0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
အဆီပြန်တတ်ပြီး ဝက်ခြံထွက်လွယ်တဲ့ အသားအရေတွေအတွက် ကိုရီးယား Foaming Cleansers 12 ခု
Mar 6, 2025
—
by
Milo Kevin
in
Shopping & Promo
အဆီပြန်တတ်တဲ့ အသားအရေရှိပြီး ကိုယ်ရဲ့ အသားအရေနဲ့ လိုက်ဖက်ညီတဲ့ မျက်နှာသစ်ဆေးကို ရှာရခက်နေရင် ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ အသားအရေအတွက် လိုအပ်တဲ့ မျက်နှာသစ်ဆေး 12 ခုကို ဖော်ပြပေးလိုက်ပါတယ်။ Foaming Cleansers ဆိုတာကတော့ မျက်နှာသစ်တဲ့အခါမှာ ပိုလျှံနေတဲ့ အရေပြားဆဲလ်သေတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အရေပြားကို သန့်စင်ပေးတဲ့ exfoliating function ပါရှိပါတယ်။
အရေပြား အမျိုးအစားအားလုံးအတွက် cleansing foams ကနေ အကျိုးကျေးဇူး များစွာရရှိနိုင်ပေမယ့် အဆီပြန်တတ်ပြီး ဝက်ခြံထွက်လွယ်တဲ့ အသားအရေတွေအတွက် သင့်လျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Cleansing Foam တွေဟာ ချွေးပေါက်ထဲထိ နက်ရှိုင်းစွာ သန့်စင်ပေးပြီး ချွေးပေါက်အတွင်းရှိ ပိုလျှံနေတဲ့ sebum တွေကို ဖယ်ရှားပေးကာ ဝက်ခြံ၊ အမည်းစက်တွေကိုလဲ လျှော့ချပေးနိုင်တာကြောင့် ဖြစ်ပါတယ်။
Aromatica Tea Tree Balancing Foaming Cleanser
Australian tea tree oil နဲ့ bergamot oil တို့ ကြွယ်ဝစွာပါဝင်ပြီး ချွေးပေါက်ကြားထဲမှာရှိတဲ့ အဆီပိုတွေနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးတာကြောင့် အသားအရေကို လန်းဆန်းစေပြီး အဆီ-ရေဓာတ်မျှတမှုကို မြှင့်တင်ပေးပါတယ်။ အသားအရေကို အားဖြည့်ပေးတဲ့ ပါဝင်ပစ္စည်းတွေ၊ USDA အော်ဂဲနစ် ရှားစောင်းလက်ပတ်နဲ့ အပင်ကနေ ထုတ်ယူထားတဲ့ glycerin တို့ကြောင့် အစိုဓာတ်ကို ပြန်လည်ရရှိစေပြီး burdock root နဲ့ comfrey root တို့ကြောင့်လဲ ယားယံတာ၊ နီရဲနေတတ်တဲ့ အသားအရေကို သက်သာစေပါတယ်။ Creamy ပုံစံထုတ်လုပ်ထားတာကြာင့် အရေပြားအပေါ်ကို ညင်သာစွာ ပွတ်ပေးရုံနဲ့ အသားအရေကို ချောမွေ့စေကာ သန့်ရှင်းပေးနိုင်တဲ့ မျက်နှာသစ်ဆေး ဖြစ်ပါတယ်။
Purito From Green Deep Foaming Cleanser
ဒီမျက်နှာသစ်ဆေးကတော့ ချွေးပေါက်တွေကို ပိတ်ဆို့စေတဲ့ အညစ်အကြေးတွေနဲ့ မိတ်ကပ်အကြွင်းအကျန်တွေကို ထိရောက်စွာဖယ်ရှားပေးနိုင်ပြီး အပင်တွေကနေ ရရှိတဲ့ အခြေခံပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထားတာကြောင့်လဲ အရေပြားကို အကောင်းဆုံး pH 5.5 မှာ ထိန်းသိမ်းပေးပါတယ်။ Green tea နဲ့ centella asiatica extract ဟာ အသားအရေကို ညီညာ နုပျိုစေပြီး skin barrier ကို အားကောင်းစေပါတယ်။
Skinfood Egg White Pore Foam Cleanser
ဒီမျက်နှာသန့်စင်ဆေးမှာ amino acid နဲ့ နာမည်အတိုင်း အာဟာရဓာတ်ကြွယ်ဝတၑဲ့ egg white extract တို့ ပါဝင်တာကြောင့် ချွေးပေါက်တွေကို နက်ရှိုင်းစွာ သန့်စင်ပေးပြီး ချောမွေ့ပြီး ချွေးပေါက်ကျဥ်းတဲ့ အသားအရေကို ဖန်တီးပေးနိုင်ပါတယ်။ Centella asiatica၊ သံလွင်ဆီ နဲ့ နှမ်းဆီ အပါအဝင် လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ အပင်ကနေ ထုတ်ယူထားတဲ့ ပါဝင်ပစ္စည်းတွေကြောင့် အဆီအလွန်အကျွံထွက်တာ၊ အညစ်အကြေးတွေ၊ ဘက်တီးရီးယား၊ အမည်းစက်တွေနဲ့ ချွေးပေါက်ပိတ်စေတဲ့ အညစ်အကြေးတွေကို အရေပြားအတွင်းထဲထိ နက်ရှိုင်းစွာ သန့်ရှင်းပေးပါတယ်။
Cosrx AC Collection Calming Foam Cleanser
Madecassic Acid, Asiaticoside နဲ့ Asiatic Acid တို့လို အနာကျက်မြန်စေတဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်တဲ့အပြင် Salicylic Acid နဲ့ Centella AC-RX တို့ကို ရောစပ်ထားတဲ့ ဖော်မြူလာကြောင့် ဝက်ခြံနဲ့ အမာရွတ်တွေကို ပျောက်ကင်းသက်သာစေပါတယ်။ အဆီပြန်တတ်ပြီး အမည်းစက်နဲ့ အသားအရေ ကြမ်းတတ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သင့်လျော်ပါတယ်။ ဒီမျက်နှာသစ်ဆေးဟာ အရေပြားဆဲလ်တွေ ပိတ်တာကိုလဲ သိသိသာသာ လျော့ပါးစေပြီး ကြည်လင်တောက်ပပြီး ချောမွေ့တဲ့ အသားအရေ ရရှိစေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် Cosrx’s gentle daily salicylic acid cleanser ကို အဆင့်မြှင့်ထားတဲ့ version လဲဖြစ်ပါတယ်။
Neogen Real Fresh Foam Green Tea Cleanser
သဘာဝအတိုင်းရရှိတဲ့ antioxidants တွေနဲ့ ဖွဲ့စည်းထားတာကြောင့် ဒီမျက်နှာသန့်စင်ဆေးဟာ အသားအရေအတွက် လိုအပ်တဲ့ သဘာဝအဆီတွေကို မဖယ်ရှားဘဲ အရေပြားထဲမှာရှိတဲ့ အညစ်အကြေး၊ ချွေးနဲ့ ဖုန်မှုန့်အားလုံးကို ညင်သာစွာ ဖယ်ရှားပေးပါတယ်။ လက်ဖက်စိမ်းကလဲ အရေပြားကို free radicals ကနေ ကာကွယ်ပေးပြီး အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။ Niacinamide၊ glycerin၊ ရှားစောင်းလက်ပတ် နဲ့ sodium hyaluronate (hyaluronic acid ၏ ဆားပုံစံ) ဟာ အရေပြားကို ရေဓာတ်ဖြည့်ပေးပါတယ်။
Etude House Soon Jung Ph 6.5 Whip Cleanser
98% သဘာဝ ပါဝင်ပစ္စည်းတွေပါတဲ့ pH formula နဲ့ ဖော်စပ်ထုတ်လုပ်ထားတာကြောင့် ကျန်းမာတဲ့ အသားအရေရရှိစေဖို့အတွက် အရေပြားကို ဟန်ချက်ညီညီ အားပြည့်စေဖို့ကူညီပေးပါတယ်။ Provitamin B-5 လို့လည်း လူသိများတဲ့ Panthenol ဟာ အစိုဓာတ်ကို ထိန်းညှိပေးပြီး ရေဓာတ်ကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းပေးပါတယ်။ Centella Asiatica မှ ရရှိတဲ့ Madecassoside ဟာ ယားယံတတ်တာတွေကို သက်သာစေပြီး ပျက်စီးနေတဲ့ အသားအရေကို ပြုပြင်ပေးပါတယ်။ ဒီ hypoallergenic ထုတ်ကုန်မှာ ဓာတုရေမွှေးအနံ့နဲ့ အရောင်တွေ၊ တိရစ္ဆာန်ထွက်ပစ္စည်းတွေ၊ parabens ၊ sulfates ဒါမှမဟုတ် silicones တို့လို ပါဝင်ပစ္စည်းတွေ မပါဝင်တာကြောင့် အသားအရေတွေအတွက်လဲ သင့်လျော်ပါတယ်။
ကျန်နေသေးတဲ့ ကိုရီးယား Foaming Cleansers 6 ခုကိုလဲ နောက်တရက်ကျရင် ကျွန်တော်တို့ MyanGoal ကနေပြီးတော့ တင်ဆက်ပေးမှာမလို့ စောင့်မျှော်နေကြပါနော်။
#cleanser #myangoal #shopping #seoul #korea #Myanmar #markets #cosmetics
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
MagSafe မပါဝင်တဲ့ iPhone 16e
Next:
iPhone တစ်လုံးပူလာခဲ့ရင်
→
Latest
နောက်ဆုံးထွက် iOS 27 beta ဗားရှင်းမှာ Siri ရဲ့ စကားပြောနှုန်း နဲ့ ခံစားချက်ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်
နောက်ဆုံးထွက် iOS 27 beta ဗားရှင်းမှာ Siri ရဲ့ စကားပြောနှုန်း နဲ့ ခံစားချက်ကို…
Read more
: နောက်ဆုံးထွက် iOS 27 beta ဗားရှင်းမှာ Siri ရဲ့ စကားပြောနှုန်း နဲ့ ခံစားချက်ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်
iPhone 18 Pro Max မှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဘက်ထရီ ပမာဏ ပါဝင်လာနိုင်ကြောင်း ပေါက်ကြားမှုအသစ်များ ထွက်ပေါ်
iPhone 18 Pro Max မှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဘက်ထရီ ပမာဏ ပါဝင်လာနိုင်ကြောင်း…
Read more
: iPhone 18 Pro Max မှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဘက်ထရီ ပမာဏ ပါဝင်လာနိုင်ကြောင်း ပေါက်ကြားမှုအသစ်များ ထွက်ပေါ်
Apple ဟာ သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်တဲ့ iPhone 5s နဲ့ ၁၂ နှစ်ရှိပြီဖြစ်တဲ့ iPhone 6 series ဖုန်းတွေ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နိုင်ဖို့အတွက် iOS 12.5.8 Software Update ကိုပေးလိုက်ပါပြီ
Apple ဟာ သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်တဲ့ iPhone 5s နဲ့ ၁၂ နှစ်ရှိပြီဖြစ်တဲ့…
Read more
: Apple ဟာ သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်တဲ့ iPhone 5s နဲ့ ၁၂ နှစ်ရှိပြီဖြစ်တဲ့ iPhone 6 series ဖုန်းတွေ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နိုင်ဖို့အတွက် iOS 12.5.8 Software Update ကိုပေးလိုက်ပါပြီ
Apple အနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် Touchscreen ပါဝင်တဲ့ MacBook Pro ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေ
Apple အနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် Touchscreen ပါဝင်တဲ့ MacBook Pro ကို ထုတ်လုပ်ဖို့…
Read more
: Apple အနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် Touchscreen ပါဝင်တဲ့ MacBook Pro ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေ
အနာဂတ်ရဲ့ ပညာရေးစနစ်ဟာ လူသားတွေအတွက်တင် မဟုတ်တော့ပါဘူး
အနာဂတ်ရဲ့ ပညာရေးစနစ်ဟာ လူသားတွေအတွက်တင် မဟုတ်တော့ပါဘူး။ တရုတ်နိုင်ငံဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လူသားပုံတူ Humanoid Robots…
Read more
: အနာဂတ်ရဲ့ ပညာရေးစနစ်ဟာ လူသားတွေအတွက်တင် မဟုတ်တော့ပါဘူး
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.