တောင်ကိုရီးယားရဲ့ ရိုးရာယဉ်ကျေးမှုကို ခံစားကြမယ်

ဆိုးလ်မြို့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အမြဲစည်ကားနေတဲ့ မြို့တော်ဖြစ်တဲ့အပြင် ခေတ်သစ်နဲ့ ရိုးရာယဉ်ကျေးမှုတွေ ရောယှက်နေတဲ့ နေရာတစ်ခုပါ။ မြင့်မားတဲ့ အဆောက်အအုံတွေ၊ K-pop ယဉ်ကျေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီမြို့ကြီးမှာ ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိပြီဖြစ်တဲ့ ရိုးရာဓလေ့တွေကို ခံစားလို့ရပါတယ်။ ဆိုးလ်ကို ရောက်ပြီဆိုရင် ဒီမြို့ရဲ့ ရိုးရာ activities တွေကို မဖြစ်မနေ လုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

၁။ Bukchon Hanok Village (북촌한옥마을)  ကို လျှောက်လည်ပါ

ကိုရီးယားရဲ့ ရိုးရာဝတ်စုံဖြစ်တဲ့ Hanbok (한복) ကို ဝတ်ဆင်ပြီး ရိုးရာယဉ်ကျေးမှုကို ခံစားကြည့်ပါ။ Hanbok (한복) ကို Bukchon Hanok Village (북촌한옥마을) အနီးက ငှားရမ်းဆိုင်တွေမှာ ငှားလို့ရပါတယ်။ ဒီကျေးရွာဟာ ရိုးရာကိုရီးယားအိမ်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ပြီး လမ်းကြောင်းကျဉ်းလေးတွေကြားမှာ လျှောက်လည်ရင်း ရှေးခေတ်ကိုရီးယားကို ပြန်လည်ရောက်ရှိသလို ခံစားရမှာပါ။

၂။ ရိုးရာလက်ဖက်ရည် စမ်းသောက်ကြည့်ပါ

ကိုရီးယားရဲ့ လက်ဖက်ရည်ယဉ်ကျေးမှုဟာ စိတ်ကို ငြိမ်သက်စေပြီး အာရုံစိုက်မှုကို မြှင့်တင်ပေးတဲ့ အနုပညာတစ်မျိုးပါ။ Insadong (인사동) က ရိုးရာလက်ဖက်ရည်ဆိုင်တွေမှာ ရိုးရာလက်ဖက်ရည်သောက်တာ ခံစားနိုင်ပါတယ်။ nokcha 녹차 (လက်ဖက်စိမ်း) ဒါမဟုတ် Omija 오미자 (အရသာငါးမျိုးရှိတဲ့ ဘယ်ရီလက်ဖက်ရည်) လို ကိုရီးယားရိုးရာလက်ဖက်ရည် အမျိုးမျိုးကို သောက်သုံးရင်း ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာ အေး‌ဆေးနားနေနေင်ပါတယ်။

 ၃။ ကင်ချီလုပ်တဲ့ workshops တွေကို လေ့လာပါ

ကင်ချီဟာ ကိုရီးယားရဲ့ နာမည်ကြီး အချဉ်ဖောက်ထားတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပြီး ယဉ်ကျေးမှုဆိုင်ရာ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။ ကင်ချီလုပ်နည်း workshops တွေကို တက်ရောက်ပြီး ဒီဟင်းလျာရဲ့ လျှို့ဝှက်ချက်တွေကို လေ့လာနိုင်ပါတယ်။ လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေ ရွေးချယ်ခြင်းကနေ အချဉ်ဖောက်ခြင်းအထိ လုပ်ငန်းစဉ်တွေကို လေ့လာရင်း ကိုရီးယားဟင်းလျာတွေကို ပိုမိုနားလည်လာမှာပါ။ ပြီးရင် ကိုယ်တိုင်လုပ်ထားတဲ့ ကင်ချီကို အိမ်ပြန်ယူသွားလို့လည်း ရပါတယ်။

၄။ ကိုရီးယားစာပေရေးခြင်း  “Seoye” (서예) ကို လေ့လာပါ

ကိုရီးယားစာပေအလှရေးခြင်း ဒါမှမဟုတ် *Seoye (서예)* ဟာ အနုပညာနဲ့ ဘာသာစကားကို ပေါင်းစပ်ထားတဲ့ လှပတဲ့ အနုပညာတစ်မျိုး ဖြစ်ပါတယ်။ စာပေရေးခြင်းသင်တန်းတွေကို တက်ရောက်ပြီး စုတ်တံနဲ့ မင်ကို အသုံးပြုကာ ကိုရီးယားစာလုံးတွေကို ရေးတတ်အောင် လေ့လာနိုင်ပါတယ်။ ဒီလှုပ်ရှားမှုဟာ ကိုရီးယားယဉ်ကျေးမှုကို ပိုမိုနားလည်စေရုံသာမက အမှတ်တရပစ္စည်းတစ်ခုအဖြစ်လည်း သိမ်းထားနိုင်မှာပါ။

၅။ Jeongdong Theater (정동극장) မှာ ရိုးရာပြဇာတ်ကို ကြည့်ပါ

ကိုရီးယားရဲ့ ရိုးရာအနုပညာတွေကို ခံစားဖို့ Jeongdong 정동မှာ ပြဇာတ်တစ်ခုခု ကြည့်ပါ။ Samul nori 사물놀이 (တူရိယာတီးမှုတ်ပြဇာတ်) ဒါမဟုတ် Buchaechum (부채춤) (ယပ်တောင်နဲ့ ကတဲ့ ပြဇာတ်) လို ပြဇာတ်တွေဟာ ကိုရီးယားရဲ့ အနုပညာလက်ရာတွေကို ပြသပေးပါတယ်။ ဒီပြဇာတ်တွေဟာ ကိုရီးယားရိုးရာ အနုပညာကို ကြည့်ရင်း အပန်းဖြေစေမှာပါ။

နောက်ရက်တွေကျရင်လည်း ကိုရီးယားနိုင်ငံရဲ့ ဆိုးလ်မြို့တော်မှာ ဘယ်လိုမျိုး ရိုးရာ activities တွေကို လုပ်နိုင်ဦးမလည်းဆိုတာ ပြောပြပေးဦးမှာမလို့ စောင့်မျှော်နေကြပါနော်။

#Korea #Traditional #entertainment #culture


Latest