Hanyang တက္ကသိုလ်အနီးရှိ လည်ပတ်စရာနေရာများ

Hanyang တက္ကသိုလ်မှာ တက်ဖို့စီစဥ်နေကြတဲ့ သူတွေရှိကြလား?
ဒီနေ့မှာတော့ Hanyang တက္ကသိုလ်မှာတက်ရင်း ကျောင်းနားတဝိုက်မှာရှိပြီး ကျောင်းနဲနီးတဲ့ လည်ပတ်စရာနေရာတွေကို ပြောပြလိုက်ပါတယ်။ Hanyang တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့သူတွေ ရှိကြလဲ ဘယ်နေရာတွေ အများဆုံး သွားဖြစ်လေ့ရှိလဲဆိုတာကို ကောမန့်မှာမန့်ခဲ့လို့ ရပါတယ်။
한양대학교 박물관 Hanyang တက္ကသိုလ်ပြတိုက်
Hanyang တက္ကသိုလ်မှာ ပညာသင်ကြားဖို့ ရွေးချယ်ထားရင်တော့ လည်ပတ်စရာ အကောင်းဆုံး နေရာတွေထဲက တခုကတော့ ကျောင်းဝင်းထဲမှာဘဲ ရှိတာဖြစ်ပါတယ်။ ကိုရီးယားသမိုင်းကြောင်းကို လေ့လာရတာ ကြိုက်တဲ့သူတွေ အတွက်လဲ ဟန်ယန်းတက္ကသိုလ်ပြတိုက် ( 한양대학교 박물관 ) မှာ ကျောက်ခေတ်ကနေ ယနေ့ခေတ်အထိ ကိုရီးယားသမိုင်းဝင် ပစ္စည်းတွေကို ပြသထားပါတယ်။ ပြတိုက်မှာ သမိုင်းဝင်ခေတ်အမျိုးမျိုးက အရေးပါတဲ့ ရှေးဟောင်းပစ္စည်းတွေကို မီးမောင်းထိုးပြတဲ့ ပြပွဲတွေလဲ အမြဲတမ်း ပြုလုပ်လေ့ရှိပါတယ်။ Joseon ‘조선’ မင်းဆက်က ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေကိုလဲ ပြသထားတဲ့အပြင် ပြတိုက်မှာ တစ်နှစ်ပတ်လုံး အထူးပြပွဲတွေကို ကျင်းပလျက်ရှိပါတယ်။ ဒီအထူးပွဲတွေမှာ ခေတ်သစ် ယဥ်ကျေးမှုအကြောင်းအရာတွေကို အဓိကထား ပြသလေ့ရှိပြီး ပြတိုက်ကို လာရောက်လည်ပတ်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် စိတ်လှုပ်ရှားစရာ အတွေ့အကြုံတခု ဖြစ်စေမှာပါ။ နေရာကတော့ တက္ကသိုလ်ဝင်းထဲမှာဘဲ ဖြစ်ပြီး building 109 မှာ ဖြစ်ပါတယ်။
လိပ်စာ- 222 Wangsimni-ro, Seongdong-gu, Seoul 04763
(우) 04763 서울특별시 성동구 왕십리로 222
အနီးဆုံးမြေအောက်ရထားဘူတာ- Hanyang တက္ကသိုလ်ဘူတာ၊ လိုင်း 2၊ ထွက်ပေါက် 2 နဲ့ 3
အနီးဆုံးဘတ်စ်ကားဂိတ်- Hanyang University Main Gate ဒါမှမဟုတ် Hanyang တက္ကသိုလ်ဘူတာ
서울숲 ဆိုးလ်သစ်တော ပန်းခြံ (Seoul Forest Park)|
Seoul Forest Park ဟာ မြို့ပြမှာ နေထိုင်ရင်း သဘာဝ အလှအပတရားကို ခံစားချင်ရင် သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးနေရာတွေထဲက တခုဖြစ်ပါတယ်။ 2002 ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ဒီအမျိုးသား ဥယျာဥ်ဟာ မြေဧရိယာ 1.16 မီလီယံ စတုရန်းမိုင်ကျော် ကျယ်ဝန်းတာကြောင့် တဝကြီး သဘာဝဆန်ဆန် အပန်းဖြေ အနားယူနိုင်ပါတယ်။ ဆိုးလ်သစ်တော ပန်းခြံမှာ အဓိကအားဖြင့် ဧရိယာငါးခုပါဝင်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ တောရိုင်းတိရစ္ဆာန်များအပြင် ပန်းပုရုပ်တုတွေနဲ့ ရုက္ခဗေဒ ဥယျာဉ် တို့ပါရှိပါတယ်။ ပန်းခြံထဲမှာ အစားအသောက် မျိုးစုံရရှိနိုင်တဲ့အပြင် ပန်းခြံဝင်ပေါက်နားမှာလဲ ‘ဆိုးလ်သစ်တောလမ်းကြား’ ရှိပြီး ဒီလမ်းတလျှောက် ပန်းခြံရဲ့ vibe နဲ့ လိုက်ဖက်မယ့် ကော်ဖီဆိုင်ကောင်းကောင်းတွေလဲ ရှိပါတယ်။ ဒါကြောင့် ဆိုးလ်သစ်တောပန်းခြံဟာ ပျော်ပွဲစားထွက်ဖို့ ဆိုးလ်မြို့ရဲ့ အကောင်းဆုံးနေရာဖြစ်ပြီး အထူးသဖြင့် ဆောင်းဦးရာသီမှာ ဒေသခံတွေကြား အလာများပြီး ရေပန်းစားတဲ့ နေရာတခုဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းဝင်းကနေ မိနစ် 30 လောက် လမ်းလျှောက်ရင် ရောက်ပါပြီ။
လိပ်စာ- 678-1 Seongsu-dong 1 (il)-ga Seongdong-gu Seoul
서울특별시 성동구 성수동1가 678-1
အနီးဆုံးမြေအောက်ရထားဘူတာ- ဆိုးလ်သစ်တောဘူတာ၊ Bundang လိုင်း၊ ထွက်ပေါက် 3
အနီးဆုံးကားဂိတ်- ဆိုးလ်သစ်တောဘူတာ ထွက်ပေါက် 3
할아버지 공장 Grandpa Factory Cafe
Grandpa Factory Cafe ( 할아버지공장 ) ကတော့ အလွန်နာမည်ကြီးတဲ့ စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်ဖြစ်ပါတယ်။ ကိုရီးယားလူမျိုးတွေဟာ စာလေ့လာဖို့ ဒါမှမဟုတ် အလုပ်လုပ်ကိုင်ဖို့ အကောင်းဆုံးပြင်ဆင်ထားတဲ့ အေးဆေးတည်ငြိမ်တဲ့ ပတ်ဝန်းကျင်နဲ့ သက်တောင့်သက်သာရှိတဲ့ စတိုင်တွေကြောင့် မကြာခဏ လာကြပါတယ်။ Grandpa Factory ဆိုင်ရဲ့ အဆွဲဆောင်နိုင်ဆုံးနဲ့ အကျော်ကြားဆုံးကတော့ ဒုတိယထပ်ကနေ ဝင်ရောက်ရတဲ့ သစ်ပင်အိမ်လေး ဖြစ်ပါတယ်။ ဒီထဲမှာ ကိုယ်တိုင်ဝင်ရောက်ကြည့်လို့ရပြီး သစ်ပင်အိမ်ကို စူးစမ်းကြည့်လို့ရပါတယ်။ Grandpa Factory ဆိုင်ဟာ variety shows‌ တွေ၊ K-drama တွေမှာလဲပါပြီး Hangout with Yoo ရှိုးထဲက SSAK3 အပိုင်း၊ Vincenzo (အပိုင်း 4) နဲ့ More Than Friends (အပိုင်း 7) တို့မှာပါပါတယ်။ တက္ကသိုလ်ကျောင်းဝင်းကနေဆို ၃၉ မိနစ် လောက် လမ်းလျှောက်ရပါတယ်။
လိပ်စာ- 9 Seongsui-ro 7 ga-gil Seongdong-gu Seoul 04781
(우) 04781 서울특별시 성동구 성수이로 7가길 9
အနီးဆုံးမြေအောက်ရထားဘူတာ- Seongsu ဘူတာ၊ လိုင်း 2၊ ထွက်ပေါက် 3
အနီးဆုံးကားဂိတ်- ဆိုးလ်မြို့တော်ရဲအေဂျင်စီ 6th Task Force၊
성수동 Seongsu
Seongsu-dong ဟာ မူလက ဟန်မြစ်နဲ့ ကပ်ရပ် အဝတ်အစားတွေ ထုတ်လုပ်တဲ့စက်ရုံတွေရှိတဲ့ ခရိုင်တခုဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချိန်က ဒီဧရိယာရဲ့ စက်ရုံအဆောက်အအုံတွေနေရာတွေကို ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ နေရာယူလာပြီးနောက်ပိုင်း လူသိများလာပါတယ်။ Seongsu ကတော့ ဆိုးလ်မှာ လူကြိုက်အများဆုံးနဲ့ ပေါ်ပြူလာအဖြစ်ဆုံး ရပ်ကွက်တွေထဲက တခုဖြစ်ပြီး ဒီနေရာကို ‘The Brooklyn of Seoul’ လို့လဲ နာမည်ပြောင်ပေးကြပါတယ်။ ဒါ့အပြင် Kondae ဧရိယာ နဲ့လဲ နီးပါတယ်။
တက္ကသိုလ်ကျောင်းဝင်းကနေ မိနစ် 20 လောက် လမ်းလျှောက်ရင် ရောက်ပါပြီ။
အနီးဆုံးမြေအောက်ရထားဘူတာ- Seongsu ဘူတာ၊ လိုင်း 2၊ ထွက်ပေါက် 1 နှင့် 4
အနီးဆုံးကားဂိတ်- Seongsu ဘူတာထွက်ပေါက် 4၊ လိုင်း 2၊ Seongsu ဘူတာ
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️

ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။

အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
🇲🇲🏠Yangon Address – No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar ☎️ (+95) 09-440094094

🇰🇷🏠 Korea Address – Siltu Officetel, 76 Gyesan-ro, Gyeyang-gu, Incheon, South Korea. ☎️ (+82) 010-24971478

Latest