0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
part 2 / tips for K-pop concert
Mar 19, 2025
—
by
Milo Kevin
in
Entertainment
ဒီနေ့မှာတော့ ကိုရီးယားက K-pop ဖျော်ဖြေပွဲတွေ သွားတဲ့အခါ အထောက်အကူဖြစ်စေမယ့် အချက် ၈ ချက်ထဲက ကျန်နေသေးတဲ့ အချက်တွေကို ပြောပြပေးလိုက်ပါတယ်။ ဒီလိုအချက်တွေကို ပြင်ဆင်ထားတာဟာ K-pop ဖျော်ဖြေပွဲတွေ သွားရင် အခက်အခဲတွေ နည်းသွားမှာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာတွေအနေနနဲ့လဲ ဖျော်ဖြေပွဲက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာခြင်းဖြင့် ပုံရိပ်ကောင်းတွေကို ထိန်းထားနိုင်မှာဘဲ ဖြစ်ပါတယ်။
5. Dress code
K-pop ဖျော်ဖြေပွဲရဲ့ ထူးခြားချက်တစ်ခုကတော့ ပရိသတ်တွေအတွက် ဝတ်စားဆင်ယင်မှုအတွက် (Dress code) ရှိတာဘဲ ဖြစ်ပါတယ်။ ဒီဟာကို အတိအကျလိုက်နာရမယ်လို စည်းမျဉ်းထုတ်ထားတာမဟုတ်ပေမယ့်လည်း လူတိုင်း တူညီတဲ့ဝတ်စားဆင်ယင်မှုပုံစံနဲ့ လာရင် ပိုပြီးတော့ ဖျော်ဖြေပွဲရဲ့ concept နဲ့ ကိုက်ညီမှာဘဲ ဖြစ်ပါတယ်။ ဖျော်ဖြေပွဲနေ့မတိုင်ခင် တစ်ပတ်အလိုလောက်မှာ Dress code ကို ကြေညာပေးတာကြောင့် ကိုယ်ဝတ်ချင်တာကို စီစဉ်ဖို့ အချိန်လဲ ရပါတယ်။
6. လက်မှတ်တွေ ထုတ်ရမယ့်နေရာ။
နောက်တစ်ခု သတိထားရမယ့် အချက်ကတော့ physical tickets တွေကို ဘယ်မှာထုတ်ရမလဲ ဆိုတာဖြစ်ပါတယ်။ K-pop ဖျော်ဖြေပွဲ လက်မှတ်တွေကို များသောအားဖြင့် online ကနေ ဝယ်ယူလေ့ရှိတာကြောင့် physical tickets တွေကို ဖျော်ဖြေပွဲနေ့မှာ ထုတ်ယူနိုင်မှာဘဲ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာလဲ လက်မှတ်အတုတွေ၊ တရားမဝင် ရောင်းချတာတွေကို ဟန့်တားနိုင်ဖို့ဖြစ်ပါတယ်။ လက်မှတ်ထုတ်ယူဖို့အတွက် လက်မှတ်ပိုင်ရှင်တွေရဲ့ နာမည်တွေကို အက္ခရာစဉ် အလိုက် တန်းစီထားတဲ့ တဲတွေနဲ့ တွေ့ရပါမှာဖြစ်ပြီး K နဲ့ စတဲ့သူဟာ K အက္ခရာကပ်ထားတဲ့ တဲကိုသွားရမှာဘဲဖြစ်ပါတယ်။ ဖျော်ဖြေပွဲကျင်းပမယ့် နေရာကိုလဲ အနည်းဆုံး ၂ နာရီလောက် ကြိုတင်ရောက်ရှိနေဖို့လည်း လိုအပ်ပါတယ်။ ဒါမှ လက်မှတ်တွေ လဲတဲ့အခါမှာ အေးဆေးလဲနိုင်ပြီး ခန်းမထဲကို ဝင်ဖို့ မိနစ် 30 လောက် တန်းစီရတာကြောင့် ကြိုသွားတာအကောင်းဆုံးဖြစ်ပါတယ်။
7. ဆောင်ထားသင့်တဲ့ ပစ္စည်းတွေ
မဖြစ်မနေ ယူဆောင်လာရမယ့် အရာတွေကတော့ ပတ်စ်ပို့ ဒါမှမဟုတ် သက်သေခံကတ်အပြင် လက်မှတ်ဝယ်ယူထားတဲ့ ဖြတ်ပိုင်းကို PDF ပုံစံနဲ့ ယူလာရမှာဘဲ ဖြစ်ပါတယ်။ အိတ်ဆောင်ပန်ကာ၊ ထီး၊ power bank၊ နဲ့ ဆောင်းရာသီမှာ ပွဲလုပ်တယ်ဆိုရင် အနွေးထည်၊ hot pack တို့ကိုလဲ ဆောင်ထားဖို့ အကြံပြုပါတယ်။
8. Rules and restrictions တွေကို သေချာလိုက်နာပါ။
K-pop ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ကန့်သတ်ချက်တွေကို လိုက်နာပါတယ်။ တချို့ပွဲတွေမှာဆို လွယ်တဲ့ အိတ်အရွယ်အစား ကန့်သတ်ထားတာ ရှိပါတယ်။ သူတို့ ခွင့်ပြုထားတဲ့ အရွယ်အစားထက် ပိုကြီးနေရင် extra charges ပိုပေးရပါတယ်။ ဒါကြောင့် သတ်မှတ်ထားစည်းကမ်းတွေကို သိဖို့လဲ လိုအပ်ပါတယ်။ Recording devices တွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး ပြင်ပအစားအစာနဲ့ သောက်စရာတွေကိုလဲ ခွင့်မပြုကြပေမယ့် ရေဘူးလောက်ကတော့ ခွင့်ပြုပေးပါတယ်။ ဒါ့အပြင် ဖျော်ဖြေပွဲစပြီးမှ နောက်ကျမှ ရောက်လာရင်လဲ ဝင်ခွင့်မပေးတာမျိုးလဲ ကြုံရနိုင်တာကြောင့် စောစောသွားဖို့ အကြံပေးပါတယ်။
#kpop #concerts #festivals #entertainment #korea #myanmar #myangaol
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
ဆိုးလ်က အကောင်းဆုံး စျေးဝယ်စင်တာ 9 ခု
Next:
iOS အကြီးမားဆုံး ပြောင်းလဲမှုတွေပါဝင်လာမယ့် iOS 19
→
Latest
“လူသားမျိုးနွယ်အတွက် နောက်ဆုံးကျန်ရှိနေတဲ့ ၃၅ နှစ်”
“လူသားမျိုးနွယ်အတွက် နောက်ဆုံးကျန်ရှိနေတဲ့ ၃၅ နှစ်”နိုဘယ်လ်ရူပဗေဒဆုရှင် ဒေးဗစ်ဂရော့စ်က ကမ္ဘာကြီးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ရင်လေးစရာကောင်းတဲ့ ခန့်မှန်းချက်တစ်ခုကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။…
Read more
: “လူသားမျိုးနွယ်အတွက် နောက်ဆုံးကျန်ရှိနေတဲ့ ၃၅ နှစ်”
Siri ရဲ့ ဦးနှောက်အဖြစ် Gemini AI က တာဝန်ယူတော့မယ့် နည်းပညာခေတ်သစ်”
Apple နဲ့ Google တို့ရဲ့ မဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားရတဲ့ ပူးပေါင်းမှုဟာ အခုတော့ လက်တွေ့ဖြစ်လာခဲ့ပါပြီ။ Google…
Read more
: Siri ရဲ့ ဦးနှောက်အဖြစ် Gemini AI က တာဝန်ယူတော့မယ့် နည်းပညာခေတ်သစ်”
စျေးကွက်မရှိတော့တဲ့ Galaxy Z TriFold
စျေးကွက်မရှိတော့တဲ့ Galaxy Z TriFold Samsung ရဲ့ ဆန်းသစ်လှတဲ့ နှစ်ဆင့်ခေါက်ဖုန်း Galaxy Z…
Read more
: စျေးကွက်မရှိတော့တဲ့ Galaxy Z TriFold
Nvidia ရဲ့ CEO Jensen Huang က နည်းပညာလောကကို တုန်လှုပ်စေမယ့် သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။
Nvidia ရဲ့ CEO Jensen Huang က နည်းပညာလောကကို တုန်လှုပ်စေမယ့် သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။…
Read more
: Nvidia ရဲ့ CEO Jensen Huang က နည်းပညာလောကကို တုန်လှုပ်စေမယ့် သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။
Gmail အသုံးပြုသူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ “Gmail လိပ်စာ
Gmail အသုံးပြုသူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ “Gmail လိပ်စာ ပြောင်းလဲခြင်း” ဝန်ဆောင်မှုကို Google က…
Read more
: Gmail အသုံးပြုသူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ “Gmail လိပ်စာ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.