အဲ့ဒီအစားအစားကတော့ Dwaeji gukbap လို့ခေါ်တဲ့ ဟင်းလျာဖြစ်ပါတယ်။ Dwaeji gukbap (돼지국밥) ကတော့ ကိုရီးယားစွပ်ပြုတ်တစ်မျိုးပြီး ဝက်သားရယ်၊ ဟင်းရည်နဲ့ ထမင်းတို့ကို ပေါင်းစပ်ပြုလုပ်ထားတဲ့ နာမည်ကြီး ကိုရီးယား အစားအစာ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ဟင်းချိုကိုတော့ ဝက်အရိုးပြုတ်ရည်၊ ပဲငံပြာရည်၊ မီဆိုတော့ ဆန်အရက်၊ နှမ်းဆီတို့နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဝက်ရိုးရဲ့ ခြင်ဆီထဲမှာ ကော်လာဂျင်တွေ ကြွယ်ဝစွာပါဝင်ပြီး ဟင်းရည်ရဲ့ အရသာကိုလဲ အနည်းငယ် ထူခြားစေပါတယ်။
ဇာစ်မြစ်
Dwaeji gukbap ဟာ ကိုရီးယားစစ်ပွဲအပြီး ဘူဆန်မြို့မှာ ပေါ်ပေါက်လာတာဖြစ်ပြီး စစ်ဘေးဒုက္ခသည်တွေဟာ အမေရိကန် စစ်အခြေစိုက်စခန်းတွေက ပိုလျှံနေတဲ့ ဝက်အရိုးတွေကို ပြုတ်ပြီး အရသာရှိအောင် ပြန်လည်ပြုပြင်ပြီး စားကြတာဖြစ်ပါတယ်။
အရသာကတော့ ဝက်ရိုးပြုတ်ရည်ကြောင့် ဟင်းချိုက တော်တော်လေး အရသာရှိပြီး gochujang (ငရုတ်သီးအနီ) နဲ့ ပုဇွန်ဆားနယ်တွေ ထပ်ရောပြီး စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။
နာမည်ကြီးကျော်ကြားမှု
Dwaeji gukbap ဟာ ဘူဆန်မြို့က လူကြိုက်များတဲ့ ဟင်းလျာတစ်ခု ဖြစ်ရုံသာမက ကိုရီးယားတနိုင်ငံလုံး အသက်အရွယ်မရွေး နှစ်ခြိုက်စွာ စားသုံးနိုင်ပါတယ်။
စားသောက်ဆိုင်များ
dwaeji gukbap ရနိုင်တဲ့ ဘူဆန်က လူကြိုက်များတဲ့ စားသောက်ဆိုင်တချို့ကတော့
Pohang Dwaeji Gukbap : ဘူဆန်က Seo-myeon Market နားမှာရှိပြီး ဒေသထွက်အစားအစာ တွေနဲ့ နာမည်ကြီးတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။
Ssangdoongi Dwaeji Gukbap – ဒီဆိုင်ရဲ့ ဝက်သားလွှာတွေကတော့ တခြားဆိုင်တွေနဲ့ မတူဘဲ တမူထူးခြားတယ်လို့ ပြောကြပါတယ်။
Miryang Sundae Dwaeji Gukbap : ဒီဆိုင်ရဲ့ စွပ်ပြုတ်မှာတော့ ဝက်သားတုံးတွေ ဝက်သွေးအူချောင်းတွေနဲ့ ပြုလုပ်ထားတာကြောင့် နာမည်ကြီး Busan က စားသောက်ဆိုင် ဖြစ်ပါတယ်။
#korea #myangoal #myanmar #busan #food






