ကိုရီးယားရဲ့ ထင်ရှားတဲ့ အရံဟင်းလျာတစ်မျိုး သို့မဟုတ် ကင်မ်ချီ

ကင်မ်ချီဟာ  အရံဟင်းလျာတစ်မျိုး ဆိုပေမယ့် အစားအစာတစ်ခုထက် ပိုပါတယ်။ ကင်မ်ချီဟာ ယဉ်ကျေးမှုတစ်ခုရဲ့ သင်္ကေတ၊ ချက်ပြုတ်ရေး အနုပညာလက်ရာတစ်ခု နဲ့ ကိုရီးယားရိုးရာရဲ့ အထိမ်းအမှတ်တစ်ခု ဖြစ်ပါတယ်။ စပ်ပြီး ချဉ်ပြုံးပြုံး အရသာရှိတဲ့ ကင်မ်ချီဟာ ဘာကြောင့် ကမ္ဘာတစ်ဝှမ်းက အစားအစာ ချစ်မြတ်နိုးသူတွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်နိုင်ခဲ့တာကို ရှာဖွေလိုက်ပါ။  

  ဘာကြောင့် ကင်မ်ချီက နာမည်ကြီးလာတာလဲ?  

ကင်မ်ချီဟာ ကိုရီးယားရိုးရာ အစားအစာတစ်ခုဖြစ်ပြီး ပုံမှန်ဆိုရင် မုန်ညင်းဖြူ ကိုရီးယားမုန်လာဥတွေလို ဟင်းသီးဟင်းရွက်တွေကို အချဉ်ဖောက်ပြီး ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊ ဂျင်း နဲ့ တခြားအရသာရှိတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ရောနှောပြုလုပ်ထားပါတယ်။ ကင်မ်ချီဟာ အရသာကောင်းရုံသာမက probiotics၊ ဗီတာမင်တွေနဲ့ antioxidants တွေလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါ။  

ကင်မ်ချီပြုလုပ်တဲ့ လုပ်ငန်းစဉ်ကို kimjang 김장 လို့ခေါ်ပြီး ကိုရီးယားယဉ်ကျေးမှုမှာ မပါမဖြစ်နေပါပြီ။ မိသားစုဝင်တွေနဲ့ မကြာခဏ အတူတကွ စုပေါင်းပြီး ကင်မ်ချီအမြောက်အမြား ပြုလုပ်လေ့ရှိပြီး အထူးသဖြင့် ဆောင်းရာသီတစ်လျှောက် ကင်မ်ချီစားလို့ရအော ဆောင်းဦးရာသီကတည်းက ပြုလုပ်ထားလေ့ ရှိပါတယ်။ ဒီရိုးရာဓလေ့ကို UNESCO ကနေလည်း ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုထားပါတယ်။  

 အမျိုးမျိုးသော ကင်မ်ချီများ  

ကင်မ်ချီဟာ အံ့သြဖွယ်ကောင်းလောက်အောင် ကွဲပြားခြားနားတဲ့ ကင်မ်ချီ အမျိုးအစားအစုံအလင် ရှိပါတယ်။ မုန်ညင်းဖြူကင်မ်ချီ (baechu kimchi 배추김치) ဟာ အထင်ရှားဆုံးဖြစ်ပေမယ့်လည်း ကင်မ်ချီအမျိုးပေါင်း ၂၀၀ နီးပါးရှိပြီး တစ်မျိုးဆီတိုင်းမှာ ကိုယ်ပိုင်ထူးခြားတဲ့ အရသာနဲ့ ပါဝင်ပစ္စည်းတွေ ရှိပါတယ်။ စိတ်ကို လန်းဆန်းသွားစေမယ့် (kkakdugi 깍두기) (မုန်လာဥကင်မ်ချီ) ရှိသလို အားအင်တွေပြည့်ဝသွားစေမယ့် *oi sobagi (오이소박이 သခွားသီးကင်မ်ချီ) အထိ၊ လူတိုင်းရဲ့ အကြိုက်နဲ့ သင့်တော်မယ့် ကင်မ်ချီတစ်မျိုးလောက်တော့ ရှိပါတယ်။  

 ကင်မ်ချီကို ဘယ်လိုအကောင်းဆုံးစားမလဲ။  

ကင်မ်ချီကို စားဖို့ များပြားလှတဲ့ နည်းလမ်းတွေ စုံလင်စွာရှိပြီး ဒီထဲကမှ တချို့ကို ဖော်ပြပေးလိုက်ပါတယ်။  

– အရံဟင်းလျာအဖြစ်: ကင်မ်ချီဟာ ကိုရီးယားအစားအစာတွေမှာ အဓိကပါဝင်ပြီး ထမင်း၊ ဟင်းချို နဲ့ တခြားအစားအစာတွေနဲ့ တွဲဖက်စားလေ့ရှိပါတယ်။  

– ဟင်းထဲထည့်ချက်ခြင်း: ကင်မ်ချီနဲ့ ကြော်ထားတဲ့ ထမင်း၊ ကင်မ်ချီစွပ်ပြုတ် (kimchi jjigae 김치찌개)၊ ကိုရီးယားပန်ကိတ်တွေမှာပါ ထည့်သွင်းပြီး ဖန်တီးနိုင်ပါ။  

– ဒီတိုင်းစားခြင်း: တစ်ခါတစ်လေကျရင် ကင်မ်ချီကို အိုးထဲကနေ တိုက်ရိုက်စားတာက အရသာအရှိဆုံး ဖြစ်ပါတယ်။ ကင်မ်ချီ ကြိုက်တဲ့သူတွေအတွက်ဆိုရင် ဒီတိုင်းစားရတာ အကြိုက်ဆုံးဖြစ်ပြီး တချို့တွေက မကြိုက်ကြတဲ့အတွက် တခြားအစားအစာတွေနဲ့ တွဲပြီး စားနိုင်ပါတယ်။  

 ကင်မ်ချီကို ဘာကြောင့် နှစ်သက်ကြသလဲ။  

ကင်မ်ချီဟာ သာမန်အစားအစာထက် ပိုပါတယ်။ သူ့ရဲ့အရသာ၊ ကြွယ်ဝတဲ့ သမိုင်း နဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေဟာ ကိုရီးယားအစားအစာကို ကြိုက်တဲ့ သူတိုင်းအတွက် မဖြစ်မနေစားကြည့်သင့်တဲ့၊ စားနေကြ အစားအစာဖြစ်ပါတယ်။ 

ဒါဆို ဘာကို စောင့်နေသေးလဲ။ ကင်မ်ချီ မစားဖူးသေးရင် စားကြည့်ဖို့ တိုက်တွန်းလိုက်ပြီး ကင်မ်ချီကြိုက်တဲ့သူတွေအတွက် အခုဘဲ ထပ်စားကြည့်လိုက်ပါ။  

#Kimchi #Korea #food #traditional #sidedish


Latest