Your cart is currently empty!
ဖက်ထုပ်တွေကို ရှေးခေတ်က ပိုးလမ်းမကုန်သည်တွေကနေ စတင်ပြီး ကိုရီးယားကို မိတ်ဆက်ခဲ့တယ်လို့ ဆိုကြပါတယ်။ ကိုရီးယားဖက်ထုပ်တွေဟာလည်း လူသိများတဲ့ ဂျပန်က gyoza ဒါမှမဟုတ် တရုတ်က baozi နဲ့ ဆင်တူကြပါတယ်။ အရင်ရက်တုန်းက လူကြိုက်များပြီးသား ဖက်ထုပ်အမျိုးအစားတွေ ပြောခဲ့ပြီးပြီမလို့ ဘယ်လို ထူးထူးခြားခြား ဖက်ထုပ်အမျိုးအစားတွေ ရှိသေးဦးမလည်းဆိုတာ ကြည့်လိုက်ရအောင်။
6. Kimchi-mandu (김치만두)
Kimchi-mandu (김치만두) ကတော့ နာမည်အတိုင်း ကင်မ်ချီနဲ့ ပြုလုပ်ထားတဲ့ ဖက်ထုပ်ဖြစ်ပါတယ်။ ဒါဟာ သက်သတ်လွတ် အစားအစာကို ကြိုက်တဲ့သူတွေအတွက် ရွေးချယ်မှုကောင်းတစ်ခုဖြစ်ပါတယ်။ ကင်မ်ချီဖက်ထုပ်တွေဟာလည်း လူကြိုက်များပြီး king-size ပုံစံနဲ့လည်း ရှိပါတယ်။ Kimchi-mandu ဟာ သုံးထားတဲ့ ကင်မ်ချီအမျိုးအစားအပေါ်မှာ မူတည်ပြီး ချဉ်တာစပ်တာ ကွာပါတယ်။ ကင်မ်ချီဖက်ထုပ်ကို ပေါင်းထားပြီး ပြုလုပ်လေ့ ရှိပေမယ့်လည်း တချို့ဆိုင်တွေကတော့ pan-fried ရနိုင်ပါတယ်။ အရသာပြင်းတာကြောင့် Kalguksu (ကိုရီးယား ဓားလှီးခေါက်ဆွဲပြုတ်) လေးနဲ့ စားသုံးတာ အကောင်းဆုံးပါ။
7. Eo-mandu (어만두)
ကိုရီးယား ဖက်ထုပ်ထဲမှာ specail အဖြစ်ဆုံး အမျိုးအစားကတော့ ငါး ဒါမှမဟုတ် ပင်လယ်စာ အစာသွပ်ထားတဲ့ အမျိုးအစား ဖြစ်ပါတယ်။ အဆာသွပ်မယ့် ပင်လယ်စာတွေကို ဖက်ထုပ်ရွက်ထဲ မထည့်ခင် အရင်ဆုံးချက်ထားတာကြောင့် ပေါ့ပါးပြီး ကြွပ်ရွတဲ့ texture ကိုရပါတယ်။ ရှေးအခါတုန်းက တော်ဝင်နန်းတွင်းသူတွေနဲ့ မှူးမတ်တွေ အဓိကစားတဲ့ ဟင်းဖြစ်ပြီး ယခုအခါမှာတော့ အလွယ်တကူ စားနိုင်နေပြီ ဖြစ်ပါ။
8. So-mandu (소만두)
‘So-mandu (소만두) ကလည်း သက်သတ်လွတ် ဖက်ထုပ်ဖြစ်ပြီး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာ တွေ့ရတတ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ သက်သက်လွတ်ဆိုတဲ့အတိုင်း မှို၊ သစ်ကြားသီး၊ အသီးအရွက်တွေဘဲပါတဲ့ ဖက်ထုပ်ဖြစ်ပါတယ်။ ဒီဖက်ထုပ်ကတော့ ကိုရီးယားမှာတောင် အလွယ်တကူဆိုင်တိုင်းမှာ မတွေ့ရနိုင်ဘဲ ဘုန်းကြီးကျောင်းတွေမှာဘဲ ရှိတတ်ပါတယ်။
9. Yachae-mandu (야채만두)
နောက်ထပ်သက်သတ်လွတ် ဖက်ထုပ်ကတော့ Yachae-mandu (야채만두) ဖြစ်ပြီး Kimchi-mandu လို အစပ်မစားချင်တဲ့ သူတွေအတွက် အဆင်ပြေပါတယ်။ Yachae-mandu မှာ ဟင်းသီးဟင်းရွက်အပြင် တခါတလေ တို့ဟူးနဲ့ ဖန်ခေါက်ဆွဲတွေလည်း ပါဝင်တတ်ပါတယ်။ အသားမပါပေမယ့်လည်း ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်သွန်ဖြူနဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အရသာကောင်းမွန်အောင် ချက်ထားပါတယ်။
10. Pyeonsu (편수)
ကိုရီးယား ဖက်ထုပ်ရဲ့ အကောင်းဆုံး (၁၀) မျိုးစာရင်းရဲ့ နောက်ဆုံးစာရင်းမှာကတေ့ Pyeonsu (편수) ဖြစ်ပါတယ်။ ဒီဖက်ထုပ်ကတော့ မြောက်ကိုရီးယား ဟင်းလျာတွေရဲ့ ပုံစံ စတုဂံပုံ ဖက်ထုပ်တွေဖြစ်ပြီး ဟင်းသီးဟင်းရွက်တွေ အပြည့်ပါဝင်ပါတယ်။ ဒီဖက်ထုပ်ကို နွေရာသီမှာ ဟင်းရည်အေးနဲ့ စားသုံးကြပြီး မြောက်ကိုရီးယား အစားအစာရတဲ့ ဆိုင်တွေမှာ တွေ့နိုင်ပါတယ်။
#Food #dumpling #Mandu #Korea #tasty






