တောင်ကိုရီးယားရဲ့ ရိုးရာယဉ်ကျေးမှုကို ခံစားကြမယ် Part-2

ဆိုးလ်ဟာ ရှေးနဲ့ ခေတ်သစ်ကို ပေါင်းစပ်ထားတဲ့ မြို့တစ်မြို့ဖြစ်ပြီး ကိုရီးယားရဲ့ ရိုးရာဓလေ့တွေကို လေ့လာဖို့ အခွင့်အလမ်းတွေ အများကြီးပေးပါတယ်။ သမိုင်းဝင်ကျေးရွာတွေမှာ လျှောက်လည်ခြင်း၊ လက်မှုပညာတွေ လေ့လာခြင်း၊ ရိုးရာအစားအစာတွေ စားသောက်ခြင်းတွေက ကိုရီးယားယဉ်ကျေးမှုကို ပိုမိုပြီး နားလည်စေတာကြောင့် ဒီနေ့မှာလည်း ကျန်နေသေးတဲ့ ရိုးရာ activities တွေကို ထပ်မံဖော်ပြလိုက်ပါတယ်။

၆။ Gyeongbokgung (경복궁) နန်းတော်ရဲ့ လုံခြုံရေးပြောင်းတဲ့ အစီအစဉ်ကို သွားကြည့်ပါ

ကိုရီးယားရဲ့ သမိုင်းဝင်နန်းတော်တွေထဲက အကြီးဆုံးဖြစ်တဲ့ **yeongbokgung (경복궁) နန်းတော်** ကို လည်ပတ်ပါ။ ဂျိုဆွန်ခေတ်က လုံခြုံရေးအစီအစဉ်ကို ပြန်လည်ပြုလုပ်ထားပြီး ဒါဟာ အင်္ဂလန်နန်းတော်က အစောင့်တွေ လဲတဲ့ပုံစံမျိုးနဲ့လည်း ဆင်တူပါတယ်။ ဒီနန်းတော်ရဲ့ နေရာတော်တော်များဟာ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာတွေ ဖြစ်ပါတယ်။

၇။ ရိုးရာလက်မှုပညာကို လေ့လာပါ

ဆိုးလ်မှာ ရိုးရာလက်မှုပညာ workshops တွေ အများကြီးရှိပါတယ်။ Hanji (한지) (ရိုးရာကိုရီးယားစက္ကူ) လုပ်တာ ဒါမှမဟုတ် “janggu” (장구) (ရိုးရာစည်) လုပ်တဲ့အတတ်တွေကို လေ့လာနိုင်ပါတယ်။ ဒီ activity ဟာ ကိုရီးယားရဲ့ အနုပညာလက်ရာတွေကို လေ့လာရင်း ကိုယ်ပိုင်လက်မှုပစ္စည်းတွေ ဖန်တီးနိုင်ပါတယ်။

၈။ ဘုန်းကြီးကျောင်းတွေမှာ နားခိုပါ

ကိုရီးယားရဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ပိုမိုနားလည်ဖို့ ဆိုးလ်အနီးက ဘုန်းကြီးကျောင်းတွေမှာ နားခို ကြည့်နိုင်ပါတယ်။ တရားထိုင်ခြင်း၊ လက်ဖက်ရည်တဲ့ အခမ်းအနားတွေနဲ့ အစားအသောက်တွေ ပါဝင်တဲ့ ဒီအစီအစဉ်တွေဟာ မြို့ပြရဲ့ စည်ကားမှုကနေ အနားယူဖို့ အကောင်းဆုံးနေရာ ဖြစ်ပါတယ်။

၉။ ရိုးရာကစားနည်းတွေကို ကစားပါ

Yutnori 윷놀이 (တုတ်တွေနဲ့ ကစားတဲ့ ကစားနည်း) ဒါမှမဟုတ် Tuho 투호 (မြားပစ်ကစားနည်း) လို ရိုးရာကစားနည်းတွေကို ကစားပါ။ ဒီကစားနည်းတွေဟာ ပွဲတော်တွေနဲ့ ရုံးပိတ်ရက်တွေမှာ ကစားလေ့ရှိပြီး ကိုရီးယားဓလေ့တွေကို လေ့လာရင်း မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ ပျော်ရွှင်စရာ အချိန်တွေ ဖန်တီးနိုင်ပါတယ်။

၁၀။ ဂျိုဆွန်ခေတ် တော်ဝင်စားသောက်ပွဲကို ခံစားပါ

ကိုရီးယား ယဉ်ကျေးမှု activities ကို ကိုရီးယားဘုရင်တွေရဲ့ တော်ဝင်စားတော်ပွဲနဲ့ အဆုံးသတ်ပါ။ ဂျိုဆွန်ခေတ်က ဘုရင်တွေ၊ မိဖုရားတွေ စားသုံးခဲ့တဲ့ စားသောက်ပွဲအတိုင်း ပြင်ဆင်ထားတဲ့ ဒီစားတော်ပွဲဟာ ရာသီအလိုက် ပါဝင်ပစ္စည်းတွေနဲ့ ပြင်ဆင်ထားတာဖြစ်ပြီး ကိုရီးယားဟင်းလျာရဲ့ ဟန်ချက်ညီမှုကို ဖော်ပြနေပါတယ်။

#Korea #Traditional #entertainment #culture


Latest