AI က သင့်ဦးနှောက်ကို အားနည်းစေနိုင်သလား။ MIT ရဲ့ သတိပေးချက်

AI က သင့်ဦးနှောက်ကို အားနည်းစေနိုင်သလား။ MIT ရဲ့ သတိပေးချက်
ChatGPT လို AI ကိရိယာတွေကို နေ့စဉ်ဘဝမှာ အီးမေးလ်ရေးရင်း၊ အတွေးတွေကို အကျဉ်းချုံးရင်း အားကိုးနေမိပါသလား။ AI ရဲ့ အဆင်ပြေမှုက ကူညီပေးတာမှန်ပေမယ့်၊ MIT ရဲ့ လေ့လာမှုအသစ်တစ်ခုကတော့ ဒီအဆင်ပြေမှုမှာ အန္တရာယ်တစ်ခုရှိနေနိုင်တယ်လို့ သတိပေးပါတယ်။

ဦးနှောက်ဆိုတာ ကြွက်သားတစ်ခုလိုပါပဲ။ လေ့ကျင့်မထားရင် အားနည်းသွားနိုင်ပါတယ်။ MIT ရဲ့ သုတေသနအရ AI ကို အလွန်အကျွံအားကိုးတာဟာ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းနဲ့ မှတ်ဉာဏ်ကို တဖြည်းဖြည်းအားနည်းစေနိုင်တယ်လို့ ဦးနှောက်လှိုင်းတွေကို တိုင်းတာပြီး တွေ့ရှိခဲ့ပါတယ်။

ဒီအကျိုးသက်ရောက်မှုဟာ AI သုံးနေတဲ့အချိန်တင် ဖြစ်ပေါ်တာမဟုတ်ပါဘူး။ သုတေသီတွေက ဒါကို “စိတ်ပိုင်းဆိုင်ရာ ထိုင်းမှိုင်းမှု” လို့ ခေါ်ဆိုပြီး၊ ဒီအခြေအနေဟာ ကိုယ်တိုင်တွေးတောဖို့ ကြိုးစားတဲ့အခါမှာပါ သက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။ တခါတလေမှာ AI နဲ့ရေးခဲ့တဲ့ အကြောင်းအရာကိုတောင် ပြန်မမှတ်မိနိုင်တော့တဲ့ အခြေအနေထိ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် AI ကို သင့်အတွေးတွေကို အစားထိုးမယ့် “သူဌေး” တစ်ယောက်လို မဟုတ်ဘဲ၊ သင့်ကိုထောက်ပံ့ပေးမယ့် “လက်ထောက်” တစ်ယောက်အနေနဲ့သာ ပညာရှိရှိအသုံးပြုပါ။ သင့်ဦး�နှောက်ကို လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ မမေ့ပါနဲ့။ AI က အဖြေတွေ ထုတ်ပေးနိုင်ပေမယ့်၊ မှန်ကန်တဲ့ မေးခွန်းတွေမေးနိုင်ပြီး ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်ကတော့ သင့်ဦးနှောက်မှာသာ ရှိပါတယ်။

ရင်းမြစ်: Technology Innovation


Latest