Your cart is currently empty!
ကိုရီးယားစံတော်ချိန် ယနေ့ညနေ ၄ နာရီမှစတင်ကာ ကိုရီးယား မိုးလေဝသ စီမံကွပ်ကဲမှု (KMA) မှ အပူလှိုင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဆိုးလ်မြို့ တစ်မြို့လုံးအတွက် အပူလှိုင်းသတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ်တွင် Heat advisory system ကို စတင်အသုံးပြုပြီးနောက် ယခုစက်တင်ဘာလတွင် မြို့တော်အတွက် ပထမဆုံးအကြိမ် သတိပေးချက်ကို ကျင့်သုံးခဲ့ကြောင်း မိုးလေဝသတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
ထို system မှာ အပူချိန် 33 ဒီဂရီစင်တီဂရိတ်နှင့်အထက်၊ အပူချိန် 35 ဒီဂရီစင်တီဂရိတ်နှင့်အထက် ရှိနေချိန်တွင် အပူလှိုင်းသတိပေးချက်ထုတ်ပြန်ထားပြီး အပူချိန် 33 ဒီဂရီစင်တီဂရိတ်နှင့်အထက် တိုင်းတာသည့်အခါတွင် အပူလှိုင်း သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။
ညနေ ၄ နာရီအထိ တောင်ကိုရီးယားအာဏာပိုင်များက အပူလှိုင်းသတိပေးချက်များကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသပေါင်း ၁၈၃ ခုတွင် ၁၆၇ ခုအတွက် အထူးအပူလှိုင်း သတိပေးချက်များကို တိုးမြှင့်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
ဒေသအများအပြားမှာလည်း စက်တင်ဘာလ အပူချိန်ကို အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ထားခဲ့ပါတယ်။ အရှေ့ပိုင်း Gangwon ပြည်နယ်ရှိ Jeongseon ခရိုင်တွင် 37.1 ဒီဂရီစင်တီဂရိတ်ဖြင့် မှတ်တမ်းတင်ခဲ့ပြီး ဆိုးလ်တွင် 33.9 ဒီဂရီစင်တီဂရိတ်ရှိခဲ့ပြီး နိုင်ငံရဲ့ အလယ်ပိုင်းဒေသရှိ အခြားမြို့များနှင့် ခရိုင်တစ်ဒါဇင်ခန့်တွင် ၃၆ ဒီဂရီစင်တီဂရိတ်ကျော် အပူချိန်များရှိခဲ့ပါတယ်။
အပူချိန်ကို ပြန်လည်ကျဆင်းမည်ဟု ခန့်မှန်းထားသောကြောင့် လက်ရှိပူပြင်းသော အပူရှိန်မှာ လာမယ့်ဗုဒ္ဓဟူးနေ့ညမှ စတင်၍ သက်သာမည်လို့ မျှော်လင့်ထားကြောင်း KMA မှ ပြောကြားခဲ့ပါတယ်။
ကြာသပတေးနေ့တွင် နိုင်ငံအလယ်ပိုင်းဒေသအချို့၌ မိုးရွာသွန်းမည်ဟု ခန့်မှန်းရပါတယ်။
Source: Arirang News
#myangoal #korea_myanmar #weather







Leave a Reply
You must be logged in to post a comment.