ခြောက်သွေ့တဲ့ အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ ?

ခြောက်သွေ့တဲ့ အသားအရေဆိုတာဘာလဲ ?
ခြောက်သွေ့တဲ့ အသားအရေဆိုတာ အစိုဓာတ်နဲ့ သဘာဝအဆီတွေမရှိတာကြောင့် အသားအရေ တင်းကျပ်ခြင်း၊ နီရဲခြင်းနဲ့ တခါတရံ ယားယံခြင်းတို့ ဖြစ်ပေါ်လေ့ရှိတဲ့ အသားအရေအမျိုးအစားဖြစ်ပါ။ xerosis သို့မဟုတ် xeroderma လို့လဲလူသိများပြီး အေးတဲ့ ဒါမှဟုတ် ခြောက်သွေ့တဲ့ရာသီဥတု၊ နေလောင်ဒဏ်၊ ဆပ်ပြာကြမ်းတာနဲ့ ရေချိုးတာကြာခြင်းစတဲ့ အကြောင်းရင်းတွေကြောင့်လဲ ဖြစ်တတ်ပါတယ်။

ဆောင်းရာသီဆိုရင် တိုက်တဲ့လေက အေးပြီး ခြောက်သွေ့တဲ့အတွက် အရေပြား ကွဲအက်ခြင်း၊ ယားယံခြင်းစတဲ့ လက္ခဏာရပ်များဖြစ်တတ်ကြပါတယ်။ မျက်နှာသစ်ပြီးတဲ့အခါ အရေပြား တင်းကျပ်ခြင်း၊ အကွက်တွေ ဒါမှဟုတ် အစက်အပြောက်တွေ မကြာခဏ ကြုံတွေ့နေရပြီဆိုရင်တော့ အသားအရေ ခြောက်သွေ့နေပြီဘဲ ဖြစ်ပါတယ်။

ခြောက်သွေ့တဲ့ အသားအရေနဲ့ အရေပြား ရေဓာတ်ခန်းခြောက်ခြင်းတို့ကြား ဘာကွာခြားချက်တွေရှိလဲ ?
ခြောက်သွေ့တဲ့ အသားအရေဟာ အဆီဓာတ် နည်းတာကြောင့်ဖြစ်ပြီး ရေဓာတ်ခမ်းခြောက်တဲ့ အသားအရေကတော့ နာမည်အတိုင်း ရေဓာတ် ချို့တဲ့လို့ဖြစ်ပါတယ်။ ခြောက်သွေ့တဲ့ အသားအရေကတော့ အဆီထုတ်လုပ်မှု နည်းပါးတာကြောင့် အသားအရေဟာ အစိုဓာတ်ကင်းမဲ့စေပြီး တင်းကျပ်ကျပ်ဖြစ်ခြင်း၊ ကြမ်းတမ်းခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့ အသားအရေဟာ တင်းတင်းရင်းရင်း၊ မွဲခြောက်ပြီး အရေးအကြောင်းတွေ ပိုဖြစ်လာနိုင်ပါတယ်။ ရာသီဥတု၊ အစားအသောက် ဒါမှမဟုတ် လူနေမှုပုံစံပေါ် မူတည်ပြီး ဖြစ်ပေါ်လာတတ်တဲ့ ယာယီပြဿနာတခုဖြစ်ပါတယ်။

ခြောက်သွေ့တဲ့အသားအရေကို ဘယ်လိုပြုပြင်ရမလဲ ?
ခြောက်သွေ့တဲ့အသားအရေကို ပြုပြင်ရာမှာ အစိုဓာတ်ပြန်လည်ရရှိဖို့နဲ့ အရေပြားကို အားကောင်းစေဖို့က ပိုအ‌ရေးကြီးပါတယ်။ ဒါ့ကြောင့် အသားအရေထိန်းသိမ်းတဲ့အခါ moisturizer ကို အသုံးပြုသင့်ပါတယ်။

အစိုဓာတ်ကို ထိန်းညှိပေးပြီး ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ဖို့ အထူးပြုပါဝင်ပစ္စည်းတွေ သုံးထားတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် နူးညံ့တဲ့ မျက်နှာသစ်ဆေးကို အသုံးပြုသင့်ပြီး အရေပြားရဲ့ သဘာဝအဆီတွေကို ဖယ်ရှားတတ်တဲ့ ရေနွေးနဲ့ ရေချိုးခြင်းကို ရှောင်သင့်ပါတယ်။ ခြောက်သွေ့လွန်းတဲ့ အသားအရေရှိသူတွေအတွက် hyaluronic acid၊ glycerin နှင့် ceramides တို့လိုမျိုး အစိုဓာတ်ပါတဲ့ ပါဝင်ပစ္စည်းတွေ သုံးထားတဲ့ cream တွေနှင့် lotion တွေကို အသုံးပြုသင့်ပါတယ်။

ခြောက်သွေ့တဲ့ အသားအရေတွေ တွက် ဘယ်လိုပါဝင်ပစ္စည်းတွေက ကောင်းလဲ?
hyaluronic acid၊ glycerin၊ ceramides နဲ့ jojoba ဒါမှမဟုတ် argan oil တို့လိုမျိုး အပင်ကရတဲ့အဆီတွေဟာ ရေဓာတ်ဖြည့်တင်းပေးတဲ့ ပါဝင်ပစ္စည်းတွေဖြစ်တာကြောင့် ဒါတွေပါတဲ့ moisturizers ကို အသုံးပြုသင့်ပါတယ်။

Hyaluronic Acid ဟာ ရေဓာတ်ထိန်းပေးတဲ့နေရာမှာ အစွမ်းထက်ပြီး အရေပြားမှာ သဘာဝအတိုင်း တွေ့ရှိနိုင်ပါတယ်။ အသားအရေကို အစိုဓာတ်ထိန်းပေးပြီး ရေဓာတ်ဖြည့်တင်းပေးတာကြောင့် နုပျိုလှပစေပါတယ်။

ရှားစောင်းလက်ပတ်မှာဆိုရင် ဗီတာမင်၊ သတ္တုဓာတ်နဲ့ antioxidants ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တာကြောင့် အနာမြန်မြန်ကျက်ပြီး သက်သာစေတဲ့ ဂုဏ်သတ္တိတွေကြောင့် လူသိများပါတယ်။ အစိုဓာတ်ထိန်းပေးခြင်း၊ ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး ခြောက်ယားယံတတ်တဲ့ အသားအရေတွေအတွက် သင့်လျော်ပါတယ်။

Urea ကတော့ အရေပြားမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး အစိုဓာတ်ကို ထိန်းညှိပေးပါတယ်။ Urea ကို အသုံးပြုတဲ့ အလှကုန်ပစ္စည်းတွေဆိုရင် အရေပြားအတွင်းမှာရှိတဲ့ အစိုဓာတ်ကို ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး အသားအရေ ခြောက်သွေ့ခြင်းနဲ့ ကြမ်းတမ်းမှုကို လျှော့ချပေးပါတယ်။

ပျားရည်မှာလဲ သဘာဝအတိုင်း စိုစွတ်ပြီး ပျော့ပျောင်းစေတဲ့ antioxidantsတွေ၊ အင်ဇိုင်းတွေနဲ့ ဗီတာမင်ဓာတ်များ ပါ၀င်ပြီး အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပါတယ်။ အစိုဓာတ်ကို ထိန်းညှိပေးတာကြောင့် အရေပြားယားယံခြင်းကို သက်သာစေပြီး ခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့ အသားအရေများအတွက် အကျိုးပြုပါ။

Alpha Hydroxy Acids (AHAs) တို့လိုမျိုး lactic acid စတဲ့ AHAs တွေဟာ အရေပြားဆဲလ်သေတွေကို ညင်သာစွာ ချေဖျက်ပေးပြီး ဓာတုပစ္စည်းတွေကို ပိုမိုလွယ်ကူစွာ ဖယ်ရှားပေးပါတယ်။ အထူးသဖြင့် Lactic acid ဟာ ရေဓာတ်ကို ဖြည့်တင်းပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး ခြောက်သွေ့မွဲခြောက်တတ်တဲ့ အသားအရေတွေအတွက် သင့်လျော်ပြီး အရေပြားရဲ့ အသွင်အပြင်နှင့် အရောင်အသွေးကို မြှင့်တင်ပေးနိုင်တာကြောင့် အလှကုန်ပစ္စည်းတွေမှာ အသုံးပြုလေ့ ရှိပါတယ်။

Ceramides ဆိုတာကလဲ အရေပြားမှာ သဘာဝအတိုင်းတွေ့ရှိရတဲ့ lipid (အဆီ) ဘဲ ဖြစ်ပါတယ်။ ဒီအဆီဟာ အရေပြားရဲ့ ရေဓာတ်ကို ထိန်းသိမ်းဖို့နဲ့ ပတ်ဝန်းကျင်ကနေပြီးတော့ အရေပြားကို ထိခိုက်စေတဲ့အရာတွေကို ကာကွယ်ပေးပါတယ်။ အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်တွေမှာ ceramides ဟာ အရေပြားကို အားကောင်းအောင်ဖြည့်တင်းပေးပြီး အစိုဓာတ်ကိုပြန်လည်ရရှိကာ အသားအရေတခုလုံးရဲ့ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါ။

Glycerin ဟာ ပတ်ဝန်းကျင်ကနေ အစိုဓာတ်ကို စုပ်ယူပေးပြီး အရေပြားအတွင်း ရေဓာတ်ကို ထိန်းညှိပေးပါတယ်။ အစိုဓာတ်ဆုံးရှုံးခြင်းမှကာကွယ်ပေးပြီး အရေပြားကို ကာကွယ်ပေးတဲ့ layer တခုပြုလုပ်ပေးတာကြောင့် အသားအရေကို ပိုမိုကောင်းမွန်စေပါသည်။

Shea ထောပတ် ကတော့ shea အပင်ကရနေရတဲ့ အစေ့ကနေထုတ်လုပ်တာဖြစ်ပြီး အရေပြားကို အားဖြည့်ပေးတာနဲ့ အစိုဓာတ်ပေးတဲ့ ဖက်တီးအက်ဆစ်နှင့် ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါပါတယ်။ ခြောက်သွေ့ကြမ်းတမ်းတဲ့ အသားအရေကို နူးညံ့ချောမွေ့စေအောင် ကူညီပေးပြီး နူးညံ့ချောမွေ့စေတဲ့ ဂုဏ်သတ္တိ‌ရှိတာကြောင့် moisturizers နဲ့ body creams တွေမှာ အသုံးများတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။

Squalane ကတော့ အရေပြားရဲ့ သဘာဝအဆီ (sebum) နဲ့ ပုံစံတူ ပေါ့ပါးတဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ ဆုံးရှုံးသွားသော အစိုဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး အရေပြားရဲ့ lipid barrier ကို ပြန်လည်ရရှိစေတာကြောင့် အစိုဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။ Squalane ချွေးပေါက်များ ပိတ်ခြင်းကို သက်သာစေတာ‌ကြောင့် ခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့ အသားအရေ အပါအဝင် အရေပြားအမျိုးအစားအားလုံးအတွက် သင့်လျော်ပါတယ်။ ဒါကြောင့် အလှကုန်ပစ္စည်းတွေ ဝယ်တဲ့အခါ အခုပြောပြသွားတဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်တွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

တောင်ကိုရီးယားမှ ထုတ်ကုန်များကို အချိန်နဲ့တပြေးညီ ဝယ်ယူရရှိနိုင်အောင်လုပ်ဆောင်ပေးမယ့် MyanGoal Shopping
🏢 Address – Bypyeong Station Shopping Mall, Ground Floor, Incheon, South Korea
☎️ 010-2497-1478
⏰ 10:00am to 8:00pm


Latest