ကိုရီးယား ရိုးရာကစားနည်းတွေနဲ့အတူ ယဉ်ကျေးမှုနှင့် ပျော်ရွှင်မှုတွေကို ခံစားလိုက်ပါ

ကိုရီးယားရိုးရာပွဲတော်တွေရဲ့ စည်ကားသိုက်မြိုက်တဲ့ ကမ္ဘာထဲကို ဝင်ရောက်လိုက်ပြီဆိုတာနဲ့ ရိုးရာကစားနည်းတွေကို ကျန်ထားခဲ့လို့ မရပါဘူး။ ဒီကစားနည်းတွေဟာ သာမန်ကစားတာထက် ပိုပြီး သမိုင်း၊ နည်းဗျူဟာနဲ့ စည်းလုံးမှုတို့ကို ပြသတဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။ 🎎 

ရှေးခေတ်ကနေ ယနေ့ခေတ်သစ်မိသားစုတွေအထိ၊ ဒီကစားနည်းတွေဟာ မျိုးဆက်အဆင့်ဆင့် ပျော်ရွှင်မှုနဲ့ ယဉ်ကျေးမှုဂုဏ်ယူစိတ်တွေကို ယူဆောင်လာပေးခဲ့ပါတယ်။ ကိုရီးယားရဲ့ အမိုက်ဆုံး ရိုးရာကစားနည်းတချို့နဲ့ ဒီကစားနည်းတွေရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေကို အတူတူ လေ့လာကြည့်ရအောင်။ 🎲✨  

🎲 Yut Nori 윷놀이 (သစ်သားချောင်းနဲ့ ကစားနည်း): နည်းဗျူဟာနဲ့ ရိုးရာဓလေ့တို့ ပေါင်းစပ်ခြင်း**  

Yut Nori ကတော့ ကိုရီးယားရိုးရာ ကစားနည်းတွေထဲမှာ နာမည်အကြီးဆုံး ဖြစ်ပါတယ်။ 🏆 ရိုးရှင်းတဲ့ စည်းမျဉ်းနဲ့ နက်ရှိုင်းတဲ့ နည်းဗျူဟာတွေကြောင့် ဒီကစားနည်းဟာ ရာစုနှစ်ပေါင်းများစွာ လူကြိုက်များခဲ့ပါတယ်။ ဒါ့အပြင် ဒီကစားနည်းကို ရှေးအခါက စစ်သည်တွေ နည်းဗျူဟာနဲ့ ကြိုတင် တွေးတောနိုင်စွမ်းအတွက် လေ့ကျင့်ဖို့ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ 🛡️ 

ဒါပေမယ့် ယနေ့ခေတ်မှာတော့ ဒီကစားနည်းကို မိသားစုစုဝေးပွဲတွေမှာ ဆော့ကစားတဲ့အခါ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပြီး တုတ်ချောင်းတွေကို လှိမ့်ပြီး အံစာတုံးလိုမျိုး အသုံးပြု ဆော့ကစားကြတာ ဖြစ်ပါတယ်။ 🎯  

🃏 Hwa-Tu 화투 (ကတ်ကစားနည်း): ဇာတ်လမ်းတွေ၊ ရိုးရာပုံပြင်တွေနဲ့အတူ ကတ်ကစားခြင်း**  

Hwa-Tu ကတော့ သာမန် ကတ်ကစားနည်း တစ်ခုထက် ပိုပါတယ်။ ဒီကစားနည်းဟာ ကိုရီးယား ရိုးရာပုံပြင်တွေကို နားထောင်နိုင်မယ့် သော့ချက်တစ်ခု ဖြစ်ပါတယ်။ 📖 အားလပ်ချ်န် မိသားစုတွေ စုဝေးကစားကြတဲ့အခါ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ ဒဏ္ဍာရီနဲ့ ရှေးဟောင်းပုံပြင်တွေကို မျှဝေကြပါတယ်။ ဒီကစားနည်းဟာ တနည်းအားဖြင့် အတိတ်နဲ့ ပစ္စုပ္ပန်ကို ဆက်သွယ်ပေးထားတဲ့ တံတားတစ်စင်းဖြစ်ပြီး ဘိုးဘွားတွေ၊ မိဘတွေနဲ့ ကလေးတွေကို ရယ်မောမှုတွေနဲ့အတူ အမှတ်တရကောင်းတွေ ရရှိစေမှာပါ။ 🥰 ဒီလိုမျိုး ကတ်ကစားနည်း တစ်ခုဟာ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေ ပါဝင်တာဟာ ကိုရီးယားရိုးရာမှာဘဲ ရှိပါတယ်။ ✨  

နောက်ရက်တွေကျရင်လည်း အားလပ်ချိန်မှာ ကိုရီးယားလူမျိုးတွေ ဆော့ကစားလေ့ရှိကြတဲ့ ရိုးရာကစားနည်းတွေကိုလည်း ပြောပြပေးဦးမှာမလို့ စောင့်မျှော်နေကြပါနော်။

#Korea #traditional #game #entertainment


Latest