BTS ပါဝင်ရိုက်ကူးထားတဲ့ ရှိုးမျိုးစုံ 10 ခု

ARMY’s တွေ ရှိကြလား ? ဒီနေ့မှာတော့ အကုန်လုံးကြားဖူးပြီးသား K-pop idols ဖြစ်တဲ့ BTS ပါဝင်ရိုက်ကူးခဲ့တဲ့ reality ရှိုးတွေ၊ variety ရှိုးတွေ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ BTS fans ဆိုရင် အခုပြောပြသွားမယ့် ရှိုးဘယ်နှစ်ခုကို ကြည့်ဖူးလဲ၊ ဘယ်ရှိုးတွေက မကြည့်ရသေးဘူး ဆိုတာကို ကောမန့်မန့် သွားခဲ့ပါဦး။ ARMYs တွေ ဆိုရင်တော့ အနည်းဆုံး ရှိုး ၄ ခုလောက်ကိုတော့ ကြည့်ဖူးမယ် ထင်ပါတယ်။
1. BTS Rookie King
BTS Rookie King 2013 မှာ ရိုက်ကူးခဲ့တဲ့ ရှိုးတခုဖြစ်ပြီး BTS အဖွဲ့ဝင်‌တွေ အနေနဲ့ အဲ့အချိန်က နာမည်ကြီး တီဗီကြော်ငြာတွေနဲ့ ရှိုး‌တွေကို ဟာသဆန်ဆန် ပြန်လည်ရိုက်ကူးထားတဲ့ ပျော်စရာရှိုး တခုဖြစ်ပါတယ်။ ဒီရှိုးမှာ သူတို့ ဟင်းချက်တာတွေ၊ ကိုယ်ပိုင် ဂီတဗီဒီယိုတွေလဲ ဖန်တီးကြပြီး trainee တုန်းက နေ့ရက်တွေအကြောင်းကို ပြောကြပါတယ်။ စူပါစတားတွေ မဖြစ်ခင်ကတည်းက ပရိသတ်တွေအနေနဲ့ သူတို့ရဲ့နေထိုင်မှု ပုံစံတွေကို ကြည့်ရှုနိုင်ပါတယ်။ ဒီရှိုးကို ကြည့်ပြီး အဖွဲ့ဝင်တွေရဲ့ အစောပိုင်း ကာလတွေမှာ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ ကြိုးစားမှု နဲ့ ပျော်စရာအဖြစ်အပျက်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
2. In the Soop: Friendcation
In the Soop: Friendscation ကတော့ Hybe Corporation က ရိုက်ကူးတဲ့ တောင်ကိုရီးယား reality ရှိုး တခုဖြစ်ပါတယ်။ BTS နဲ့ Seventeen တို့ပါဝင်တဲ့ ဒီရှိုးမှာ Peakboy၊ Park Seo Joon၊ Choi Woo Shik၊ Park Hyung Sik နဲ့ BTS ရဲ့ V တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရှိုးမှာ အပိုင်းလေးပိုင်းပါရှိပြီး Wooga Squad လို့ လူသိများတဲ့ သူငယ်ချင်းတသိုက် လေးရက်ကြာ အားလပ်ရက်ကို ဘယ်လို ဖြတ်သန်းလဲ ဆိုတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇူလိုင်လ 22 ရက်၊ 2022 ရက်နေ့တွင် JTBC နှင့် Disney+ တွင် ပြသခဲ့ပြီး ကြည့်ရှုသူတွေကို လှပတဲ့ တောအုပ်ထဲမှာ စူးစမ်းခြင်း၊ ချက်ပြုတ်ခြင်းနှင့် တယောက်အကြောင်း တယောက် ပျော်ရွှင်စွာ ပြောကြပြီး သူတို့ရဲ့ နေ့စဉ်ဘဝတွေကို လိုက်ပါ ကြည့်ရှုနိုင်ပါ။
3. Run BTS!
Run BTS! ကို 2015 ခုနှစ်မှာ စတင်ရိုက်ကူးခဲ့ပြီး ဒီရှိုးဟာ အပိုင်းတွေအများဆုံး ထုတ်လွှင့်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ variety ရှိုးဘဲ ဖြစ်ပါတယ်။ အစက အပိုင်း 10 ပိုင်းသာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ရေပန်းစား လူကြိုက်များလာတာကြောင့် ဆက်လက် ရိုက်ကူးခဲ့တာ ဖြစ်ပါ။
ဒီရှိုးမှာ အဖွဲ့ဝင်တွေ အမျိုးမျိုး ပျော်စရာ ကစားနည်း‌တွေနဲ့ challenges တွေကို ပြုလုပ်ကြပြီး သူတို့ရဲ့ အဖွဲ့လိုက်လုပ်ဆောင်မှုတွေ၊ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ရိုက်ကူး ပြသထားပါ။ BTS အဖွဲ့ရဲ့ လူသိပ်မသိတဲ့ စွမ်းဆောင်ရည်တွေကို ပြသပြီး အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ ပရိသတ်ကြား ရင်းနှီးမှုကို ခိုင်မာစေတာကြောင့် တော်တော်လေး ‌လူကြိုက်များခဲ့ပါတယ်။
4. Knowing Bros
Knowing Bros (Knowing Brothers) မှာ BTS ဟာ သူတို့ရဲ့ ပျော်ပျော်နေတတ်တဲ့ ပုံစံကို ပြသခဲ့ပြီး ကိုယ်ရေးကိုယ်တာ ဇာတ်လမ်းတွေကို ပြောပြခဲ့ပါတယ်။ အဖွဲ့ဝင်တွေဟာ ပျော်ရွှင်စရာဂိမ်းတွေကို ဆော့ကစားခဲ့ကြပြီး hosts တွေနဲ့ အချိတ်အဆက် မိမိ ပါဝင်ခဲ့ပါတယ်။ BTS နဲ့ hosts တွေနဲ့ ရယ်စရာ အခိုက်အတန့်များစွာ ကြည့်ရှုနိုင်မယ့် ရှိုးဘဲဖြစ်ပါတယ်။ BTS ရဲ့ ဟာသဆန်ဆန် ဖျော်ဖြေတင်ဆက်မှုကို ဂိမ်းတွေ ဆော့ကစားပြီးတော့ ရိုက်ကူးထားပြီး BTS အကြောင်း ပိုမိုသိချင်တဲ့ သူတွေအတွက် ရှိုးကောင်းတခု ဖြစ်ပါတယ်။
5. Bon Voyage
Bon Voyage ဟာ BTS အဖွဲ့ဝင်တွေ မတူညီတဲ့ နိုင်ငံတွေကို စူးစမ်းလေ့လာတဲ့ ခရီးသွား reality ရှိုးတခု ဖြစ်ပါတယ် ။ ဒီရှိုးဟာ သူတို့ရဲ့ စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေ၊ တ‌‌ယောက်နဲ့ တယောက် အချိတ်ဆက်မိတဲ့ အခိုက်အတန့်တွေနဲ့ ယဉ်ကျေးမှုအမျိုးမျိုးရဲ့ အတွေ့အကြုံတွေကို ပြသထားပါ။ ပရိသတ်တွေအနေနဲ့ အဖွဲ့ဝင်တွေရဲ့ ပျော်ရွှင်မှု၊ အတွေ့အကြုံ အသစ်တွေရကြပြီး အဖွဲ့တခုအနေအဖြစ် ပိုမိုစည်းလုံးရင်းနှီး လာ‌တာကို ကြည့်ရမှာဘဲ ဖြစ်ပါတယ်။ Bon Voyage မှာ BTS ရဲ့ K-pop idols ပုံစံက ကွဲထွက်ပြီး တမူထူးခြားတဲ့ ပုံစံကို ကြည့်ရှုရမှာဖြစ်ပြီး သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ အဖွဲ့ဝင်တွေကြား အချိတ်အဆက်ရှိမှုတွေကို ကြည့်ရှုရမယ့် ရှိုးဘဲဖြစ်ပါတယ်။
ဒီနေ့မှာတော့ BTS ပါဝင်ရိုက်ကူးထားတဲ့ ရှိုးမျိုးစုံ ၁၀ ခု ထဲက 5 ခု ဖော်ပြခဲ့တာဖြစ်ပြီး နောက်ထပ်ကျန်နေသေးတဲ့ 5 ခုကို နောက်တပတ် ဒီလိုအချိန်မှာ တင်ဆက်သွားဦးမှာမလို့ ARMYs တွေအနေနဲ့ စောင့်မျှော်နေကြပါနော်။
#myanmar #myagoal #korea #Kpop #BTS #fan


Latest