ဘူဆန်ရဲ့ Gwangalli ကမ်းခြေကိုရောက်လို့ ရှုခင်းကောင်းကောင်းနဲ့ ဓာတ်ပုံရိုက်လို့ကောင်းမယ့်ဆိုင်၊ အေဆေးလေး chill လို့ရမယ့် ကော်ဖီဆိုင်လေးတွေကို သိချင်ရင်တော့ ဖတ်ကြည့်ကြည့်လိုက်ပါ။ 😉😉👇👇
Your Type Brunch Cafe 유어타입
Your Type ကတော့ Gwangan ဘူတာမ ထွက်ပေါက် 1 မှာရှိတဲ့ ချစ်စရာကောင်းတဲ့ ကော်ဖီဆိုင်လေးဖြစ်ပါတယ်။ စားသောက်ဆိုင်ရဲ့ ပါဝင်ပစ္စည်းတွေကို နေ့စဉ် လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားပြီး ဈေးနှုန်းလည်း အလွန်သက်သာပါတယ်။ ဒါ့အပြင် ဒီဆိုင် အတွင်းပိုင်းကို အမြဲတမ်း လှပစွာ အလှဆင်ထားတာကြောင့် ဓာတ်ပုံရိုက်ဖို အကောင်းဆုံးနေရာဖြစ်ပါတယ်။
လိပ်စာ- 부산 수영구 광남로 189-1
189-1 Gwangnam-ro, Gwangan 2(i)-dong, Suyeong-gu, Busan
ဆိုင်ဖွင့်ချိန်- တနင်္လာ-သောကြာ 09:00-18:00 (နောက်ဆုံးအော်ဒါ 17:00)
စနေ-တနင်္ဂနွေ 09:00-19:00 (နောက်ဆုံးအော်ဒါ 18:00)
Chasunchaek 차선책
Gwangan တံတားနဲ့ ပင်လယ် ရှုခင်းတွေမြင်ရတဲ့ ကော်ဖီဆိုင်ကို ရှာနေရင်တော့ ဒီကဖေးဆိုင်ကို သွားသင့်ပါတယ်။ Gwangan တံတားကို မျက်နှာမူထားတဲ့ ပြတင်းပေါက်ကျယ်နားမှာ ထိုင်ပြီး Busan ရဲ့ပင်လယ် ရှုခင်းတွေ အေးဆေးကြည့်လိုရပါတယ်။ ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ အချိုရည်တွေနဲ့ အချိုပွဲတွေကတော့ homemade တွေကြီးဘဲ ဖြစ်ပါတယ်။
လိပ်စာ- 부산시 수영구 광안해변로 237 3층
3F, 237 Gwanganhaebyeon-ro, Suyeong-gu, Busan
ဆိုင်ဖွင့်ချိန် : 11:00 – 22:00
The Same Age Couple (동갑부부카페)
ဒီကဖေးဆိုင်ကတော့ Gwangalli ကမ်းဖြေသဲသောင်ပြင်နဲ့ နီးနီးလေးရှိသောကြောင့် အနားယူဖို နေရာကောင်းတစ်ခုဖြစ်ပါတယ်။ တချိုအအေးတွေကို ကာတွန်းပုံသဏ္ဍာန် ကွတ်ကီးတွေနဲ့ အလှဆင်ထားတာကြောင့် စမ်းသောက်ကြည့်သင့်ပါတယ်။ တခြား ကော်ဖီဆိုင်တွေနဲ့ ယှဉ်ရင် ဈေးလည်း မကြီးပါဘူး။ espresso တစ်ခွက် အတွက် ဝမ် 500 ကာတွန်းပုံ ကွတ်ကီးတွေကလဲ ဝမ် 1,000 သာရှိပါတယ်။
လိပ်စာ- 부산 수영구 광남로 157 2F
2F, 157 Gwangnam-ro, Suyeong-gu, Busan
ဆိုင်ဖွင့်ချိန် 12:00-21:00
CUP&CUP 광안리카페 컵앤컵
CUP&CUP ကတော့ Busan ရဲ့ signature တွေထဲက တခုဖြစ်တဲ့ Gwangan Bridge ကို ကောင်းကောင်းကြည့်ရှုနိုင်တဲ့ ဘူဆန်ရှိ နာမည်ကြီး နောက်ထပ် ကော်ဖီဆိုင်တခုဖြစ်ပါတယ်။ တံတားတစ်ခုလုံးရဲ့ အပေါ်စီးမြင်ကွင်းကို ဆိုင်ရဲ့ ပြတင်းပေါက်ကျယ်ကြီးနားထိုင်ကြည့်နိုင်ပါတယ်။ ဆိုင်ရဲ့အတွင်းပိုင်းကို အဖြူရောင်နှင့် နို့နှစ်ရောင်တွေနဲ့ အလှဆင်ထားပြီး အတော်လေး ကျယ်ပါတယ်။
ခေါင်မိုးထပ်မှာဆိုလဲ လှပတဲ့ ရှုခင်းတွေကို နေ့လည်ခင်းမှာ Busan ရဲ့ ပင်လယ်ရှုခင်းကို ခံစားရင်း အရသာရှိတဲ့ ကော်ဖီလေးသောက်ရင်း အေးမြတဲ့လေကို ခံစားလိုက်ရတာ ပြီးပြည့်စုံတဲ့ ခံစားချက်ကို ရနိုင်မှာပါ ။
လိပ်စာ- 부산 수영구 광안해변로 177 4층, 5층
4F & 5F, 177 Gwanganhaebyeon-ro, Suyeong-gu, Busan
ဆိုင်ဖွင့်ချိန်- 11:00-21:00 (နောက်ဆုံးမှာယူရန် 20:30) Rooftop ကတော့ 20:00 ပိတ်ပါတယ်။
Byul Bed(별침대)
Byul Bed ကတော့ သေချာပေါက် လက်မလွတ်သင့်တဲ့ Gwangalli ကမ်းခြေရှိ ကော်ဖီဆိုင်တစ်ခုဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ service ကတော့ self-service ပုံစံ ဖြစ်ပြီး သာယာလှပတဲ့ ကမ်းရိုးတန်းရှုခင်းတွေကိုလဲ ခံစားကြည့်ရှုနိုင်ပါသေးတယ်။ ဒီဆိုင်ကတော့ ဟိုတယ်ထဲက ကော်ဖီဆိုင်ဖြစ်ပြီး ဟိုတယ်မှာ မတည်းခိုရင်တော့ ဝမ် 11,800 နဲ့ ကော်ဖီဆိုင်ရဲ့ ကိုယ်တိုင်ဝန်ဆောင်မှုဘားကို အကန့်အသတ်မရှိ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဟိုတယ်ဧည့်သည်ဖြစ်နေရင်တော့ ဝန်ဆောင်မှုကို အခမဲ့အသုံးပြုနိုင်ပါတယ်။ Byul Bed ရဲ့ ဒုတိယထပ်ကို တက်သွားရင်တော့ ပင်လယ်နဲ့ ကောင်းကင်ရဲ့ လှပတဲ့ ရှုခင်းတွေကို မြင်တွေ့ရမှာပါ။
တစ်ခုတည်းသော အားနည်းချက်မှာ ပြတင်းပေါက်များအားလုံးကို ပတ္တာများဖြင့် ဖုံးအုပ်ထားသောကြောင့် အပြည့်အဝ ရှင်းလင်းပြတ်သားသော မြင်ကွင်းကို မမြင်နိုင်ပေ။ Byul Bed ရဲ့ကိုယ်ပိုင်ဝန်ဆောင်မှုဘားမှာတော့ ကော်ဖီ၊အအေး မျိုးစုံရှိသောကြောင့် ကိုယ်သောက်ချင်တာကို ကြိုက်သလို လုပ်နိုင်ပါတယ်။ ကော်ဖီ၊ နို့၊ လက်ဖက်ရည်၊ ဖျော်ရည်စတာတွေအပြင် လတ်ဆတ်တဲ့ သစ်သီးတွေ၊ အချိုပွဲတွေ၊ဘီစကွတ်တွေနဲ့ ပေါင်မုန့်များလဲ ရှိပါတယ်။ ဒါ့အပြင် အချိန်ကန့်သတ်ချက်မရှိတာကြောင့် အေးဆေးလေး ကော်ဖီ သောက်လို့ရပါတယ်။
လိပ်စာ- 부산 수영구 광안해변로 203
အလုပ်ချိန်- 10:00-00:00
မှတ်ချက်- 13 နှစ်အောက်ကလေးများကို အုပ်ထိန်းသူမပါဘဲ ဝင်ရောက်ခွင့်မပြုပါ။ ဟိုတယ်မဟုတ်သောဧည့်သည်များကို 1st နှင့် 2nd floor တွင်ကန့်သတ်ထားသည်။
CHEEKYPIE (치키파이)
လိပ်စာ- 부산 수영구 광안로 58
58 Gwangan-ro, Suyeong-gu, Busan
ဆိုင်ဖွင့်ချိန်- တနင်္လာ-သောကြာ 11:00-21:30 စနေ-တနင်္ဂနွေ 10:30-21:30
#MyanGoal #coffee #coffeeshop #korea #gwangalli







Leave a Reply
You must be logged in to post a comment.