Your cart is currently empty!
Seollal (ကိုရီးယား: 설날 ;RR: Seollal ;MR: Sŏllal ) ကတော့ လပြက္ခဒိန်ရဲ့ ပထမဆုံးနေ့ကို အထိမ်းအမှတ်ပြုလုပ်တဲ့ ကိုရီးယား ရိုးရာ ပွဲတော်ဖြစ်ပြီး အမျိုးသား အားလပ်ရက် အဖြစ် ဆိုင်တွေ၊ ကျောင်းတွေ ပိတ်တဲ့ ရက်တစ်ရက်လဲ ဖြစ်ပါတယ်။ ဒီလိုနေ့ရက်မျိုးကို မြောက်ကိုးရီးယားနဲ့ တောင်ကိုးရီးယားအပြင် ကမ္ဘာတစ်ဝှမ်းက ကိုရီးယားလူမျိုးတွေပါ ကျင်းပတဲ့ အရေးအကြီးဆုံး ရိုးရာအားလပ်ရက်တွေထဲက တစ်ခုဖြစ်ပါတယ်။ Seolllal ပွဲတော်မှာ နောက်ထပ်မပါမဖြစ် အစားအစာတွေကတော့ အချိုပွဲမုန့်တွေဘဲ ဖြစ်ပါတယ်။ ဒီရက်မှာ မိသားစုတွေ တွေ့ဆုံစားသောက်ကြရင်း ပျော်ရွှင်စွား အနားယူ ဖြတ်သန်းကြပါတယ်။ ဒီလိုရက်မျိုးမှာ အချိုပွဲမုန့်တွေကို လက်ဆောင်ပေးတဲ့အပြင် အစားများကြတဲ့ မုန့်တွေလဲ ရှိပါတယ်။ အဲ့မုန့်တွေကတော့ 👇👇👇👇👇👇
ရိုးရာ Seolllal အချိုပွဲများ
Yaksik (약식၊ အခွံမာသီးနဲ့ သစ်သီးတွေပါတဲ့ ဆန်ချို)
ဂျိုဆွန်း ခေတ် ကနေ ခေတ်စားတဲ့ ရိုးရာမုန့်တစ်မျိုးကတော့ Yaksik (약식) လို့ခေါ်တဲ့ ကောက်ညှင်းပေါင်းနဲ့ အခွံမာသီးမျိုးစုံကို ဆီ၊ ပဲငံပြာရည်၊ ပျားရည်တို့နဲ့ ရောသမထားတဲ့ အချိုပွဲဖြစ်ပါတယ်။။ Yak (약) ရဲ့ အဓိပ္ပါယ်ကတော့ ဆေးဝါးလို့ အဓိပ္ပါယ်ရပြီး Yaksik ဆိုတာကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဆေးဖက်ဝင် အစားအစာဘဲ ဖြစ်ပါတယ်။
Sujeonggwa (수정과၊ သစ်ကြံပိုးခေါက်နဲ့ဂျင်း အချိုရည်)
Sujeonggwa (수정과) ကတော့ သစ်ကြံပိုးခေါက် ၊ ဂျင်း ၊ သကြား နဲ့ ရေတို့ကို ကျိုပြီး ပြုလုပ်ထားတဲ့ အချိုရည်ဖြစ်ပါတယ်။ Sujeonggwa ကတော့ ဂျင်းနဲ့ သစ်ကြံပိုးခေါက်က ချိုတဲ့အရသာနဲ့ အနည်းငယ်ပူစပ်တဲ့ အချိုရည်ဖြစ်ပါတယ်။ အရသာရှိသော Seolllal ရိုးရာအစားအစာကို စားပြီးတဲ့အခါမှာ သစ်ကြံပိုးခေါက်နဲ့ ဂျင်းကြောင့် အစာခြေခြင်းကို အထောက်အကူပြုတာကြောင့် သောက်သုံးကြပါတယ်။
Sikhye (식혜၊ ဆန်ချိုအေး)
Sikhye ( 식혜 ) ကတော့ မုယောစပါးရယ် ထမင်းနဲ့ ပြုလုပ်ထားတဲ့ ရိုးရာဖျော်ရည်တမျိုး ဖြစ်ပါတယ်။ Sikhye ဟာ Sujeonggwa လိုဘဲ non-alcoholic ဖျော်ရည်တစ်မျိုးဘဲ ဖြစ်ပါတယ်။ Sikhye မှာ အမျှင်ဓာတ်နဲ့ antioxidants တွေ ပါ၀င်တာကြောင့် အစာကြေဖျက်တာကောင်းပါတယ်။ ရှေးအခါက ဒီဆန်ချိုအေးကို ဘုရင်မင်းမြတ်ထံ ပုံမှန်ဆက်သခဲ့ရတယ်လို့ ဆိုကြပါတယ်။ Sujeonggwa ကကလဲ အရသာရှိတဲ့ Seolllal အစားအစာတွေ စားပြီးသွားရင် အချိုတည်းလို့ကောင်းမယ့် ဖျော်ရည်တစ်မျိုးဖြစ်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။
#seollal #desert #myangoal #newyear #Myanmar #festival #foodie







Leave a Reply
You must be logged in to post a comment.