ဆိုးလ် Kondae ဧရိယာဟာ လူငယ်လူရွယ်တွေကြား ရေပန်းစားတဲ့ နေရာတခုဖြစ်ပြီး Konkuk တက္ကသိုလ်လဲ ရှိတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ အသွားအများဆုံး နေရာဖြစ်ပါတယ်။ Konkuk တက္ကသိုလ်မှာ ကျောင်းတက်ဖို့ စဥ်းစားနေတယ်ဆိုရင် ကိုယ်တိုင် ကျောင်းသွားတက်ရင်း Kondae ရောက်ရင် လုပ်ကြည့်သင့်တဲ့ ထိပ်တန်း ၈ ခုက ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်။ Konkuk တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့သူတွေရှိလဲ ဘယ်နေရာတွေ အများဆုံး သွားဖြစ်ကြလဲဆိုတာ ကောမန့်မှာ ရေးသွားခဲ့လို့ရပါတယ်။
Common Ground မှာ ဈေးဝယ်ထွက်ကြည့်ပါ။
Kondae မှာ လုပ်ကြည့်ရမယ့် ထိပ်တန်းအရာတွေထဲက ဖြစ်တဲ့ Common Ground ( 커먼 그라운드 ) မှာ စျေးသွားဝယ်ခြင်း ဖြစ်ပါတယ်။ ဒီစျေးဝယ်စင်တာကို ပြန်လည်ပြင်ဆင်ထားတဲ့ သင်္ဘောကွန်တိန်နာအတွင်းမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဝတ်အစားတွေ၊ အီလက်ထရွန်နစ် ဆက်စပ်ပစ္စည်းဆိုင်တွေနဲ့ ကော်ဖီဆိုင်ကောင်းတွေလဲ ရှိပါတယ်။ ကွန်တိန်နာတွေရဲ့ အပြင်ဘက်ကို အပြာရောင်နဲ့ ခြယ်မှုန်းထားပြီး လူငယ်အများအပြားဟာ ကွန်တိန်နာတွေကို နောက်ခံအဖြစ်ထားပြီး instagram မှာတင်ဖို့ ဓာတ်ပုံရိုက်ကြပါတယ်။
လမ်းဘေး လက်တွန်းလှည်း စျေးဆိုင်တွေက bunge-pang ကိုမြည်းစမ်းကြည့်ခြင်း။
မြေအောက်ရထားဘူတာရုံရဲ့ ထွက်ပေါက် 2 ကိုဖြတ်ပြီး တက္ကသိုလ်သို့ ဦးတည်သွားတဲ့ ပင်မလမ်း (Neung-Dong-Ro၊ 능동로 ) တစ်လျှောက် လမ်းဘေးအစားအစာဆိုင်တွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီဆိုင်တွေ အထဲမှာ ပဲနီယို ( pat , 팟 ) ဒါမှမဟုတ် ခရင်မ် ( shu cream , 슈크림 ) နဲ့ ပေါင်းထားတဲ့ ကိုရီးယား ငါးပေါင်မုန့် bungeo-ppang ( 붕어빵 ) ရောင်းတဲ့ ဆိုင်တွေရှိပြီး အလွန်သက်သာတဲ့စျေးနှုန်းနဲ့ ရနိုင်ပါတယ်။ ဒါကြောင့် အရသာ ၂ မျိုးလုံးကို စမ်းစားကြည့်သင့်ပါတယ်။
Seoul Children’s Grand Park လျှောက်လည်ပတ်ခြင်း။
Konkuk တက္ကသိုလ်ကိုကျော်ပြီး Neung-Dong-Ro ထိသွားတာနဲ့ Eorini Daegongwon ( 어린이대공원 ၊ အင်္ဂလိပ်နာမည် Children’s Grand Park ) လို့ခေါ်တဲ့ ပန်းခြံကြီးတခုကို ရောက်မှာဘဲ ဖြစ်ပါတယ်။ ဒီပန်းခြံမှာ ရိုးရာပုံစံအိမ်တော်တွေ၊ အနုပညာပြခန်းတွေ၊ တိရစ္ဆာန်ရုံနဲ့ အပန်းဖြေဥယျာဉ်ငယ်တို့ ရှိပါတယ်။ ဒါ့အပြင် ဒီပန်းခြံဟာ နွေဦးရာသီမှာ ချယ်ရီပင်တွေ ပွင့်တာကြောင့် အင်မတန် လှပပြီး အပန်းဖြေလို့ ကောင်းပါတယ်။
Comic & Book Café တွေမှာ အနားယူခြင်း
စာတွေလုပ်ရတာ ညီးငွေ့လာတဲ့အခါ Kondae မှာ နောက်ထပ် အကောင်းဆုံးအရာတွေထဲက တခုဖြစ်တဲ့ Comic Cafés တွေမှာ သွားရောက် အနားယူလို့ ရပါတယ်။ တစ်နာရီ ဝမ်နှစ်ထောင် ဝန်းကျင်ခန့်ဘဲ ပေးရတဲ့ ကော်ဖီဆိုင်တွေရှိပြီး ကာတွန်းတွေ ဒါမှမဟုတ် စာအုပ်အမျိုးအစား တော်တော်များများကို ဖတ်ရှုနိုင်ပါတယ်။ Kondae မှာ မြေအောက်ရထားထွက်ပေါက် 6 မှ ညာဘက်မှာ 놀숲 ( Nolsoop ) လို့ခေါ်တဲ့ ကော်ဖီဆိုင်တခု ရှိပါတယ် ။ ဆိုင်ရဲ့ ဆိုင်းဘုတ်အောက်မှာ အင်္ဂလိပ်စကားလုံး ‘Comic & Book Café’ ဖြစ်တာကြောင့် မှတ်မိလွယ် ရှာရလွယ်ကူပါတယ်။
တက္ကသိုလ် တက်နေရင်း စာတွေရော အချိန်ပိုင်းအလုပ်တွေနဲ့ရော ပင်ပန်းနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် နောက်ထပ် စိတ်လှုပ်ရှားစရာ အပန်းဖြေလို့ရမယ့် အရာတွေကျန်နေပါသေးတယ်။ ကျန်နေသေးတဲ့ Kondae ရောက်ရင် လုပ်ကြည့်သင့်တဲ့ ထိပ်တန်း ၄ ခုကို တင်ဆက်ပေးသွားမှာမလို့ စောင့်မျှော်နေကြပါနော်။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ်
09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။
အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်

Yangon Address – No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar
(+95) 09-440094094

Korea Address – Siltu Officetel, 76 Gyesan-ro, Gyeyang-gu, Incheon, South Korea.
(+82) 010-24971478
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ်
အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်







Leave a Reply
You must be logged in to post a comment.