Your cart is currently empty!
ကိုရီးယားနိုင်ငံရဲ့ ရိုးရာမုန့်တွေက အင်မတန် စားချင်စဖွယ်လှပပြီး ပါဝင်ပစ္စည်းတွေကလဲ ကောက်ညှင်း၊ဆန်၊ ပဲနီလေး စတာတွေ ပါတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး မြန်မာတွေခံတွင်းနဲ့လဲ အကြိုက်တွေ့နိုင်မှာပါ။ မြန်မာ့ရိုးရာမုန့်တွေကလဲ ကောက်ညှင်း၊ဆန်မုန့်တွေနဲ့ များသောအားဖြင့် လုပ်လေ့ရှိတာကြောင့် မြန်မာ့ရိုးရာမုန့်တွေကြိုက်ရင်တော့ ကိုရီးယားနိုင်ငံရဲ့ ရိုးရာမုန့်တွေကို အကြိုက်တွေ့မှာပါ။ ဒီနေ့မှာတော့ စားကြည့်သင့်တဲ့ ကိုရီးယားနိုင်ငံရဲ့ ရိုးရာမုန့်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
1. ကိုရီးယား ပျားရည် ကွတ်ကီး ( yakgwa )
Yakgwa ကတော့ ပန်းလိုမျိုး ပုံသဏ္ဍာန်ရှိတဲ့ ရိုးရာပျားရည်ကွတ်ကီးဖြစ်ပါတယ်။ ဘာသာပြန်တဲ့အခါ yak က ဆေးလို့ အဓိပ္ပါယ်ရပြီး gwa ကတော့ အချို လို့ အဓိပ္ပါယ်ရပါတယ်။ ပျားရည်မှာ ပါဝင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေနဲ့ ချိုမြိန်မှုတို့ကြောင့် ကုသဆေးလို့လဲ အမည်တွင်ပါတယ်။ ကွတ်ကီးအများစုနှင့်မတူဘဲ ဒီမုန့်ကို မုန့်ဖုတ်မည့်အစား မီးပြင်းပြင်းနဲ့ ကြော်တာဖြစ်ပြီး နှမ်းဆီ၊ ဆန်ဝိုင်၊ ပျားရည်နှင့် ဂျင်းတို့ကဲ့သို့ ရိုးရှင်းသော ပါဝင်ပစ္စည်းများနဲ့ ပြုလုပ်ထားပါတယ်။ Yakgwa ကို အနောက်တိုင်း ကျေးဇူးတော်နေ့နဲ့ တူတြ့ Chuseok လိုမျိုး အထူးအချိန်အခါများတွင် ရိုးရာမုန့်အဖြစ် စားသုံးကြပါတယ်။
2. ဆန်မုန့်ချို puff ( gangjeong )
gangjeong ကတော့ sachima ဟုခေါ်တဲ့ တရုတ်သရေစာတစ်မျိုးမှလာတာဖြစ်ပြီး ဒီမုန့်မှာပါတဲ့ အစာပလာတွေကို စုစုစည်းစည်းဖြစ်ဖို့ ထူထဲတဲ့သကြားရည်ကို အသုံးပြုထားပါတယ်။ sachima နဲ့ အဓိက ကွာခြားချက်ကတော့ ဆန်မှုန့်အစား ဂျုံမှုန့်ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ အထဲမှာ အစေ့အဆန်မျိုးစုံနှင့် အခွံမာသီးများထည့်လေ့ရှိကြပြီး အချို့ကတော့ သစ်သီးခြောက်ကို ထည့်ကြပါတယ်။ ဒီရိုးရာသရေစာဟာ ယနေ့ခေတ်ကိုရီးယားလူမျိုးတွေကြားမှာ ရေပန်းစားနေဆဲဖြစ်တာကြောင့် မျိုးဆက်သစ်လူငယ်တွေအတွက် ပိုမိုဆွဲဆောင်မှုရှိပြီး အရသာရှိစေဖို့ တီထွင်ဆန်းသစ်လျက်ရှိပါတယ်။
3. ဂန္ဓမာမုန့် ( gukhwappang )
ဂန္ဓမာပေါင်မုန့်ဟု ဆိုတဲ့အတိုင်း Gukhwa-ppang ကို ဂန္ဓမာပုံသဏ္ဍာန် ပြုလုပ်ထားပြီး ချိမြမြ ပဲနီလေး အနှစ်ကို အထဲမှာ အစာသွပ်ထားပါတယ်။ များသောအားဖြင့် ဂန္ဓမာပေါင်မုန့်မှာ ပဲနီလေးအနှစ်ဘဲ ပါလေ့ရှိသော်လည်း ကိုရီးယား၏လမ်းများတစ်လျှောက်တွင် မြေပဲ သို့မဟုတ် ပျားရည်ကဲ့သို့သော အနှစ်ထည့်ထားတဲ့ ဆိုင်တွေကိုလဲ တွေ့နိုင်ပါတယ်။
4. ကိုးရီးယား ကောက်ညှင်းဆန်မုန့်လုံး ( gyeongdan )
ဒီကောက်ညှင်းဆန်သရေစာကတေဂျပန် dango နှင့် ယှဉ်နိုင်သော်လည်း အရသာမှာ အနည်းငယ်ကွာခြားပါတယ်။ မုန့်လုံးကို ကန်စွန်းဥ ၊ လက်ဖက်စိမ်းနှင့် နှမ်းနက်စသည့် အရသာမှုန့်အမျိုးမျိုးနဲ့ ဖြူးထားပါတယ်။ မုန့်လုံးကို ကိုက်လိုက်တဲ့အခါ အတွင်းထဲမှာ ထည့်ထားတဲ့ ပဲနီအနှစ်ကနေပြီးတေ့ ထွက်လာတဲ့ ချိုမြမြနဲ့ မွှေးကြိုင်တဲ့ အရသာကို ခံစားရမှာပါ။ ပဲနီ အရသာအပြင် ဂျူးမြစ်၊ ထင်းရှူးစေ့ နှင့် နေကြာစေ့တွေနဲ့လုပ်ထားတဲ့ ဆန်မုန့်လုံးရဲ့အရသာကလဲ စွဲမက်ဖို့ကောင်းပါတယ်။
5. Sorghum ပန်ကိတ် ( susu bukkumi )
ကိုရီးယားပန်ကိတ်တွေဟာ ပုံသဏ္ဍာန်အမျိုးမျိုးနှင့် အရွယ်အစားအမျိုးမျိုးရှိပြီး Susu bukkumi ကလဲ ဂျုံမှုန့်ဖြင့်ပြုလုပ်ထားတဲ့ ပန်ကိတ်အမျိုးအစားဖြစ်ပြီး ပဲနီလေးအနှစ် ပါဝင်ပါတယ်။ ကောက်ညှင်းဆန်ဟာ ကိုလက်စထရောကို လျှော့ချပေးရုံသာမက အဆိပ်ဖြေခြင်းကို ကူညီပေးပြီး ခန္ဓာကိုယ်ကို နွေးထွေးစေတဲ့ ကျန်းမာရေး အစားအစာအဖြစ် လူသိများတာကြောင့် ဆောင်းရာသီမှာ နှစ်သက်စွာ စားသုံးလေ့ရှိပါတယ်။ ဒီမုန့်ကိုရောင်းတဲ့ဆိုင်တွေ အများကြီးရှိပေမယ့် Gwangjang ဈေးမှာ ဒေသခံတွေတောင် သဘောကျပြီးအထူးကျော်ကြားတဲ့ ဆိုင်တစ်ဆိုင်ရှိပါတယ်။ ဒီဆိုင်ကို 2013 ခုနှစ်တွင် SBS တွင်ပြသခဲ့ပြီး အဲ့အချိန်မှစ၍၊ ဆိုင်ရှေ့မှာ လူတန်းရှည်ကြီး အမြဲရှိနေတတ်ပါတယ်။ Jongno 5-ga ဘူတာရုံရဲ့ထွက်ပေါက် 9 မှထွက်လာရင် အဲ့ဆိုင်ကို ရောက်ပြီဖြစ်ပါတယ်။
#MyanGoal #korea #myanmar #traditional #foods







Leave a Reply
You must be logged in to post a comment.