Your cart is currently empty!
EPS အောင်မှတ်ဖြတ်ချက် ကြမ်းချက်က 9+
ကိုရီယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ဖြေဆိုရတဲ့ EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ်စာမေးပွဲမှာတော့ လူပေါင်း ၄၈,၀၀၀ ကျော် ဖြေဆိုပြီး အယောက် ၅,၅၄၀ ဘဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အမှတ်ဖြတ်တာကလဲ အမှတ်ပြည့် ၁၀၀ မှာ ၉၇.၅ မှတ်နဲ့ စံချိန်တင် အောင်မှတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ၁၆ ကြိမ်မြောက် EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ်စာမေးပွဲကို ဇွန် ၃ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ ပထမသုတ်ဖြေဆိုသူ ၄၁,၆၀၀ ယောက်မှာ ၄,၉၃၇ ယောက် အောင်မြင်ခဲ့ပြီး ထပ်တိုးဖြေဆိုသူ ၆,၄၀၀ ယောက်မှာ ၆၀၃ ယောက် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ပထမသုတ် အောင်မြင်သူတွေကတော့ Skill Test ထပ်မံဖြေဆိုရမှာ ဖြစ်ပါတယ်။ ဒုတိယသုတ် စာမေးပွဲကိုတော့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ဖြေဆိုရမှာဘဲ ဖြစ်ပါတယ်။
ဒီလို စံချိန်တင်ဖြတ်မှတ်ကြောင့် ဖြေဆိုတဲ့အခါမှာ အကောင်းဆုံး ဖြေဆိုခဲ့ကြပေမယ့် အမှတ်မမှီတဲ့သူတွေ အများအပြား ရှိလာခဲ့ပါတယ်။ ကိုယ်သွားရောက် အလုပ်လုပ်ကိုင်ချင်တဲ့ တိုင်းပြည်ကို မသွားနိုင်ဘဲ အချိန်အား၊ လူအား၊ ငွေအားတွေ ရင်းနှီးခဲ့ကြပေမယ့် ကြိုးစားသမျှဟာ သဲထဲရေသွန်လို ခံစားရနေကြရပါတယ်။ ကိုယ့်ရဲ့ ရမှတ်က ၉၀၊ ၉၂.၅၊ ၉၅ မှတ် ရခဲခဲ့တဲ့သူတွေဆို တော်တော်ကြီး ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် ဒီနေရာမှာ စိတ်ဓာတ်ကျနေမယ့်အစား ဆက်လက်ကြိုးစားဖို့ စိတ်အားတင်းထားရမှာ ဖြစ်ပါတယ်။
ဒီလိုအစစအရာရာ ခက်ခဲနေတဲ့အချိန်မှာ ကိုယ့်အတွက် အလုပ်လုပ်ကိုင်ကောင်းနိုင်မယ့် အခွင့်အရေးကို မရလိုက်ပေမယ့် နောက်လာမယ့် အရာတွေအတွက် သင်ခန်းစာရသလို အားလဲမွေးထားရမှာပါ။ ဒီ EPS TOPIK ဖြေဖို့ နယ်ကလာဖြေတဲ့သူတွေဆိုလဲ မိသားစုဝင်တွေက သင်တန်းကြေး၊ အဆောင်ကြေး၊ စားစရိတ်ကြေးကို မရှိရှိတာလေး ခြစ်ကုတ်ပြီး ရင်းနှီးပေးခဲ့ရပေမယ့် ဒီနေရာမှာ ဖြေဆိုသူတွေအနေနဲ့ကတော့ လဲကျသွားလို့ မဖြစ်ပါဘူး။
စိတ်ဓတ်သန်သန်မာမာနဲ့ အားတင်းထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် EPS TOPIK ဖြေဆိုကျသူတွေအတွက် စိတ်ဓာတ်မကျဘဲ အားတင်းထားဖို့နဲ့ ရှေ့ဆက် အခွင့်ကောင်းတွေ ကြုံပါစေလို့ ကျွန်တော်တို့ Admin Team ကနေပြီးတော့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ နောက်လာမယ့် EPS TOPIK တွေကျရင်လဲ ဒီလောက်ထိ အမှတ်ဖြတ်ကြမ်းတာမျိုး မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း…………………..







Leave a Reply
You must be logged in to post a comment.