလာရလွယ်ကူပါတယ်။
ကျောင်းအဆောင်လည်း လမ်းတဖက်ကူးရင်ရောက်ပြီး ကိုယ်တိုင်အ်ိမ်ငှါးနေချင်သူများ အတွက်လည်း အိမ်တွေ ကျောင်းနားမှာ စျေးအသင့်အတင့် ပေါများတာမို့ ပူပင်စရာတော့ မလိုပါဘူး။
အချိန်ပိုင်း အလုပ်အကိုင်ဆိုလည်း အဆင်ပြေပြီး မြန်မာကျောင်းသားများလည်း များပြီး Admin ကိုယ်တိုင် Language Program (Level 1) ကနေ ဘွဲ့ရတဲ့အထိ နေခဲ့တာ မို့ ကိုယ့်မြို့လို့တောင်ပြောလို့ရပါတယ်။
Language Program အနေနဲ့ Semester တခုကို 1,200,000 ဝမ် ကျသင့်မှာဖြစ်ပြီး တနှစ်ကို လေးကြိမ် ကိုရီးယားရဲ့ ဥတုရာသီအလိုက် 봄학기, 여름학기, 가을학기, 겨울학기 ဆိုတဲ့အတိုင်း ရှိပါတယ်။ Language ပြီးလို့ မေဂျာ ဆက်တက်ချင်သူများအတွက်အနေနဲ့လည်း စိတ်ကြိုတ်မေဂျာကို ရွေးပြီး တက်နိုင်မှာ ဖြစ်ပါတယ်။
📚Engineering
Department of Architecture
Department of Interior Architecture Design
Department of Civil Engineering
Department of Computer Information Security
Department of Computer Software
electric engineering
Department of Information and Communication
Automation robot and
Department of IT Convergence Business
Department of Textile and Fashion Business
Video & Game Content Department
Electrical Department
📚Humanities & Social Sciences
Business Administration
Department of Hotel and Tourism Management
Department of Secretarial Administration
Department of Taxation and Accounting
Early Childhood Education Department
Department of Social Welfare
Childcare Department
Aviation Service Department
📚Natural Science
Department of Food and Nutrition
Department of Hotel Restaurant Culinary Arts
Department of Nursing
Beauty Care and Hair Design Major
Beauty Care and Beauty Design Major
Department of Health and Medical Administration
Department of Dental Hygiene
Department of Dental Technology
Department of Emergency Rescue
Pet Department
📚Arts and Physical Education
Department of Digital Media Design
Rehabilitation Sports Department
အခုဆို ကျောင်းမှာ မြန်မာတာဝန်ခံ senior လည်း ရှိပြီဖြစ်ပြီး မြန်မာကျောင်းသူ၊ ကျောင်းသားတွေအတွက် ရွေးချယ်ဖို့ ကောင်းမွန်တဲ့ ကျောင်းတကျောင်းဖြစ်ပါတယ်။ မေဂျာ တက်မယ်ဆိုလည်း ကိုယ်ရွေးတဲ့ မေဂျာပေါ်မူတည်ပြီး Bucheon Main Campus နဲ့ Sosa Campus ဆိုပြီး 2ခု ကွဲသွားပါသေးတယ်။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻♂️
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
MyanGoal Edu – Myanmar Branch
⏰ အချိန် : မနက် (၁၀) နာရီမှ ည (၇) နာရီအထိ (ပိတ်ရက်မရှိ)
📞 ဖုန်းနံပါတ် : 09440094094
🏢 ရုံးလိပ်စာ : ရန်ကုန်၊ တာမွေမြို့နယ်၊ စက်ရုံလမ်း၊ နံပါတ် 206 (မဂ်လာစျေးအရှေ့)
MyanGoal Edu – Korea Branch
📞 ဖုန်းနံပါတ် : 01024971478
🏢 ရုံးလိပ်စာ : 씰투 오피스텔, 계양구 계산로 76, Incheon, South Korea ကို ကြွရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။







Leave a Reply
You must be logged in to post a comment.