Your cart is currently empty!
ကိုရီးယားနိုင်ငံကတော့ ခေတ်မီပြီး နည်းပညာဆိုင်ရာမှာ တိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့်လဲ ကိုရီယားလူမျိုးတွေကြားမှာ အယူသီးမှုတွေ ( 미신, misin ) ထုံးတမ်းစဉ်လာတွေနဲ့ ပတ်သက်ပြီးတော့ အစွဲကြီးကြပါတယ်။ ကိုရီးယားလူမျိုး တော်တော်များများကတော့ ဒီလိုအယူအဆတွေကို မယုံကြည်ဘူးလို့ ပြောကြပေမယ့် ကံဆိုးတာတွေကို မဖြစ်စေဖို့ တခါတလေလဲ ရှောင်ရှားတတ်ကြပါတယ်။ ကိုရီးယားမှာ ယေဘုယျအကျဆုံးနဲ့ လူသိအများဆုံး အယူသီးမှုတွေအကြောင်း လေ့လာကြည့်ရအောင်။
အဖြစ်အများဆုံး ကိုရီးယားအယူသီးမှု 9 ခု
1. နံပါတ် 4 ကိုရှောင်ပါ။
အဖြစ်များဆုံး ကိုရီးယားအယူသီးမှုတွေထဲက တစ်ခုကတော့ နံယပါတ် 4 နဲ့ သက်ဆိုင်တဲ့ဟာ ဖြစ်ပါတယ်။ တချို့လူတွေ သိထားကြတဲ့အတိုင်း နံပါတ် 4 ကတော့ သေခြင်းနဲ့ သက်ဆိုင်တဲ့ အယူအဆရှိကြတာကြောင့် ကိုရီးယားမှာ ရှောင်ရှားကြပါတယ်။ တရုတ်-ကိုရီးယားဂဏန်းတွေမှာ နံပါတ် 4 ရဲ့အသံထွက်ကတော့ သေခြင်းကိုပြောတဲ့ ဝေါဟာရနဲ့ဆင်တူတဲ့ အသံထွက်ရှိတာကြောင့် ဖြစ်ပါတယ်။
ကိုရီးယား ဓာတ်လှေကားတွေမှာ စတုတ္ထထပ်ကို သွားမယ်ဆိုရင်လဲ နံပါတ် 4 အစား F အက္ခရာခလုတ်ကို မကြာခဏ အစားထိုးပြီး သုံးလေ့ရှိပါတယ်။ ဒီလို F အက္ခရာခလုတ်ကို အဆောက်အဦတိုင်းတွေ့ရမှာတော့ မဟုတ်ဘဲ တချို့အဆောက်အအုံတွေမှာတော့ နံပါတ် 4 အတိုင်းထားထားတာကိုလဲ တွေ့နိုင်ပါတယ်။
2. ကိုယ့်ရဲ့ချစ်သူလက်တွဲဖော်ကို ကြက်တောင်ပံ မကျွေးပါနဲ့။
ဒီထူးဆန်းတဲ့ ကိုရီးယားအယူသီးမှုကတော့ ကိုယ့်ရဲ့ချစ်ရသူတွေကို ကြက်တောင်ပံတွေကို မကျွေးဖို့ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ကိုယ့်ရဲ့ချစ်သူ ယောက်ျားလေး ဒါမှမဟုတ် မိန်းကလေးဟာ နောက်တစ်ယောက်ဆီကို ပျံသွားလိမ့်မည်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ချစ်သူနဲ့ ရိုမန်းတစ်ဆန်ဆန် ညစာစားဖို့ ပြင်ဆင်နေတယ်ဆိုရင် ကြက်တောင်ပံတွေကို ဖယ်ထားဖို့ မမေ့နဲ့နော်။
၃။ အသက်ရှင်နေတဲ့သူတွေရဲ့ နာမည်တွေကို အနီရောင်နဲ့ မရေးပါနဲ့။
ဘာဖြစ်လို့လဲဆိုတော့ အနီရောင်နဲ့ အသက်ရှင်နေသေးတဲ့ လူရဲ့နညမည်ကို ရေးတာဟာ သူတို့ကို သေစေလိုတဲ့ ဆန္ဒနဲ့ရေးတာနဲ့ တူညီတာကြောင့်ဖြစ်ပါ။ ဒီအယူအဆဟာ ရှေးယခင်ထဲက အယူအဆဖြစ်ပြီး ရိုးရာဓလေ့ထုံးတမ်းပွဲတွေ ( Chuseok တို့လို) မှာ ကွယ်လွန်သူတွေရဲ့ နာမည်တွေကို အနီရောင်နဲ့ ရေးထားတာကြောင့် ဖြစ်ပါတယ်။
ဒီလိုမှင်နီနဲ့ရေးတာက သေခြင်းတရားနဲ့ ဆက်စပ်နေတဲ့ အယူအဆဟာ ယခုအချိန်အထိ ကျန်ရှိနေသေးတာဖြစ်ပါတယ်။ ဒါကြောင့် ကိုရီးယားသူငယ်ချင်းတွေရဲ့ နာမည်တွေကို ရေးတဲ့အခါမှာ ကိုယ့်ဆီမှာ တခြားဘောပင်အရောင်တွေမရှိရင် မရေးပါနဲ့။
4. အိမ်ပြောင်းရွှေ့တဲ့အခါမှာ ရက်ရွေးပြီး ရွှေ့တတ်ကြပါတယ်။
အိမ်ပြောင်းတဲ့အခါမှာ နတ်ဆိုးတွေ အနောက်ကနေလိုက်လာတာမျိုး တားဆီးနိုင်ဖို့အတွက် ကိုရီးယားလူမျိုးအများစုကတော့ soni eobneun nal (손이 없는날) လို့ခေါ်တဲ့ မကောင်းတဲ့အရာတွေ ကင်းစင်တဲ့ နေ့ရက်တွေအတွင်းမှာ ပြောင်းရွှေ့လေ့ရှိကြပါတယ်။ ဒီလိုကိုရီးယားအယူသီးမှုဟာ ယနေ့ခေတ်အထိ ရှိသေးတာမလို့ အိမ်ပြောင်းရွှေ့ဝန်ဆောင်မှု ကုမ္ပဏီတွေရဲ့ ပြောင်းရွှေ့စရိတ်ဟာ တခြားနေ့တွေထက် ဒီလိုနေ့တွေမှာ စျေးပိုကြီးတတ်ပါတယ်။
ကိုရီးယားမှာ အိမ်ပြောင်းတော့မယ်ဆိုရင်တော့ ကိုယ်ရွေးချယ်တဲ့နေ့ပေါ်မူတည်ပြီး စျေးနှုန်းတွေကွာခြားနိုင်တာကြောင့် ဘယ်နေ့မှာပြောင်းမလဲဆိုတာ သတိထားသင့်ပါတယ်။ ဒီလိုကိုရီးယားတွေလို အယူသီးမှုတွေ မရှိဘူးဆိုရင်တော့ ဈေးအသက်သာဆုံးနေ့ကို သေချာရွေးပြီးပြောင်းဖို့ အကြံပေးပါရစေ။
ကျန်နေသေးတဲ့ ကိုရီးယားနိုင်ငံမှာရှိတဲ့ အယူသီးမှုတွေကိုတော့ နောက်ရက်ကျရင် ထပ်ပြီးတော့ ပြောပေးသွားမှာမလို့ ဘာတွေဖြစ်မလဲ၊ ဘာတွေရှောင်ရမလဲဆိုတာ သိချင်ရင်တော့ စောင့်မျှော်နေကြပါနော်။
#korea #myangoal #myanmar #traditional






