Your cart is currently empty!
ဒီနေ့မှာတော့ Hongdae ရောက်တဲ့အခါ အလှကုန်ပစ္စည်းဆိုင်တွေ ရောင်းတဲ့ဆိုင်တွေ လိုက်ရှာနေစရာမလိုအောင် လူကြိုက်များပြီး နာမည်ကြီးတဲ့ အလှကုန်ပစ္စည်းစတိုးဆိုင်တွေကို ဖော်ပြလိုက်ပါတယ်။ အလှကုန်တွေ၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ ဝယ်ယူရတာကြိုက်တဲ့ သူတွေဆိုရင်တော့ Hongdae ရောက်ရင် ဘယ်နားမှာ သွားဝယ်ရမလဲ သိချင်ရင်တော့ ဖတ်ကြည့်ကြည့်လိုက်ပါ။
Olive Young
Hongdae မှာရှိတဲ့ အလှကုန်ဆိုင်တွေမှာ Olive Young က မဖြစ်မနေ လည်ပတ်သင့်တဲ့အရာဖြစ်ပါတယ်။ မတူညီတဲ့ ဆိုင်ခွဲ 7 ခုရှိပြီး ဆိုင်ခွဲတခုမှာ ပစ္စည်းရောင်းကုန်သွားရင် နောက်ဆိုင်တစ်ခုကို အေးဆေးသွားလိုက်ရုံပါဘဲ။
Olive Young Hongdae
လိပ်စာ- 서울특별시 마포구 동교동 양화로 156 엘지 팰리스
(ဆိုးလ်၊ Mapo-gu၊ Donggyo-dong၊ Yanghwa-ro၊ 156 LG Palace)
ချိန်- နေ့စဉ် 10:00-22:00
Olive Young Hongdae ဆိုင်ခွဲ
လိပ်စာ- 서울 마포구 양화로 183
(183 Yanghwa-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 10:00-23:00
Olive Young Hongdae Jungang ဆိုင်ခွဲ
လိပ်စာ- 서울 마포구 어울마당로 68
(68 Eulmadang-ro, Mapo-gu, Seoul) 1~2F
ဆိုင်ဖွင့်ချိန်- 11:00-22:30
Olive Young Hongdae Jungmun ဆိုင်ခွဲ
လိပ်စာ- 서울 마포구 홍익로 4
(4 Hongik-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- တနင်္လာ-သောကြာ (10:00-22:30) / စနေ-တနင်္ဂနွေ (11:00-22:30)
Etude House
Hongdae မှာ နာမည်အကြီးဆုံး အလှကုန်ဆိုင်တွေထဲက တစ်ခုကတော့ Etude House ဖြစ်ပါတယ်။ Hongik တက္ကသိုလ် ဘူတာရုံဘေးတွင် တည်ရှိပြီး ဆိုင်အပြင်ဘက်ကို ပန်းရောင်တောက်တောက်နဲ့ ပြင်ဆင်ထားတာကြောင့် အလွယ်တကူ ရှာလို့ လွယ်ပါတယ်။
လိပ်စာ- 서울 마포구 홍익로 6길 26
(26 Hongik-ro 6-gil, Mapo-gu, Seoul)
ဆိုင်ဖွင့်ချိန်- 10:00-23:00
Innisfree
Hongdae မှာ Innisfree ဆိုင်နှစ်ဆိုင်ရှိပါတယ်။ တစ်ခုကတော့ Hongik University Station ထွက်ပေါက် 8 အပြင်ဘက်မှာရှိပြီး နောက်တစ်ခုကတော့ ထွက်ပေါက် 9 ရှေ့မှာ ရှိပြီး ရှာရလဲ အရမ်းလွယ်ပါတယ်။ နှစ်ဆိုင်စလုံးက Hongdae ရဲ့ အဓိကစျေးဝယ်လမ်းရဲ့ အဝင်ပေါက်မှာ ရှိတာဘဲ ဖြစ်ပါတယ်။
လိပ်စာ- 서울 마포구 양화로 18길 12
(12 Yanghwa-ro 18-gil၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 10:30-22:00
လိပ်စာ- 서울 마포구 어울마당로 119
(119 Eulmadang-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 10:30-22:00
TONYMOLY
TONYMOLY ကတော့ အစည်ကားဆုံး အဓိကလမ်းမကြီးပေါ်ရှိ မီးပွိုင့်ရှေ့မှာ တည်ရှိပါတယ်။ စျေးလဲ သက်သာတဲ့ အလှကုန်အမှတ်တံဆိပ်တစ်ခုလည်းဖြစ်ပြီး ကိုရီးယားမှာ အလွန်ရေပန်းစားပါတယ်။
လိပ်စာ- 서울 마포구 홍익로 3길 1
(1 Hongik-ro 3-gil၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 10:30-22:00
Holika Holika
Holika Holika ကတော့ သုံးစွဲသူတွေရဲ့ သုံးသပ်ချက်မြင့်မားမှုတွေကြောင့် Hongdae တွင် ရေပန်းစားလာတဲ့ အလှကုန်အမှတ်တံဆိပ် စတိုးတခုဘဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Holika Holika ဟာ Hongdae တွင် စတိုးဆိုင်နှစ်ဆိုင် ဖွင့်လှစ်ထားပါတယ်။
လိပ်စာ- 서울 마포구 와우산로 23길 40
(40 Wausan-ro 23-gil, Mapo-gu, Seoul)
ဆိုင်ဖွင့်ချိန် 12:00-22:00
Hongdaeရှိ ဒုတိယဆိုင်နေရာ
လိပ်စာ- 서울 마포구 어울마당로 86
(86 Eulmadang-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန် 12:00-21:00
OLENS
Hongdae ကိုသွားလည်တဲ့အခါ မျက်ကပ်မှန်စတိုးဆိုင်တော်တော်များများကို တွေ့ရမှာဖြစ်ပေမယ့် OLENS ကတော့ ကိုရီးယားလူမျိုးတွေရဲ့ အကျော်ကြားဆုံးနဲ့ အသုံးအများဆုံးထဲက တစ်ခုဖြစ်ပါတယ်။
OLENS ဟာ BLACKPINK collaboration လုပ်ထားပြီး သူတို့အသုံးပြုတဲ့ မျက်ကပ်မှန်တွေကို ဒီမှာ ဝယ်ယူ အသုံးပြုနိုင်ပါတယ်။
လိပ်စာ- 서울 마포구 양화로 18길 15
(15 Yanghwa-ro 18-gil၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 10:30-22:30
OLENS Hongdae ဝင်ပေါက်နား
လိပ်စာ- 서울 마포구 양화로 156
(156 Yanghwa-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 10:30-22:30
OLENS Hongdae
လိပ်စာ- 서울 마포구 잔다리로 2길 24
(24 Zandari-ro 2-gil, Mapo-gu, ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 11:00-22:30
#shopping #Cosmetics #hongdae #korea #myanmar #MyanGoal
Leave a Reply
You must be logged in to post a comment.