Your cart is currently empty!
Green Tea ဟာ ကိုရီးယားအသားအရေထိန်းသိမ်းမှုလောကမှာ အမှန်တကယ် အိုမင်းရင့်ရော်မှုကို လျော့ချပေးတဲ့ ပါဝင်ပစ္စည်းတခုဘဲ ဖြစ်ပါတယ်။ သူ့မှာပါတဲ့ antioxidants တွေဟာ ရောင်ရမ်းမှုကို သက်သာစေပြီး ဝက်ခြံထွက်တာကိုလဲ လျော့ချပေးနိုင်တာကြောင့် Green Tea ဟာ နေ့စဉ် အသားအရေထိန်းသိမ်းရာမှာ အရေးပါပါတယ်။ ဒါဆို Green Tea ကို အဓိကအသုံးပြုတဲ့ အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်တွေကို ပြောပြမလို့ အိုမင်းရင့်ရော်တာအတွက် ဘယ်လို ထုတ်ကုန်တွေကို သုံးရမလဲ ဆိုတာ သိချင်ရင်တော့ ဖတ်ကြည့်ကြည့်လိုက်ပါ။
Cosrx One Step Green Hero Calming Pad
ဒီ Cleansing Pad မှာ လက်ဖက်စိမ်းရေနှင့် centella asiatica ပါဝင်တာကြာင့် ထိခိုက်လွယ်ပြီး ယားယံတတ်တဲ့ အသားအရေကို တည်ငြိမ်စေပြီး ရေဓာတ်ကို ဖြည့်တင်းပေးပါတယ်။ နူးညံ့သိမ်မွေ့တဲ့ exfoliating effect ကြောင့် အရေပြားဆဲလ်သေများကို ဖယ်ရှားပေးပြီး အသားအရေကို ချောမွေ့တောက်ပလာစေပါတယ်။ ဒီ Cleansing Pad ကို နေ့စဉ် အသားအရေထိန်းသိမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုလို့ရပြီး အရေပြားကို လန်းဆန်းမှုနဲ့ ပေါ့ပါးမှုကို ပေးစွမ်းပါတယ်။
Isntree Green Tea Fresh Toner
စွဲမက်ဖွယ် 80% Green Tea Extract နဲ့ ဖော်စပ်ထားတာကြောင့် ဒီ toner ဟာ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပါတယ်။ သူ့ရဲ့ ပေါ့ပါးတဲ့ texture ကြောင့် အရေပြားထဲကို လျင်မြန်စွာ စုပ်ယူနိုင်ပြီး အသားအရေကို စိုပြည် ကျန်းမာစေပါတယ်။ အရေပြား နီရဲခြင်းနဲ့ ယားယံခြင်းတို့ကို သက်သာစေပြီး antioxidants ကြောင့် အသားအရေကို ခရမ်းလွန်ရောင်ခြည်တွေကိုလဲ ကာကွယ်ပေးပါတယ်။ ဒီ Toner က အသားအရည် အမျိုးအစား အားလုံးနဲ့ အဆင်ပြေပြီး အဆီပြန်ခြင်းမရှိဘဲ အစိုဓာတ်ကို မြှင့်တင်ပေးပါတယ်။
Innisfree Green Tea Hyaluronic Acid Hydrating Moisturizer
လက်ဖက်စိမ်းနဲ့ hyaluronic acid တို့ရဲ့ အကျိုးကျေးဇူးတွေကို ပေါင်းစပ်ထုတ်လုပ်ထားတာကြောင့် ဒီ Moisturizer ဟာ ရေဓာတ်ကို ကောင်းကောင်းဖြည့်တင်းပေးပါတယ်။ ပေါ့ပါးပြီး စေးကပ်မှုမရှိတဲ့ ဖော်မြူလာကြောင့် အသားအရေကို နက်ရှိုင်းစွာ အစိုဓာတ်ထိန်းပေးပါတယ်။ hyaluronic acid ကြောင့် အရေပြားကို ရေဓာတ် ဖြည့်တင်းပေးတဲ့အပြင် တင်းရင်းတောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။
Benton Deep Green Tea Toner
ဒီ toner က အဆီထုတ်လုပ်မှုကို ထိန်းညှိပေးပြီး ယားယံတာတွေဖြစ်တတ်တဲ့ အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။ လက်ဖက်စိမ်းရေ 53% နှင့် သဘာဝထုတ်ကုန် အမျိုးမျိုး ကြွယ်ဝစွာပါဝင်တာကြောင့် အဆီပိုတွေကို လျှော့ချပေးကာ အစိုဓာတ်ကို မြှင့်တင်ပေးပါတယ်။ ဒီ Toner ဟာ အဆီပြန်ခြင်းနဲ့ ဝက်ခြံထွက်လေ့ရှိတဲ့ အသားအရေအမျိုးအစားတွေအတွက် သင့်လျော်ပါတယ်။
Wishtrend Green Tea & Enzyme Powder Wash
လက်ဖက်စိမ်းရဲ့ အစွမ်းထက်တဲ့ ဂုဏ်သတ္တိကို သဘာဝအင်ဇိုင်းတွေနဲ့ ပေါင်းစပ်ထားတာကြောင့် နူးညံ့တဲ့ exfoliation အတွေ့အကြုံကို ရစေပါတယ်။ ထူးခြားချက်အနေနဲ့ အမှုန့်ပုံစံ ပြုလုပိထားတာ ဖြစ်ပြီး အမှုန့်ကို ရေနဲ့ရောလိုက်တဲ့အခါ အညစ်အကြေးတွေကို ညင်သာစွာ သန့်စင်ဖယ်ရှားပေးနိုင်မယ့် နူးညံ့တဲ့ အမြှုပ်အဖြစ် ပြောင်းလဲသွားပါတယ်။ အဓိကပါဝင်ပစ္စည်းတွေဟာ ချွေးပေါက်တွေကိုကျဥ်းစေပြီး sebum ထုတ်လုပ်မှုကို ထိန်းညှိပေးတာကြောင့် အသားအရေကို လန်းဆန်းချောမွေ့စေပါတယ်။
Beauty of Joseon Calming Serum Green tea + Panthenol
sensitive ဖြစ်တဲ့ အသားအရေတွေအတွက် သင့်လျော်တဲ့ ဒီ serum ဟာ လက်ဖက်စိမ်းနဲ့ panthenol (ဗီတာမင် B5) ရောစပ်ထားတာကြောင့် အရေပြားကို နက်ရှိုင်းစွာ အားဖြည့်ပေးပြီး ရေဓာတ်ကို ဖြည့်တင်းပေးပါတယ်။ နူးညံ့တဲ့ဖော်မြူလာကြောင့် ယားယံခြင်းနဲ့ နီရဲခြင်းကို သက်သာစေပြီး panthenol ဟာ အရေပြားကို ကျန်းမာ အားကောင်းစေပါတယ်။
Neogen Bio-peel+ Gauze Peeling
ဒီဆန်းသစ်တဲ့ exfoliating pads တွေမှာ lactic acid နဲ့ glycolic acid တို့နဲ့ အတူ လက်ဖက်စိမ်း extract လဲ ပါဝင်ထည့်သွင်းထားပါတယ်။ Gauze texture ကြောင့် အရေပြားဆဲလ်သေများနဲ့ အညစ်အကြေးတွေကို ညင်သာစွာ ဖယ်ရှားပေးတာကြောင့် အသားအရေကို ချောမွေ့ညီညာစေပါတယ်။ Antioxidant ကြောင့် ဒီ pads တွေဟာ မွဲခြောက်နေတဲ့ အသားအရေအတွက် သင့်လျော်ပါတယ်။
The Saem Natural Green Tea Mask Sheet
ဒီ Sheet Mask ကလဲ အရေပြားကို ရေဓာတ်ဖြည့်တင်းပေးဖို့နဲ့ အာဟာရဓာတ်များ ပေးစွမ်းနိုင်ဖို့ လက်ဖက်စိမ်း extract ကိုသုံးထားပါတယ်။ ဒီ Mask ဟာ မျက်နှာမှာ ကောင်းစွာ ကပ်နိုင်သောကြောင့် Essence တွေကို အရေပြားအတွင်းထဲထိ နက်ရှိုင်းစွာ စိမ့်ဝင်စေပါတယ်။ အသုံးပြုပြီးရင်လဲအသားအရေကို တင်းရင်းနုပျိုလာစေတာကြောင့် ရေဓာတ်ခန်းခြောက်တဲ့ အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။
Tonymoly The Chok Chok Green Tea Watery Cream
လက်ဖက်စိမ်းကနေ ထုတ်လုပ်ထားတဲ့ ဒီ cream ဟာ ပေါ့ပါးလိမ်းလို့ကောင်းပြီး အရေပြားကို နက်ရှိုင်းစွာ ရေဓာတ်ဖြည့်တင်းပေးပါတယ်။ ဒီ cream ရဲ့ဖော်မြူလာကြောင့် အရေပြားထဲသို့ လျင်မြန်စွာ စိမ့်ဝင်နိုင်ပြီး အသားအရေကို လန်းဆန်းစေပြီး ဝင်းလက်စိုပြေစေပါတယ်။
အဆီပြန်ခြင်းမရှိတဲ့ texture ကြောင့် ကြာရှည်စွာ ရေဓာတ်ကို ပေးစွမ်းနိုင်တာကြောင့် အသားအရေ အမျိုးအစားအားလုံး သုံးလို့ကောင်းတဲ့အပြင် အထူးသဖြင့် ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် သင့်လျော်ပါတယ်။
Neogen Real Fresh Foam
100% စစ်မှန်တဲ့ လက်ဖက်စိမ်းရွက်ကနေ ဖော်စပ်ထားတဲ့ ဒီမျက်နှာသစ် foam ကတော့ အရေပြားအတွင်းမှာရှိတဲ့ မိတ်ကပ်၊ ဖုန်မှုန့်တွေနဲ့ အရေပြားက အညစ်အကြေးတွေကို ထိရောက်စွာ ဖယ်ရှားပေးပါတယ်။လက်ဖက်စိမ်းကြောင့် လန်းဆန်းစေပြီး နူးညံ့တဲ့ foam ကြောင့်အသားအရေကို တင်းကျပ်၊ ခြောက်သွေ့ခြင်းမရှိဘဲ သန့်ရှင်းစေပါတယ်။
တောင်ကိုရီးယားမှ ထုတ်ကုန်များကို အချိန်နဲ့တပြေးညီ ဝယ်ယူရရှိနိုင်အောင်လုပ်ဆောင်ပေးမယ့် MyanGoal Shopping
Address – Bypyeong Station Shopping Mall, Ground Floor, Incheon, South Korea
010-2497-1478
10:00am to 8:00pm







Leave a Reply
You must be logged in to post a comment.