Your cart is currently empty!
Mandu 만두 (ကိုရီးယားဖက်ထုပ်) ကတော့ ကိုးရီးယား ဟင်းလျာတွေထဲမှာ လူကြိုက်များတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဖက်ထုပ်ကို စားသောက်ဆိုင်တွေသာမက street food ဆိုင်တွေမှာပါ စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါဆိုရင် လူကြိုက်အများဆုံး ကိုရီးယားဖက်ထုပ် မျိုးကွဲတွေကို ကြည့်လိုက်ကြရအောင်။
1. Jjin-mandu (찐만두)
လူသိအများဆုံးနဲ့ လူကြိုက်အများဆုံးအမျိုးအစားကတော့ ကိုရီးယား ဖက်ထုပ်ပေါင်း ဖြစ်ပါတယ်။ Jjin-mandu (찐만두) ကတော့ ရေနွေးငွေ့လို့ အဓိပ္ပါယ်ရတဲ့ 찌다 (jji-da) ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ဒီဖက်ထုပ်အမျိုးအစားကို ကိုရီးယားမှာ အများဆုံးတွေ့နိုင်ပြီး ဒေသခံတွေနဲ့ ခရီးသွားလည်း တော်တော်များများ နှစ်သက်ကြပါတယ်။
Jjin-mandu မှာ ပုံမှန်ဆိုရင် ပါးပါးလှီးထားတဲ့ အသား (ဝက်သား ဒါမှမဟုတ် အမဲသား) ရယ် ဟင်းသီးဟင်းရွက် (ဂေါ်ဖီထုပ်နဲ့ ကြက်သွန်မြိတ်) တို့ရယ် အစာသွပ်ထားပြီး ရေနွေးငွေ့နဲ့ပေါင်းထားတာ ဖြစ်ပါတယ်။ ပဲငံပြာရည် (သို့) ဆော့စ်စပ်စပ်နဲ့ ရောပြီး စားတာ အကောင်းဆုံးပါ။ Jjin-mandu နဲ့ တွဲစားလို့အကောင်းဆုံးကတော့ ကိုရီးယားခေါက်ဆွဲအေး ဖြစ်ပါတယ်။
2. Mul-mandu (물만두)
Mul-mandu (물만두) ကတော့ကိုးရီးယား ဖက်ထုပ်ပြုတ်ကို ခေါ်တာဖြစ်ပြီး ရေလို့ အဓိပ္ပါယ်ရတဲ့ 물 (mul) ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ Jjin-mandu နဲ့ ပြုလုပ်ပုံ ဆင်တူပြီး ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ထဲမှာ ပြုတ်ရတာမလို့ အစာတွေ ကွဲမထွက်သွားအောင် ဖက်ထုပ်ရွက်ကိုတော့ ထူထူလေး သုံးပါတယ်။ Mul-mandu နဲ့ တွဲစားဖို့အကောင်းဆုံး ဆော့စ်ကတော့ ပဲငံပြာရည်၊ ရှာလကာရည်၊ နှမ်းဆီ၊ သကြားနဲ့ ကိုရီးယား ငရုတ်သီးအနှစ်တွေပါတဲ့ ဆော့စ်ဖြစ်ပါတယ်။
၃။ Gun-mandu (군만두)
နောက်ထပ်ဖက်ထုပ်တစ်မျိုးကတော့ Gun-mandu (군만두) ဖြစ်ပါတယ်။ ဒယ်ပြားပေါ်မှာ ကင်ထားတဲ့ ဖက်ထုပ်ဖြစ်ပြီး 굽다 (gupda) ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဖက်ထုပ်ရွက် အပါးကို သုံးထားတာကြောင့် အပြင်ဘက်မှာ ကြွပ်ရွနေပြီး အတွင်းပိုင်းမှာ နူးနူးညံညံလေး ဖြစ်နေမှာပါ။ Mul-mandu တုန်းက တွဲစားတဲ့ ဆော့စ်နဲ့ လိုက်ဖက်ပြီး Jjajangmyeon (ပဲခေါက်ဆွဲ) နဲ့ အတူ စားကြလေ့ရှိပါတယ်။
4. Twigim-mandu (튀김만두)
ကြော်ထားတာ ကိုရည်ညွှန်းတဲ့ 튀기다 (twigida) ကနေ ဆင်းသက်လာတဲ့ Twigim-mandu (튀김만두) ကိုရီးယားဖက်ထုပ်ကြော် ဖြစ်ပါတယ်။ ဒီကိုရီးယား ဖက်ထုပ်ကြော်တွေဟာ အပြင်ပိုင်းမှာ ကြွပ်ကြွပ်ရွရွဖြစ်အောင် deep-fried ကြော်ထားတာ ဖြစ်ပါ။ Street food ဆိုင်တွေမှာလည်း တွေ့နိုင်တာကြောင့် ဒီဖက်ထုပ်မျိုးကို မသိတဲ့သူ မရှိပါဘူး။ Twigim-mandu စားတဲ့အခါမှာလည်း တော့ပိုကီနဲ့ fish cake တွေနဲ့လည်း တွဲစားဖို့ မမေ့ပါနဲ့။
5. Gogi-mandu (고기만두)
ဒီဖက်ထုပ်မှာတော့ ဝက်သား ဒါမှမဟုတ် အမဲသား (gogi 고기) တွေ အဓိကပါဝင်ပါတယ်။
Wang-mandu (왕만두) ဟာ အရွယ်အစားကြီးတာကြောင့်လည်း အဓိကဟင်းလျာအဖြစ် စားသုံးလေ့ရှိပါတယ်။ အရွယ်အစားကြီးတာကြောင့်လည်း Wang-mandu 왕만두 လို့လည်း ခေါ်ကြပါသေးတယ်။
အခုဖော်ပြခဲ့တဲ့ ဖက်ထုပ်အမျိုးအစားတွေကတော့ လူကြိုက်များပြီးသား ဖက်ထုပ်အမျိုးအစားတွေ ဖြစ်ပါတယ်။ နောက်ရက်တွေကျရင်တော့ ထူးထူးခြားခြား ကိုရီးယားဖက်ထုပ်အမျိုးအစားတွေ ပြောပြပေးမှာမလို့ စောင့်မျှော်နေကြပါနော်။
#Food #dumpling #Mandu #Korea #tasty






