ကိုရီးယားငါးပေါင်မုန့်မှာ Ingeoppang နဲ့ bungeoppang က အတူတူပဲလား ?

ကိုရီးယားငါးပေါင်မုန့်တွေဟာ ဆောင်းရာသီမှာ နာမည်အကြီးဆုံး သရေစာမုန့်ဖြစ်ပြီး စျေးနှုန်းသက်သာတဲ့ အပြင် အလွယ်တူဝယ်စားနိုင်တာကြောင့် လူကြိုက်များပါတယ်။ ငါးပေါင်မုန့်ကတော့ ပဲနီလေးအနှစ် ခရင်မ်နှင့် ကန်စွန်းဥတို့နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကြွပ်ကြွပ်ရွရွ ရှိတဲ့ အပြင်ပိုင်းနှင့် ချိုမြိန်တဲ့ အတွင်းပိုင်းအနှစ်ကြောင့် ပြီးပြည့်စုံတဲ့ texture ကို ဖန်တီးပေးပါတယ်။ ငါးပေါင်မုန့်တွေ စားချင်ရင်တော့ Seoul National University station နဲ့ Konkuk University station တို့နားက ဆိုင်တွေမှာ စမ်းစားကြည့်ဖို့  recommend ပေးပါတယ်။ 

လူကြိုက်များတဲ့ ကိုရီးယားဆောင်းရာသီ လမ်းဘေးအစားအစာတွေထဲက တခုဖြစ်တဲ့ bungeoppang (နှင့် အလားတူ ingeoppang) နှစ်မျိုးလုံးကို KRW 2,000 ဝန်းကျင်နဲ့ ရနိုင်တာကြောင့် စျေးသက်သက်သာသာနဲ့ စားနိုင်ပါတယ်။  Ingeoppang ကလဲ ကိုရီးယားငါးပေါင်မုန့်ဖြစ်ပြီး bungeoppang နဲ့လဲ အတော်လေး ဆင်တူပေမယ့် ကွဲလွဲချက်တချို့တော့ ရှိပါသေးတယ်။ သူတို့ကို ပြုလုပ်ထားတဲ့ မုန့်နှစ်၊ ပုံသဏ္ဍာန်နဲ့ ဌာပနာအနည်းအများတွေလဲ ကွာပါသေးတယ်။

အရသာ : Ingeoppang ကတော့ စားလိုက်ရင် နူးနူးညံညံလေးနဲ့ စားလို့ကောင်းပြီး bungeoppang ကတော့ အပြင်ဘက်က ကြွပ်ကြွပ်ရွရွနဲ့ အထဲကအနှစ်ကလဲ နူးညံပြီး အရသာရှိပါတယ်။ 

မုန့်နှစ် : Ingeoppang ရဲ့ မုန့်နှစ်ကို ဂျုံမှုန့်၊ ကောက်ညှင်းဆန်နဲ့ ထောပတ်တို့ ပြုလုပ်ထားတာကြောင့် ပါးပါးနူးနူးညံညံလေးဖြစ်ပြီး Bungeoppang ရဲ့ မုန့်နှစ်ကတော့ ဂျုံမှုန့်နဲ့ ပြုလုပ်ထားတာကြောင့် ပိုထူပြီး ကြွပ်ပါတယ်။ 

ပုံသဏ္ဍာန် : Ingeoppang ရဲ့ပုံစံကတော့ ပါးလွှာပြီး bungeoppang ကတော့ ပိုဝိုင်းပါတယ်။ 

ဌာပနာ : Ingeoppang မှာ ဌာပနာထည့်ထားတဲ့ ပဲနီလေးအနှစ်ကို ပေါင်မုန့်တစ်ခုလုံး အညီအမျှ ထည့်ထားပြီး bungeoppang မှာတော့ ပဲနီလေးအနှစ်ကို အလယ်မှာ ထည့်ထားတာဖြစ်ပါတယ်။ 

မူပိုင်ခွင့် – Gold Fish Foods ကနေပြီး ၁၉၉၉ ခုနှစ်မှာ ingeoppang ကို မူပိုင်ခွင့်တင်ခဲ့ပြီး တစ်ခါတစ်လေကျရင် သူတို့ရဲ့ မူပိုင်ခွင့်နာမည်ဖြစ်တဲ့ Gold Ingeoppang နဲ့လဲ လူသိများပါတယ်။ 

#streetfood #food #snack #korea #myangoal #myanmar


Latest