Lisa ရဲ့ Moonlit Floor မှာပါတဲ့ သီချင်းစာသားကြောင့် တကယ်ဘဲ date နေပြီလား ? (18.11)

Lisa ဟာ 2024 ခုနှစ်မှာ ပရိသတ်တွေ‌ရှေ့ ပြန်လာဖို့ တော်တော်လေးပြင်ဆင်ထားပြီး ပထမဦးဆုံး ဇွန်လမှာတော့ တစ်ကိုယ်တော် comeback ကို ROCKSTAR သီချင်းနဲ့ ထုတ်လွှင့်ခဲ့ပါတယ်။ ဒီသီချင်းဟာ MONEY နဲ့ LALISA တို့နောက်ပိုင်း တော်တော်လေးပေါက်သွားခဲ့ပြီး TikTok မှာ ရေပန်းစားခဲ့ပါတယ်။ ROCKSTAR သီချင်းထွက်ပြီး သိပ်မကြာခင်မှာဘဲ သြဂုတ်လမှာ စပိန်အဆိုတော် Rosalia နဲ့အတူ သီဆိုထားတဲ့ New Woman ကို ထုတ်ဝေခဲ့ပါတယ်။ ဒီ New Woman သီချင်းနဲ့ဘဲ Best Collaboration ဆုကို 2024 ခုနှစ် MTV Europe Music Awards မှာရရှိခဲ့ပါတယ်။

Lisa ဟာ ယခုနှစ်မှာ Victoria’s Secret ပွဲမှာလဲ ဖျော်ဖြေခဲ့ပြီး Victoria’s Secret ပွဲမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး K-pop idol အဖြစ်သာမက ပထမဆုံးဦးဆုံး အရှေ့တောင်အာရှ အမျိုးသမီးလည်း ဖြစ်လာခဲ့ပါတယ်။ အောက်တိုဘာလမှာတော့ Lisa ရဲ့ Moonlit Floor သီချင်းဟာ ထွက်ရှိခဲ့ပြီး ဒီသီချင်းထဲမှာပါတဲ့ lyrics ကြောင့်လဲ dating rumor ကို ပိုမိုကျယ်လောင်လာစေခဲ့ပါတယ်။ BLACKPINK အဖွဲ့ဝင် Lisa ဟာ Moonlit Floor သီချင်းထဲမှာ ပါတဲ့ စာသားကြောင့် dating rumor ထွက်နေတဲ့ Frédéric Arnault ကို ရည်ညွှန်းထားတာ ဖြစ်နိုင်တယ်ဆိုပြီး ကောလဟာလသတင်း ထပ်မံထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ BLACKPINK ရဲ့ Lisa က Moonlit Floor မှာ သီချင်းစာသားနဲ့ ပတ်သက်ပြီး တကယ်ပဲ Frédéric Arnault အကြောင်းလားဆိုတာ သူကိုယ်တိုင် ထုတ်ဖော်ပြောလိုက်ပါတယ်။

Lisa ဟာဒီနှစ်တွေမှာ တေးသီချင်းအသစ်တွေထွက်ရှိတာတွေအပြင် ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ The White Lotus Season 3 မှာ ပါဝင်သရုပ်ဆောင်ပြီး debut အတွက် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ lisa ဟာ အပန်းဖြေမန်နေဂျာ character အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် lisa ဟာ ရှိုးတော်တော်များနဲ့လဲ အင်တာဗျူးတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Lisa ရဲ့ အချစ်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ကောလဟာလတွေဟာ 2023 ခုနှစ်လောက်ကတည်းက စတင်ခဲ့ပြီး ဒီနောက်ပိုင်းမှာ ပိုမိုကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ပေမယ့်လဲ Lisa ကတော့ ဒီလိုကောလဟာလတွေနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့ပါတယ်။ Billboard နဲ့ပြုလုပ်တဲ့ interview session တစ်ခုမှာ‌တော့ lisa ကို ပြင်သစ်စီးပွားရေးသမား Frédéric Arnault နဲ့ ပတ်သက်တဲ့ dating rumor တွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။

မကြာသေးခင်က Billboard နဲ့ အင်တာဗျူးမှာ lisa ကို နောက်ဆုံးထွက်သီချင်း Moonlit Floor ထဲက စာသားဖြစ်တဲ့ ‘green-eyed French boy’ နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ ဒါပေမဲ့ lisa ကတော့ ဒီလိုမေးမြန်းတာကို “Well, I didn’t write the song.” ဆိုပြီး သီချင်းကို သူ ရေးထားတာ မဟုတ်ကြောင်း မခို့တရို့ မှတ်ချက်ပေးခဲ့ပါတယ်။ Moonlit Floor ထဲက သီချင်းစာသားကြောင့် လူတော်တော်များက dating rumor နဲ့ ပတ်သက်ပြီး confirmed လိုက်ပြီဆိုပြီး ထင်နေကြပေမဲ့ အခုလိုပြောလိုက်တာကြောင့် အကုန်လုံး ဇဝေဇဝါ ဖြစ်စေခဲ့ပါတယ်။ ဆိုတော့ ပရိသတ်ကြီးရော ဘယ်လိုထင်ကြလဲ ?

#myanmar #korea #BlackPink #entertainment #kpop #Lisa #myangoal


Latest