Hongdae တွင်အဝတ်အစားဝယ်ရန်အကောင်းဆုံးနေရာများ (2)

အရင်တပတ်က Hongdae မှာရှိတဲ့ အဝတ်အစားဆိုင် တချို့ကို ဖော်ပြခဲ့သလိုဘဲ ဒီနေ့မှာလဲ နောက်ထပ်ဆိုင်တွေအပြင် flagship ဆိုင်တွေပါဖော်ပြထားတာဖြစ်တဲ့အတွက် ဖက်ရှင်ကို စိတ်ဝင်စားတဲ့ သူတွေဆိုရင်တော့ ဖတ်ကြည့်ကြည့်လိုက်ပါ။

Sigonggan
Sigonggan ကတော့ ဆိုင်အတွင်းပိုင်းကို ဆွဲဆောင်မှုရှိရှိ ပြင်ဆင်ထားပြီး Hongdae မှာဆိုင်ခွဲနှစ်ခုရှိပါတယ်။ ခေတ်မှီပြီး လှပတဲ့ အမျိုးသမီးအဝတ်အစားတွေကိုလဲ ဆိုင်ရှေ့တွင် သေချာလေး ပြသထားပါတယ်။ Singonggan မှာ လူသိများတာကတော့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး အသုံးအဆောင်ပစ္စည်းများကို ပြသထားတဲ့ စင်တန်းအရှည်ကြီးတွေကြောင့် ဖြစ်ပါတယ်။
လိပ်စာ- 서울 마포구 홍익로 3길 44
(44 Hongik-ro 3-gil, Mapo-gu, Seoul)
ဆိုင်ဖွင့်ချိန် 12:00-23:00

ALAND
ALAND ကတော့ ကိုရီးယားလူမျိုးတွေ အလွန်ကြိုက်နှစ်သက်ကျတဲ့ ဖက်ရှင်စတိုးဆိုင်တစ်ခုဖြစ်ပါတယ်။ ALAND တွင် စုစုပေါင်း အထပ် 4 ထပ်ရှိပြီး အထပ်တိုင်းက ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။ ပထမထပ်မှာ အဝတ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းများ၊ ဒုတိယထပ်မှာ အမျိုးသားဝတ်၊ တတိယထပ်နဲ့ စတုတ္ထထပ်မှာတော့ အမျိုးသမီးဝတ်များရှိပါတယ်။ နောက်ဆုံးပေါ်ခေတ်ရေစီးကြောင်းများဖြစ်သည့် ဖက်ရှင်ခေတ်ရေစီးကြောင်းအသစ်အားလုံးကို ဒီဆိုင်မှာ အေးဆေးရှာဖွေနိုင်ပါတယ်။

လိပ်စာ- 서울 마포구 양화로 16길 29
(29 Yanghwa-ro 16-gil, Mapo-gu, Seoul)
ဆိုင်ဖွင့်ချိန်- 11:00-22:00

3CE & Stylenanda (3CE 스타일난다 홍대 플래그십 스토어)
ဒီဆိုင်ကတော့ အထပ်သုံးထပ်ရှိပြီး နောက်ဆုံးပေါ်ဖက်ရှင်တွေ၊ အလှကုန်တွေကနေ အသားအရေထိန်းသိမ်းမှုအထိ ကြိုက်တာ ဝယ်ယူလို့ရပါ။ ပထမထပ်တွင် 3CE မှ အလှကုန်များရှိပြီး ဒုတိယထပ်တွင် ရေမွှေးများ၊ တတိယထပ်တွင် STYLENANDA ဖက်ရှင်ပစ္စည်းများရှိပါတယ်။ အဝတ်အစား အမျိုးအစားတွေနဲ့ ပတ်သက်ပြီး minimalistic နှင့် feminine မှ hip-style အဝတ်အစားအထိ စတိုင်အမျိုးမျိုးကို ဒီဆိုင်မှာ ရှာတွေ့နိုင်ပါတယ်။

လိပ်စာ :23 Style Nanda Building၊ 29 Da-gil၊ Wausan-ro၊ Mapo-gu၊ ဆိုးလ် (서울 마포구 와우산로29다길 23스타일난다빌딩)

Covernat Flagship Store (커버낫 플래그쉽홍대점)
2008 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Covernat သည် ရိုးရိုးရှင်းရှင်းနှင့် ဂန္တဝင်ဝတ်စုံများကို အဓိကထားတဲ့ ကိုရီးယားအဝတ်အစားတံဆိပ်တစ်ခုဖြစ်ပါတယ်။ ဒီ brand ရဲ့ Covernat ကတေ့ Cover + Needle + And + Thread တို့ပေါင်းစပ်ပြီး ဆင်းသက်လာတာဖြစ်ပါ။ သူတို့ရဲ့ Americana ဒီဇိုင်းတွေက အရည်အသွေးမြင့်ပြီး အတွဲတွေဆိုရင်လဲ အဝတ်အစားတွေဝယ်ဖို့ ဆိုင်တစ်ဆိုင်ကိုရှာနေတယ်ဆိုရင် ဒီဆိုင်က ဈေးဝယ်လို့ကောင်းတဲ့နေရာ ဖြစ်ပါတယ်။
လိပ်စာ- 24 Jandari-ro၊ Mapo-gu၊ ဆိုးလ် (서울마포구 잔다리로 24)
ဆိုင်ဖွင့်ချိန်- နေ့စဉ် 12:00pm ~ 9:00pm

What it isn’t Flagship Store (와릿이즌 홍대 플래그십)
Covernat ဆိုင်ရဲ့ ဘေးမှာတော့ ဓာတ်ပုံရိုက်လို့လဲကောင်းပြီး ခေတ်မီဒီဇိုင်းတွေကို ရောင်းချပေးတဲ့ အထည်ဆိုင်တခု ရှိပါ‌သေးတယ်။ အထပ်နှစ်ထပ်ရှိပြီး အပေါ်ထပ်မှာဆိုရင်လဲ ရိုက်နှိပ်ထားသော သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ပြီး စတစ်ကာတွေအဖြစ် ပြန်ထုတ်လို့ ရတဲ့နေရာ‌လဲ ရှိပါတယ်။
လိပ်စာ- 26 Jandari-ro၊ Mapo-gu၊ ဆိုးလ် (서울마포구 잔다리로 26)
ဆိုင်ဖွင့်ချိန်- နေ့စဉ် 12:00pm ~ 9:00pm

#hongdae #clothing #shopping #korea #Myanmar #myangoal


Latest