Your cart is currently empty!
iPhone 16 Series, Apple Watch Series 9, AirPods 4 တို့ကို မိတ်ဆက်လိုက်ပါပြီ !
• iPhone 16 Pro, Pro Max
အရောင်သစ်တွေနဲ့ Design အသစ်နဲ့ထွက်ချလာတာပါ
Size တွေအနေနဲ့ iPhone 16 Pro က 6.3-inch, iPhone 16 Pro Max က 6.9-inch ဆိုပြီး နှစ်မျိုးနဲ့ လာမှာဖြစ်ပါတယ်။ Battery Size အကြီးဆုံးကို သုံးပေးထားပြီး Apple Silicone Chip နဲ့ Camera တို့ကို ထည့်သွင်းထားပါတယ်။ Apple Silicone အသစ်ဖြစ်တဲ့ A18 Pro ကတော့ 3 nm Second Generation Technology နဲ့ဖန်တီးထားပြီး Smartphone လောကမှာ အကြမ်းဆုံး Chip လို့တင်စားထားပါတယ်။
Camera ပိုင်းမှာဆိုရင်တော့ 48MP Fusion Camera နဲ့ Second Gen Quad-Pixel Sensor ကိုသုံးထားပြီး ၂ ဆ အမြန်နှုန်းနဲ့ ရိုက်ချက်တွေကို အမိဖမ်းပေးမှာဖြစ်ပါတယ်။ 48MP ProRaw နဲ့ HEIF Feature တွေက Detail ပိုကျအောင် ရိုက်ချက်တွေကို ဖန်တီးပေးမှာပါ။ Ultra Wide Camera ကတော့ 48MP ပဲ သုံးထားပြီး Angle Shot တွေနဲ့ Micro Shot တွေမှာ Detail ကျအောင် ဖန်တီးပေးထားဦးမှာဖြစ်ပါတယ်။ Telephoto ကိုတော့ 12MP သုံးထားပေးပါတယ်။
Camera Control ဆိုတဲ့ Button တစ်ခုပါလာပြီး Camera အတွက် Feature အသစ် သုံးခုပါဝင်လာမှာဖြစ်ပါတယ်။
Control Pad ဆိုတဲ့ Feature က Effect တွေနဲ့ ရိုက်ထားပြီးတဲ့ ပုံတွေကို Color တွေ၊ Tone တွေ Adjustment လုပ်လို့ရနိုင်မှာဖြစ်ပါတယ်။
Video အတွက်ကတော့ 4K120 fps Feature အသစ်ကို ထည့်ပေးထားပြီး Slo-mo ကို Dolby Vision နဲ့ Cinematic Mode တွေမှာပါရိုက်ကူးလို့ရနိုင်အောင်လုပ်ထားပါတယ်။ ဒီလိုရိုက်ထားပြီးတဲ့ Video တွေကို Speed ပြန်ချိန်းလို့ရနိုင်တဲ့အပြင် fps တွေအလိုက်ရွေးချယ်နိုင်ပါသေးတယ်။
နောက်ပြီး Grid Composer အနေနဲ့ Pro တွေမှာ Grid တွေကို ပုံစံအများကြီးနဲ့ရိုက်လို့ရနိုင်အောင်လုပ်ထားတာက အသက်လို့ပြောရမှာပါပဲ။
Audio ပိုင်းမှာဆိုရင် အသံကို Layer ထပ်ပြီး သွင်းရင်တောင် ရပါတယ်။
Audio အတွက် Video ရိုက်နေတုန်းမှာ Studio Mode ထားမယ်ဆိုရင် လူနှစ်ယောက်ရဲ့ အသံကို ခွဲပြီး မှတ်ထားလို့ရနိုင်ပါတယ်။
iPhone 16 Pro မှာဆိုရင်တော့ အရောင်အနေနဲ့ Desert Titanium, Natural Titanium, White Titanium, Black Titanium တို့နဲ့လာမှာပါ။
—————————————-
• iPhone 16, iPhone 16 Plus
iPhone 16 ကတော့ First-generation ထက်ကို 50% ပိုကောင်းလာတဲ့ Ceramic Shield Formula အသစ်ကိုသုံးထားပြီး Size အနေနဲ့ 6.1-inch နဲ့ 6.7-inch ဆိုပြီး အရွယ်အစား (၂) မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
A18 Chip ကို အသုံးပြုထားပြီး 6-core CPU with 2 performance and 4 efficiency cores ပါဝင်သေးတော့ Performance အကောင်းဆုံး iPhone တစ်လုံးပါပဲ။ iPhone 16 အတွက် သီးသန့် Visual Intelligence Feature ကိုထည့်သွင်းပေးလိုက်ပါတယ်။
Camera ပိုင်းမှာ Main Camera အတွက် 48MP, Ultra Wide Camera နဲ့ 12MP ကို အသုံးပြုထားပါတယ်။
iPhone 16 ကတော့ Ultramarine, Teal, Pink, White and black colour (၅) မျိုးနဲ့ ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။
—————————————-
• Apple Watch Series 10
Apple Watch Series 10 ကတော့ အပါးဆုံး Design၊ အကြီးဆုံး Display နဲ့ မိတ်ဆက်သွားပါတယ်။
Apple Watch Series 10 က အရွယ်အစားအနေနဲ့လည်း Series 6 ထက် ပိုကြီးပြီး Watch Ultra ထက် Size ကြီးပါတယ်။ Flux ဆိုတဲ့ Watch Face တစ်ခုအသစ်ပါဝင်လာမှာဖြစ်ပြီး Battery Life က နာရီဝက်နဲ့ အား 80% ရောက်အောင် အမြန်သွင်းပေးနိုင်ပါတယ်။
ဒါ့အပြင် အမိုက်ဆုံးက Jet Black အရောင်ကိုပါ မိတ်ဆက်လိုက်ပါပြီ
Series 10 မှာဆိုရင် အရောင်အနေနဲ့ Jet Black, Rose Gold, Silver သုံးရောင်နဲ့ လာမှာဖြစ်ပြီး Titanium Edition ကိုလည်း Stainless Steel Band တွေ၊ Reflection Watch Face အသစ်တွေနဲ့ အတူ မိတ်ဆက်လိုက်ပါတယ်။
နောက်ပြီး Apple Watch Series 10 နဲ့အတူ အိပ်မပျော်တဲ့သူတွေအတွက် Sleep Apnea ဆိုတဲ့ App ကိုလည်း မိတ်ဆက်လိုက်ပြီး ညဘက်အိပ်တဲ့အခါ အသက်ရှုအခက်အခဲရှိတယ်ဆိုရင် ဒီ App လေးက ကူညီပေးမှာဖြစ်ပါတယ်။
—————————————-
• Apple Watch Ultra 2 New Color
Apple Watch Ultra 2 ကတော့ Stain Black ဆိုတဲ့ အရောင်နဲ့ Matt လို ပုံစံကိုမှ PVD Formulated ကိုသုံးထားတဲ့ အတွက် ပိုပြီးအကြမ်းခံလာမှာပါ။
Titanium Milanese Loop ကို မိတ်ဆက်သွားပြီး အချိတ်အဆက်တွေပိုကောင်းအောင် Detail အကျဆုံး ဖန်တီးထားတာက တော်တော်လေးမိုက်ပါတယ်။
Apple Watch တွေကတော့ Apple မှာ ယနေ့ Order တင်လို့ရမှာဖြစ်ပြီး September 20 ရက်နေ့မှာတော့ ရောင်းချသွားမှာပါ။
—————————————-
• AirPods 4
AirPods New Generation အနေနဲ့ AirPods 4 ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။
Apple ကတော့ Comfortable အဖြစ်ဆုံး AirPods လို့ တင်စားထားပြီး နားထဲ တပ်ထားရင် လူတိုင်းနဲ့ ကိုက်ညီတဲ့ Ear Shapes တွေကို ဖန်တီးထားပါသေးတယ်။
Active noise cancellation ပါဝင်တာနဲ့ မပါဝင်တာ ဆိုပြီး ရွေးချယ်စရာ ၂ ခုရှိလာမှာပါ။ ရွေးချယ်စရာနှစ်ခုနဲ့ Customer တိုင်း အကြိုက်တွေ့ဦးမှာပါ။
—————————————–
• AirPods Max
AirPods Max ကတော့ အရောင်အသစ်တွေနဲ့ မိတ်ဆက်ထားတာပါပဲ။ ကျန်တာ ဘာမှမပြောင်းလဲပါဘူး။ Midnight, Purple, Blue, Orange နဲ့ Starlight ဆိုတဲ့ Color အသစ်တွေကို မိတ်ဆက်သွားပါတယ်။
————————————-
• AirPods Pro 2
AirPods Pro အသစ် မိတ်မဆက်သွားပေမယ့် AirPods Pro 2 မှာ Feature အသစ်တွေကို မိတ်ဆက်သွားပါတယ်။
Hearing Test ဆိုတဲ့ Feature ပါဝင်လာမှာဖြစ်ပြီး ကိုယ့်ရဲ့နားက အကြားအာရုံ လုပ်ဆောင်ချက်တွေ ကောင်း/မကောင်း ကို စမ်းသပ်နိုင်မှာပါ။
နားကျန်းမာရေးမကောင်းတဲ့သူတွေအတွက် Head Aid Feature ကို AirPods Pro 2 မှာ ထည့်ထားပြီး ကိုယ့်ရဲ့ နားလေးတွေကို ဆူညံတဲ့ ပတ်ဝန်းကျင်က အသံတွေစီကနေ ကာကွယ်ပေးမယ့် Hearing Protection Feature လည်းပါဝင်ဦးမှာပါ။
ဒီ Feature တွေရဖို့ဆိုရင်တော့ နောက်ထွက်လာမယ့် iOS 18 နဲ့အတူ AirPods Pro 2 ကို Update တင်ပြီးသုံးလို့ရနိုင်မှာဖြစ်တဲ့အပြင် Apple ဘက်က အသစ်ထပ်ထုတ်တဲ့ AirPods Pro 2 တို့မှာပါဝင်လာမှာဖြစ်ပါတယ်။
ဒီနေ့မိတ်ဆက်သွားတာတွေကတော့ တော်တော်လေးမိုက်လို့ ကြိုက်နေတယ်ဆိုရင် အခုပဲ စိတ်ကြိုက်တစ်ခုကိုရွေးသွားလိုက်တော့နော်။
Pre-Order တင်ထားချင်တယ်ဆိုရင် Page မှာလာမေးထားလိုက်တော့နော်။







Leave a Reply
You must be logged in to post a comment.