ကိုရီးယားမှာ နွေရာသီရောက်ရင် စားကြည့်သင့်တဲ့ ဟင်းလျာ 3 မျိုး

ကိုရီးယားမှာ နွေရာသီရောက်ရင် စားကြည့်သင့်တဲ့ ဟင်းလျာ 3 မျိုး

ကိုရီးယားမှာ အစားအသောက်နဲ့ ပတ်သက်ရင် ဒေသအလိုက် နာမည်ကြီးတဲ့ ဟင်းလျာတွေရှိသလို ရာသီအလိုက် လူကြိုက်များ အစားများကြတဲ့ ဟင်းလျာတွေရှိပါတယ်။ အပူဒဏ်ကနေ သက်သာရစေဖို့ ဒါမှမဟုတ် လန်းဆန်းစေဖို့ ဒီဟင်းလျားတွေကို စားလေ့ရှိကြပါတယ်။ ဘယ်ဟင်းလျာတွေ ဖြစ်မလဲဆိုတာ သိချင်ရင်တော့ အဆုံးထိ ဖတ်ကြည့်ကြည့်လိုက်ပါ။

1. Bibimnaengmyeon (비빔냉면)
ဒီခေါက်ဆွဲပြုတ်ကတော့ ခေါက်ဆွဲအေး (냉면၊ naengmyeon) ကို gochujang (고추장) လို့ခေါ်တဲ့ ဆော့စ်အစပ်ရယ် တခြားပါဝင်ပစ္စည်းတွေ ပါဝင်တဲ့ ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေကတော့ ပုံစံမျိုးမျိုးပြုလုပ်ကြပေမယ့်လည်း အဓိကပါဝင်တာကတော့ ဆော့စ်အစပ်၊ julienned zucchini၊ သခွားသီးပါးပါးလှီးထားတာနဲ့ buckwheat ခေါက်ဆွဲတို့ဘဲ ဖြစ်ပါတယ်။ ဒီခေါက်ဆွဲပြုတ်မှာပါတဲ့ ခေါက်ဆွဲတွေဟာ တော်‌တော်ရှည်တာကြောင့် မစားခင် ကတ်ကြေးနဲ့ ဖြတ်ပြီး စားလေ့ရှိပါတယ်။ အစပ်လဲမစားနိုင်ဘူး ကိုရီးယားခေါက်ဆွဲအေးကို စားကြည့်ချင်တယ်ဆိုရင်တော့ ဒီခေါက်ဆွဲပြုတ်ကိုတော့ လက်လွတ်မခံပါနဲ့။ Mulnaengmyeon ကတော့ ဟင်းရည်အေး (တခါတလေ ရေခဲထည့်ထားလေ့ရှိ) နဲ့ ဆော့စ်အစပ်မပါဘဲ ပြုလုပ်ထားတဲ့ ခေါက်ဆွဲပြုတ် ဖြစ်ပါတယ်။

2. Kongguksu (콩국수)
ဒီထူးထူးခြားခြား ခေါက်ဆွဲပြုတ်ကတော့ ခေါက်ဆွဲအေးအပြင် ပဲနို့ဟင်းရည်အေးနဲ့ပါ ပြုလုပ်ထားတဲ့ ဟင်းလျာလဲ ဖြစ်ပါတယ်။ ခေါက်ဆွဲကိုလဲ buckwheat ခေါက်ဆွဲ အသုံးပြုထားပြီး၊ နှမ်းစေ့တွေနဲ့ julienne zucchini ဒါမှမဟုတ် သခွားသီးပါးပါလှီးထားတာတွေနဲ့လဲ အလှဆင်ထားလေ့ရှိပါတယ်။ Kongguksu ကတော့ ကိုရီးယားမှာ နွေရာသီဆိုရင် လူကြိုက်အများဆုံး ကိုရီးယားအစားအစာတွေထဲက တစ်ခုဖြစ်ပြီး နွေရာသီမှာဘဲ ရနိုင်တဲ့အပြင် စားသောက်ဆိုင်တိုင်းမှာလဲ ဒီခေါက်ဆွဲပြုတ်ကို မရနိုင်ပါဘူး။ ဒါကြောင့် နွေရာသီမှာ ကိုရီးယားကို ရောက်နေရင်‌တော့ ဒီခေါက်ဆွဲပြုတ်ကို စားကိုစားကြည့်သင့်ပါတယ်။

3 Samgyetang (삼계탕)
ဂျင်ဆင်းကြက်သားစွပ်ပြုတ်ကတော့ ပင်လယ်ခရုလို အထူးပါဝင်ပစ္စည်းတွေပါဝင်ပြီး ခန္ဓာကိုယ်ကို အာဟာရဖြစ်စေတာကြောင့် နွေရာသီမှာ နာမည်ကြီးတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ Samgyetang ဟာ ပြင်းထန်တဲ့ နွေရာသီအပူအောက်မှာ Bongnal (အပူဆုံး သုံးရက်) မှာ စားဖို့ ရေပန်းစားတဲ့ အစားအစာလဲ ဖြစ်ပါတယ်။ Samgyetang စားမယ်ဆိုရင် Jeju ကျွန်းက Samgyetang ဟာ နာမည်ကြီးပြီး ပင်လယ်ခရုကို ထည့်ချက်ထားတဲ့ samgyetang အကျော်ကြားဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဂျင်ဆင်းကြက်သားစွပ်ပြုတ်ဟာ ခန္ဓာကိုယ်ကို နွေးထွေးစေပြီး အစာအိမ်ကိုလည်း ကာကွယ်ပေးတာကြောင့်လဲ လူသိများပါတယ်။

#food #summer #korea #myanmar #MyanGoal


Latest