Korea နိုင်ငံရဲ့ နာမည်ကြီးတက္ကသိုလ် ၃

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးကျောင်းတွေဖြစ်ကြတဲ့ Seoul National University၊ Korea University၊ Yonsei University (SKY) အကြောင်းလေးတွေကို တင်ဆက်‌ပေးလိုက်ပါတယ်။
🎓 Seoul National University
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာရှိပြီး အစိုးရတက္ကသိုလ် တခုဖြစ်ပါတယ်။ တက္ကသိုလ် main campus က Gwanak တွင်တည်ရှိပြီး နောက်ထပ် ကျောင်းဝင်းနှစ်ခုက Daehangno နှင့် Pyeongchang မှာတည်ရှိပါတယ်။ တက္ကသိုလ်တွင် ကောလိပ်နှင့် ဘွဲ့လွန်ကျောင်း စုစုပေါင်း ၂၇ ကျောင်း ပါဝင်ပါတယ်။ ကျောင်းသားပေါင်း ၃သောင်းကျော်လဲ လက်ရှိတက်ရောက်လျက် ရှိပါတယ်။
ကောလိပ် ၁၅ ခုတွင် ဘွဲ့ကြိုဒီဂရီ ပရိုဂရမ်ပေါင်း 83 ခုရှိပြီး မာစတာနှင့် ပါရဂူ ပရိုဂရမ်များအတွက် သက်ဆိုင်ရာ ဘာသာရပ် ၅ခုမှ ပရိုဂရမ် ၉၉ ခုပါသော ဘွဲ့လွန်ကျောင်းတစ်ကျောင်းရှိပါတယ်။ ပရော်ဖက်ရှင်နယ် ဘွဲ့လွန်ကျောင်း ၁၂ ကျောင်းရှိပါတယ်။ Condensed Matter Physics, Clinical Medicine, Materials Science အစရှိတဲ့ majors တွေဟာ SNU ကျောင်းမှာ နာမည်ကြီးပါတယ်။
🎓 Korea University
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာရှိတဲ့ ပုဂ္ဂလိကတက္ကသိုလ် တစ်ခုဖြစ်ပါတယ်။ 1905 ခုနှစ်တွင်တည်ထောင်ခဲ့ပြီး လက်ရှိ ကျောင်းသားပေါင်း ၃သောင်းကျော် တက်ရောက်လျက် ရှိပြီး ဘွဲ့ကြိုကျောင်းသား ၂သောင်းကျော်နဲ့ ဘွဲ့လွန်ကျောင်းသား ၁သောင်းကျော် ပညာသင်ကြားလျက် ရှိပါတယ်။ ကောလိပ် ၁၇ခု နှင့် ဘွဲ့လွန်ကျောင်း ၁၈ ကျောင်းရှိပါတယ်။
Politics program၊ economics program၊ chemical engineering program၊ communications program အစရှိတဲ့ majors တွေဟာ KU ကျောင်းမှာ နာမည်ကြီးပါတယ်။ တက္ကသိုလ်၏ 95% ကျော်ကို Ph.D သို့မဟုတ် ၎င်းတို့၏ နယ်ပယ်တွင် ဤအရည်အချင်းနှင့် ညီမျှတဲ့လက်မှတ် ကိုင်ဆောင်ထားတဲ့ အချိန်ပြည့်ဆရာများ ၁၅၀၀ ကျော်ရှိပါတယ်။
🎓 Yonsei University
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ပုဂ္ဂလိက ခရစ်ယာန်တက္ကသိုလ် တစ်ခုဖြစ်ပါတယ်။ Yonsei University Medical School သည် ၁၈၈၅ ခုတွင် စတင် တည်ထောင်ခဲ့ပြီး ကိုရီးယားတွင် အနောက်တိုင်းဆေးပညာကို လေ့ကျင့်နိုင်သော ပထမဆုံး ခေတ်မီဆေးရုံတက္ကသိုလ် ဖြစ်ခဲ့ပါတယ်။ အဆိုပါတက္ကသိုလ်တွင် ကောလိပ် ၁၉ခု နှင့် ဘွဲ့လွန်ကျောင်း ၁၆ ကျောင်းရှိပါတယ်။
Yonsei တက္ကသိုလ်ရဲ့ ဘာသာရပ်အလိုက် ကမ္ဘာ့တက္ကသိုလ် အဆင့်သတ်မှတ်ချက်တွင် ကိုရီးယားတက္ကသိုလ်များအနက် စီးပွားရေး၊ လူမှုရေးသိပ္ပံ၊ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးနှင့် စိတ်ပညာဘာသာရပ် ၄ခုတို့၌ အဆင့် ၁ တွင်ရပ်တည်နေတဲ့ တက္ကသိုလ် ဖြစ်ပါတယ်။ ကျောင်းသားပေါင်း ၄သောင်းနီးပါး တက်ရောက်လျက်ရှိပြီး ဘွဲ့ကြိုကျောင်းသား ၂သောင်း ၅ထောင်ကျော်နဲ့ ဘွဲ့လွန်ကျောင်းသား ၁သောင်းကျော် ပညာသင်ကြားလျက် ရှိပါတယ်။

Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
🇲🇲🏠Yangon Address – No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar ☎️ (+95) 09-440094094
🇰🇷🏠 Korea Address – Siltu Officetel, 76 Gyesan-ro, Gyeyang-gu, Incheon, South Korea. ☎️ (+82) 010-24971478

Latest