Your cart is currently empty!
အဆီပြန်ပြီး ဝက်ခြံထွက်လွယ်တဲ့ အသားအရေဆိုရင်တော့ ရိုးရှင်းတဲ့ အသားရေထိန်းသိမ်းမှုတွေကို ပြုလုပ်ပြီး ဝက်ခြံထွက်တာကို လျော့ပါးအောင် ကာကွယ်နိုင်ပါတယ်။ အဆီပြန်တဲ့ အသားအရေကို ဖြစ်စေတာဟာ sebum လို့ခေါ်တဲ့ အဆီတမျိုး မျက်နှာမှာ အများအပြားထုတ်လုပ်တာကြောင့် ဖြစ်ပါတယ်။ sebum အထွက်များလွန်းရင်တော့ ချွေးပေါက်များကို ပိတ်စေပြီး ဝက်ခြံ ကိုဖြစ်စေပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ အသက်အရွယ်အလိုက် ဟော်မုန်း အတက်အကျဖြစ်ပြီး လျော့နည်းလာတာကြောင့် အဆီပြန်တဲ့ အသားအရေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် စိုစွတ်တဲ့ ရာသီဥတု၊ မျိုးရိုးဗီဇတို့နဲ့လဲ ဆိုင်ပါသေးတယ်။
အဆီပြန်တဲ့ အသားအရေရှိရင်ရော moisturizer သုံးသင့်လား ?
အဆီပြန်တတ်တဲ့ အသားအရေရှိရင် အစိုဓာတ်ထိန်းဖို့ကလဲ အရေးကြီးပါတယ်။ အဆီပြန်တဲ့အသားအရေမှာ moisturizer မလိမ်းတာကလဲ ရေဓာတ်ခန်းခြောက်နိုင်ပြီး မျက်နှာမှာ အဆီထုတ်လုပ်မှုကို တိုးလာစေနိုင်ပါတယ်။
ဝက်ခြံပေါက်ရင် moisturizer သုံးဖို့လိုအပ်လား ?
ဝက်ခြံပေါက်တတ်တဲ့ အသားအရေရှိသူတွေဟာလဲ သင့်တင့်တဲ့ moisturizer ကို သုံးသင့်ပါတယ်။ ချွေးပေါက်များကို ကျဥ်းစေပြီး၊ အရေပြားကို ကျန်းမာအောင် မြှင့်တင်ပေးနိုင်မယ့် ထုတ်ကုန်တွေကို ရွေးချယ်သင့်ပါတယ်။
Moisturizer များလွန်းခြင်းကြောင့် အသားအရေအဆီပြန်ခြင်းကို ဖြစ်စေနိုင်လား ?
Moisturizing သုံးတာကလဲ မရှိမဖြစ်လိုအပ်ပေမယ့် moisturizer တွေကို အလွန်အကျွံအသုံးပြုခြင်းကလဲ အဆီပြန်တဲ့ အသားအရေကို ဖြစ်ပေါ်စေပါတယ်။ ပေါ့ပါးပြီး gel-based formula ကို အသုံးပြုထားတဲ့ ရေဓာတ်ကောင်းကောင်း ဖြည့်ပေးနိုင်တဲ့ moisturizer မျိုးကို သုံးသင့်ပါတယ်။
ဝက်ခြံပေါက်ရင် မျက်နှာကို ဘယ်နှစ်ကြိမ် moisturizer လိမ်းပေးရမလဲ ?
ဝက်ခြံပေါက်တတ်တဲ့ အသားအရေတွေအတွက်တော့ တစ်နေ့ကို နှစ်ကြိမ် မနက်တစ်ကြိမ် ညတစ်ကြိမ် အစိုဓာတ်ထိန်းပေးတာ အကောင်းဆုံးပါပဲ။ တစ်သမတ်တည်း ရေဓာတ်ဖြည့်ပေးခြင်း အရေပြားကို သက်သာစေပြီး အဆီထုတ်လုပ်မှုကို ထိန်းညှိပေးပါတယ်။
အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ အသားအရေအတွက် ဘယ်လို moisturizer လိုအပ်လဲ ?
အဆီမပါတဲ့ moisturizer ကိုမှ ရေဓာတ်ဖြည့်တင်းဖို့ အတွက် hyaluronic acid ၊ အဆီထွက်တာကို ထိန်းဖို့အတွက် niacinamide နှင့် centella asiatica စတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုထားတဲ့ ထုတ်ကုန်ကို သုံးသင့်ပါတယ်။ AHA (glycolic acid နဲ့ lactic acid)၊ BHA (salicylic acid) တို့ကလဲ အရေပြားပေါ်ရှိ အဆီပိုများနှင့် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြားပေါ်မှာ ကြမ်းတမ်းမှုမရှိဘဲ ဝက်ခြံများကို ဖယ်ရှားပေးပါတယ်။
အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ အသားအရေအတွက် သဘာဝပစ္စည်းတွေက ပိုကောင်းသလား ?
သဘာဝပါဝင်ပစ္စည်းတွေကလဲ များစွာ အကျိုးပြုကောင်းမွန်ပေမယ့်လဲ လူတဦးချင်းစီရဲ့ အသားအရေ နဲ့တည့်မတည့်ကလဲ အရေးကြီးပါတယ်။ လက်ဖက်ပင်ဆီနဲ့ ရှားစောင်းလက်ပတ်တို့လို ပါဝင်ပစ္စည်းတွေက သက်သာစေနိုင်ပေမယ့် မတည့်တဲ့ အသားအရေဆို ယားယံမှုတွေကို ဖြစ်စေနိုင်တာကြောင့် ကြိုတင်ရှောင်ပြီး သုံးဖို့က အရေးကြီးပါတယ်။
ဝက်ခြံကို ကုသတဲ့နေ့တွေမှာ အစိုဓာတ်ထိန်းတာကို ရှောင်သင့်သလား ?
အဖြေကတော့ မဟုတ်ပါဘူး၊ ဝက်ခြံကုသတဲ့ အချိန်မှာတောင် ရေဓာတ်ရှိနေဖို့က အရေးကြီးပါတယ်။ ခြောက်သွေ့ခြင်းနှင့် ယားယံခြင်းတို့ကို ကာကွယ်ဖို့ ပေါ့ပေါ့ပါးပါး လိမ်းလို့ရတဲ့ moisturizer ကိုသုံးသင့်ပါတယ်။ မျက်နှာသစ်ပြီးတဲ့နောက် (+ toner၊ essence၊ serum) စတဲ့အဆင့်တွေပြီးရင် moisturizer ကို sunscreen ဒါမှမဟုတ် မိတ်ကပ်မလိမ်းမီ စပ်ကြားမှာ လိမ်းသင့်ပါတယ်။
အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ အသားအရေအတွက် Sheet Mask ကပ်တာက ကောင်းပါတယ်။ချွေးပေါက်များပိတ်ဆို့ခြင်းမရှိဘဲ ရေဓာတ်ဖြည့်တင်းပေတဲ့ hyaluronic acid သို့မဟုတ် niacinamide တို့လိုမျိုး ပါဝင်ပစ္စည်းတွေပါတဲ့ Sheet Mask ကိုသုံးသင့်ပါတယ်။
ဝက်ခြံပေါက်တတ်တဲ့ အသားအရေရှိရင် exfoliate လုပ်သင့်လား ?
လုပ်သင့်ပါတယ်၊ exfoliate လုပ်တာကြောင့် ချွေးပေါက်ပိတ်ဆို့တာကို ကာကွယ်ပေးပါတယ်။ အရေပြားဆဲလ်သေများကို ထိရောက်စွာ ဖယ်ရှားပေးဖို့အတွက် salicylic acid တို့လို ပါဝင်ပစ္စည်းတွေသုံးထား ထုတ်ကုန်ကို ရွေးသင့်ပါတယ်။ Exfoliation ဆိုတာကတော့ အရေပြားရဲ့ အပြင်ဘက်အလွှာမှ ဆဲလ်သေများကို ဖယ်ရှားပေးတဲ့ cleansing တမျိုးဖြစ်ပါတယ်။ exfoliate လုပ်တာဟာ အသားအရေကို ချောမွေ့ကျန်းမာစေပြီး အဆီပြန်တတ်တဲ့ အသားအရေမှာ အဖြစ်များတဲ့ ပြဿနာနှစ်ခုဖြစ်တဲ့ ချွေးပေါက်ပိတ်ခြင်းနဲ့ ချွေးပေါက်ကျယ်ခြင်းတို့ကိုလည်း သက်သာစေပါတယ်။
#beauty #acne #oily #skincare #korea #myanmar #MyanGoal #moisturizer
Leave a Reply
You must be logged in to post a comment.