Your cart is currently empty!
Incheon မှာရှိတဲ့ စျေးတွေမှာ ဒေသခံတစ်ယောက်လို ဈေးဝယ်ထွက်ဖို့ ဘယ်နေရာတွေ သွားရမလဲ ? Incheon မှာ နိုင်ငံတကာစျေးတွေ၊ ရိုးရာစျေးတွေ၊ ငါးစျေးတွေ အစုံအလင်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ MyanGoal ကနေပြီးတော့ Incheon မှာရှိတဲ့ အကောင်းဆုံးစျေး 8 ခု ကို ပြောပြပေးလိုက်ပါတယ်။
1.Incheon Complex ငါးဈေး
ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး ပင်လယ်စာဈေး တစ်ခုဖြစ်တဲ့ Incheon Complex Fish Market ကတော့ ပင်လယ်စာရောင်းဝယ်ရေးမှာ အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်ပြီး ပင်လယ်စာတွေကို နိုင်ငံတဝှမ်း ဖြန့်ဖြူးပေးတဲ့အပြင် အနောက်ပင်လယ် ကမ်းရိုးတန်းကနေ အင်ချွန်းတံငါသည်တွေ ဖမ်းမိတဲ့ လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေကိုလည်း ရောင်းချပေးလျက်ရှိပါတယ်။ လတ်လတ်ဆတ်ဆတ် ငါးအစိမ်းကို မြည်းစမ်းကြည့်တာကလဲ ဒီဈေးမှာ လက်မလွတ်သင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ မြို့ပြ စူပါမားကတ်တွေမှာ ရှာရခက်တဲ့ ပင်လယ်စာတွေနဲ့ ရနိုင်တဲ့အပြင် လက်လီလက်ကား ဝယ်တဲ့သူတွေ အတွက်လဲ ကြီးမားကျယ်ပြန့်တဲ့ စျေးကွက်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာလှည့် ခရီးသွားတွေအတွက်လဲ ခရီးသွားနေရာတစ်ခုအဖြစ် လာရောက်လည်ပတ်လေ့ ရှိပါတယ်။
တည်နေရာ- ၃၇၊ Yeonanbudu-ro 33beon-gil၊ Jung-gu၊ အင်ချွန်း၊ ကိုရီးယားသမ္မတနိုင်ငံ
ဖွင့်ချိန်- နေ့စဉ် နံနက် ၅ နာရီမှ ည ၉ နာရီအထိ
2.Sorae ငါးဈေး
Sorae ဆိပ်ကမ်းနှင့်နီးပြီး ပင်လယ်ရဲ့ လတ်ဆတ်တဲ့ အငွေ့အသက်တွေနဲ့ ပြည့်နေပြီး Sorae Fish Market ကတော့ ရာသီအလိုက် ပင်လယ်စာတွေကို ဝယ်ယူသူတွေနဲ့ တစ်နှစ်ပတ်လုံး စည်ကားလျက်ရှိတဲ့ ဈေးတစ်ခု ဖြစ်ပါတယ်။ ယခုအခါ ပင်လယ်ရေသန့်စင်မှုစနစ် တပ်ဆင်ထားတာကြောင့် သန့်ရှင်းပြီး ခေတ်မီတဲ့ ဈေးဝယ် စင်တာတစ်ခုအဖြစ် ပြောင်းလဲ တည်ဆောက်ထားပါတယ်။ ကိုယ်ဝယ်ယူထားတဲ့ ပစ္စည်းတွေကိုလဲ အမြန်ချောပို့ကနေ ပို့ပေးနိုင်တာကြောင့် အသိမိတ်ဆွေတွေအတွက် လက်ဆောင်ဝယ်ပို့လို့ရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီစျေးမှာ နွေဦးရာသီဆိုရင် ရာသီပေါ် ကဏန်းပြာ(blue crabs) ကိုဝယ်လိုတဲ့ ဖောက်သည်တွေနဲ့ ပြည့်ကျပ်နေပါတယ်။ ဒီစျေးဟာ နိုင်ငံရဲ့ နာမည်ကြီး ကဏန်းပြာတွေ အများဆုံး ဖြန့်ဖြူးရောင်းချတဲ့ ဈေးကွက်လဲ ဖြစ်ပါတယ်။ Sorae Port Festival ဟာလဲ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား တစ်သန်းကျော် လာရောက်လေ့ရှိတဲ့ ဒေသဆိုင်ရာ ပွဲတော်တစ်ခုလဲ ဖြစ်ပါတယ်။ ဒီစျေးတဝိုက်မှာ Sorae မီးရထားတံတားနဲ့ Jangdo Battery Site တို့ပါ ကပ်လျက်ရှိတာကြောင့် ဈေးဝယ်ပြီးရင် ဒီနေရာတွေကို အလည်သွားလို့ရပါသေးတယ်။
တည်နေရာ- 12၊ Soraeyeok-ro၊ Namdong-gu၊ အင်ချွန်း၊ ကိုရီးယားသမ္မတနိုင်ငံ
ဖွင့်ချိန်- နေ့စဉ် နံနက် ၇ နာရီမှ ၁ နာရီအထိ
3.Sinpo နိုင်ငံတကာစျေးကွက်
Sinpo International Market ကတော့ နိုင်ငံခြားက လာရောက် အခြေချနေထိုင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ရိုးရာဈေးတစ်ခု ဖြစ်ပါတယ်။ နိုင်ငံခြားယဉ်ကျေးမှုကို စတင်မိတ်ဆက်ခဲ့တဲ့ ဈေးတစ်ခုဖြစ်တဲ့ Sinpo International Market ကတော့ အစားအသောက်မျိုးစုံနဲ့ နေ့စဉ်သုံးပစ္စည်းတွေ ရနိုင်တဲ့ အထွေထွေ ဈေးကွက်တစ်ခုဖြစ်ပါတယ်။ တချိန်က တရုတ်နဲ့ ဂျပန်လူမျိုးတို့ရဲ့ လူနေရပ်ကွက် အနီးမှာ နိုင်ငံတကာ ဈေးတစ်ခုအဖြစ် စတင်ခဲ့ပြီး ယခုအခါ ဒီဈေးဟာ အင်ချွန်းမြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီစျေးကို သွားလည်တဲ့အခါ ကိုရီးယား ရိုးရာ အစားအသောက်တွေကို မေ့ထားလိုက်လို့ မရပါဘူး။
တည်နေရာ- ၁၁-၅၊ Uhyeon-ro 49beon-gil၊ Jung-gu၊ အင်ချွန်း၊ ကိုရီးယားသမ္မတနိုင်ငံ
ဖွင့်ချိန်- နေ့စဉ် နံနက် ၁၀ နာရီမှ ည ၉း၃၀ နာရီအထိ
4.Ganghwa ရိုးရာစျေး
Ganghwa Folk Flea Market ဟာလဲ Ganghwajang ရဲ့ ရိုးရာ အစဉ်အလာကို ဆက်ခံတဲ့ ဒေသဆိုင်ရာ ရိုးရာဈေးတစ်ခုဖြစ်ပါတယ်။ ဒီစျေးရဲ့ အဓိကထူးခြားချက်တွေကတော့ hwamunseok (ယက်လုပ်ထားတဲ့ဖျာ)၊ ဂျင်ဆင်းနဲ့ မုန်လာဥနီတို့ ဖြစ်ပါ။ Ganghwado ကျွန်းရဲ့ ဂျင်ဆင်းစိုက်ပျိုးမှုမှာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပါတယ်။ ဂျင်ဆင်းစိုက်ပျိုးရာမှာ နာမည်ကြီးတဲ့ Gaeseong က လယ်သမားတွေ ကိုရီးယားစစ်ပွဲအတွင်း ဒီကျွန်းပေါ်မှာ အခြေချနေထိုင်ခဲ့ရာမှ စတင်ခဲ့ပါတယ်။ ယနေ့ခေတ် ကျွန်းမှာထွက်ရှိတဲ့ မုန်လာဥအချို့ကလဲ ၁၈၉၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Tongjeyeong Hakdang (Korean Imperial Naval Academy) အတွက် စစ်သင်တန်းနည်းပြအဖြစ် ဖိတ်ကြားထားတဲ့ ဗြိတိသျှရေတပ်မှ ဒုတိယဗိုလ် Corell မှ စိုက်ပျိုးထားသော အစေ့များမှ ဖြစ်တယ်လို့ ယူဆရပါတယ်။
တည်နေရာ- 17-9၊ Jungang-ro၊ Ganghwa-eup၊ Ganghwa-gun၊ အင်ချွန်း၊ ကိုရီးယားသမ္မတနိုင်ငံ
ဖွင့်ချိန်- နေ့စဉ် နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ (လတစ်လရဲ့ ပထမနဲ့ တတိယ တနင်္လာနေ့တွေမှာ ပိတ်ပါတယ်)
ကျန်နေသေးတဲ့ စျေးနေရာ 4 ခုကို နောက်တပတ်မှာ ပြောပြပေးသွားမှာမလို့ ဘယ်စျေးတွေဖြစ်မလဲ ဆိုတာ သိချင်ရင်တော့ စောင့်မျှော်နေကြပါနော်။
#shopping #incheon #korea #Myanmar #markets #myangoal







Leave a Reply
You must be logged in to post a comment.