iPhone Air ဝယ်ဖို့ စောင့်နေသူတွေအတွက် သတင်းကောင်း

နောက်မျိုးဆက်မှာ ကင်မရာ (၂) လုံးနဲ့ Battery ပါ အဆင့်မြှင့်လာတော့မယ်

Apple သတင်းတွေကို အမြဲတမ်း တိတိကျကျ ခန့်မှန်းလေ့ရှိတဲ့ Bloomberg က Mark Gurman ရဲ့ နောက်ဆုံးထွက် Power On သတင်းစကားအရ Apple ဟာ လာမယ့် ၂၀၂၇ နှစ်စောပိုင်းမှာ မိတ်ဆက်ဖို့ ပြင်ဆင်နေတဲ့ iPhone Air 2 မှာ Ultra-Wide Lens အသစ် ထပ်တိုးပေးသွားဖို့ ရှိနေပါတယ်။

အမှန်တော့ ပထမမျိုးဆက် iPhone Air မှာ ကင်မရာ တစ်လုံးတည်းပဲ ပါတာရယ်၊ Battery အထားခံမှု အားနည်းတာရယ်ကြောင့် အလှကြိုက်သူတွေနဲ့ Ultra-thin Design ကို သဘောကျသူတွေတောင် ဝယ်ဖို့ တွန့်ဆုတ်ခဲ့ကြတာပါ။ Apple ဘက်ကလည်း ဒီလိုအပ်ချက်တွေကို အမိအရ ပြန်လည်ပြင်ဆင်ပေးဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

iPhone Air 2 မှာ ပြောင်းလဲလာဖို့ ရှိတာတွေကတော့ –

Dual Camera System: ပထမမျိုးဆက်တုန်းကလို Main Camera တစ်လုံးတည်း မဟုတ်တော့ဘဲ ရှုခင်းကျယ်တွေကို အမိအရ ရိုက်ကူးနိုင်မယ့် Ultra-Wide Camera Lens တစ်လုံး ထပ်တိုးလာပါမယ်။

အလွန်ပါးလွှာတဲ့ Body ကြောင့် အားမခံဘဲ ဖြစ်နေခဲ့တဲ့ Battery ကိုလည်း ကြာရှည် အသုံးခံနိုင်အောင် ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးသွားမှာပါ။

ဒီ iPhone Air 2 ကိုတော့ လာမယ့် ၂၀၂၇ ခုနှစ်ရဲ့ ပထမနှစ်ဝက် (Spring ရာသီ) လောက်မှာ မိတ်ဆက်လာနိုင်တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် ကင်မရာတစ်လုံးတည်းဖြစ်လို့ ဝယ်ဖို့ ချိန်ဆနေခဲ့သူတွေအတွက်တော့ Ultra-Thin ဒီဇိုင်းအပြင် ကင်မရာနဲ့ Battery ပါ စုံစုံလင်လင် ပါလာမယ့် iPhone Air 2 ဟာ တကယ် စောင့်ရကျိုးနပ်မယ့် အဆင့်မြှင့်တင်မှု ဖြစ်လာတော့မှာပါ


Latest