ကိုရီးယားတော်ဝင်စားပွဲတော် Sura (수라)

ဂျိုဆွန်းခေတ် (၁၃၉၂-၁၉၁၀) ဘုရင်တွေနဲ့ မိဖုရားတွေနဲ့ သုံးဆောင်ခဲ့တဲ့ တော်ဝင်စားတော်ပွဲ **Sura (수라)** ဆိုတာဘာလဲ သိပါသလား? ဒီစားတော်ပွဲဟာ အာဟာရ၊ အရသာနှင့် အလှအပသုံးခုစလုံးကို ညီမျှစွာ ပေါင်းစပ်ထားတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ 🌸🍽️

🍲 Sura (수라) ရဲ့ ထူးခြားချက်များ

✨ အရံဟင်း ၁၂ မျိုး : ဂျိုဆွန်းခေတ် ဘုရင််တွေရဲ့ ထမင်းဝိုင်းမှာ **အနည်းဆုံး အရံဟင်း ၁၂ မျိုး** (တခါတလေ ၂၀ အထိ!) ပါဝင်လေ့ရှိပြီး **အရောင်ငါးမျိုး (오방색)**  **အရသာငါးပါး**ကို ကိုယ်စားပြုတဲ့ အစားအစာတွေ ပါဝင်ပါတယ်။

✨ ရာသီစာနဲ့ ဆေးဖက်ဝင်: ကိုရီးယားရိုးရာဆေးပညာအရ **ကျန်းမာရေးအကျိုးကျေးဇူးတွေ**ပေးစွမ်းနိုင်တဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြု ပြင်ဆင်ရပါတယ်။

✨ ပန်းကန်ပြားပေါ်က အနုပညာလက်ရာ: ပန်းပုဆရာတွေရဲ့ လက်ရာလိုမျိုး အစားအစာတွေကို အနုစိတ် ပြင်ဆင်ထားကြပါတယ်။

👑 ဘုရင်တွေရဲ့ ထမင်းဝိုင်း‌တွေမှာ ပါဝင်တာကတော့ :

– **အဓိကဟင်းလျာ ၃ မျိုး**: ထမင်း၊ ဟင်းချို/အရည်နဲ့ အရံဟင်းလျာများ

– **စားသောက်တဲ့ ပုံစံ**: နံနက်စာ၊ နေ့လယ်စာ၊ အဆာပြေစာ၊ ညနေစာနဲ့ ညလယ်စာအတွက် သီးသန့်ပြင်ဆင်ထားတဲ့ အစားအစာများ

– **သီးသန့်ဓလေ့များ**: အစားအစာတွေကို **အတိအကျသတ်မှတ်ထားတဲ့ အစဉ်လိုက်အတိုင်း** နဲ့ နေရာချထားမှုပုံစံတွေနဲ့ ပြင်ဆင်ကြပါတယ်။

💡 သင်သိပါသလား ?

– ဘုရင့်စားဖိုမှူးတွေဟာ **အဆင့်မြင့်အရာရှိ**‌ တွေ ဖြစ်ပြီး ဆယ်စုနှစ်များစွာ လေ့ကျင့်ခဲ့ကြရတာဖြစ်ပါတယ်။

– အစားအစာများကို မသုံးဆောင်ခင်မှာ **ငွေချောင်းနဲ့ အဆိပ်ရှိမရှိ စမ်းသပ်ကြပါတယ်**

### **🏯 ယနေ့ခေတ်မှာ Sura ကို ဘယ်မှာစားသုံးနိုင်မလဲ?**

📍 **Jihwaja** (ဆိုးလ်) – အစစ်အမှန်ဆုံး ဘုရင်တွေရဲ့ အစားအစာတွေကို ရနိုင်တဲ့ စားသောက်ဆိုင်

📍 **Gyeongbokgung Palace** – ထူးခြားတဲ့ ထမင်းဝိုင်းအပြင်အဆင်များ

📍 **Korean Folk Village** – ရိုးရာထမင်းဝိုင်း ပြသမှုများ

 #KoreanRoyalCuisine #FoodieHistory #korea #myangoal #myanmar 


Latest